မိခင်အရင်းဖြစ်သူက ၁၅နှစ်အရွယ် သမီးကို ရောင်းစားခဲ့


(Unicode)⤵⤵⤵
၁၅နှစ်အရွယ် သမီးကို ရောင်းစားခဲ့သည့် မိခင်အရင်းဖြစ်သူနှင့် အပေါင်းအပါများကို အရေးယူထား

ကျောက်မဲ ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မိခင်အရင်းဖြစ်သူမှ သမီးဖြစ်သူအား လွန်ခဲ့သည့် ၂ နှစ်ခန့်ကတရုတ်မယားအဖြစ် ရောင်းချခဲ့သည့် ဖြစ်စဉ်တစ်ခု ကို ယမန်နေ့က အမှတ် ၂ လူကုန်ကူးမှုတားဆီးနိုမ်နင်းရေးရဲတပ်ဖွဲ့စိတ်၊ကျောက်မဲစခန်းမှ စစ်ဆေး တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ  လူကုန်ကူးခြင်းခံရသည့် ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်နေ မမိုးပွင့်သူ (၁၇ နှစ်)သည် ဇွန်လ ၂၀ ရက်နေ့က အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ(ရက်ကန်းကျောင်း)သို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းအရ အမှတ် ၂  လူကုန်ကူးမှုတားဆီးနိုမ်နင်းရေးရဲတပ်ဖွဲ့စိတ်၊ ကျောက်မဲမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ---

 မမိုးပွင့်သူက ၎င်းအားလွန်ခဲ့တဲ့နှစ်နှစ်ခန့်က မိခင်ဖြစ်သူ ဒေါ်စုကြည်မှ ၎င်းးကို   လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဖခင်ဖြစ်သူအား သွားရောက်ကြည့်ရန် အမျိုးသမီးတစ်ဦးနှင့် အတူလိမ်လည်စေ လွှတ်ခဲ့ရာမှ လားရှိုးမြို့မှတစ်ဆင့် ရွှေလီမြို့သို့  ရောက်ရှိပြီး  တရုတ်ပြည်ရှင်းမီမြို့တွင်နေထိုင်သူ အသက်(၃၀)ခန့်ရှိ တရုတ်အမျိုးသားနှင့် တစ်နှစ်နှင့်လေးလခန့် ပေါင်းသင်းနေထိုင် ခဲ့ရကြောင်း  ၊

အဆိုပါတရုတ်အမျိုးသားက ဆက်လက်မပေါင်းချင် တော့ကြောင်းပြောသည့်အခါ ၎င်းမှ မြန်မာပြည်သို့ ပြန်ရန် ငွေတောင်းခံရာမှ အဆိုပါတရုတ်အမျိုးသားသည်၎င်းအား တရုတ်ယွမ်ငွေ (၈၀၀၀၀)ဖြင့် ဝယ်ယူခဲ့ခြင်းကို သိရကြောင်း၊

အဆိုပါတရုတ်အမျိုးသားကကွေကျုံရဲစခန်းကိုအကြောင်းကြားခဲ့ခြင်းကြောင့် ထောင်(၇)လ ကျခံခဲ့ရ ကြောင်း၊   ကိုဗစ်ကာလအတွင်း  တရုတ်ပြည်မှမြန်မာနိုင်သို့ပြန်လည်လွှဲပြောင်းပေးရာမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကြောင်းပြောကြားသည်။

အဆိုပါ သမီးဖြစ်သူကို လိမ်လည်ပြီးတရုတ်အမျိုးသားထံ ရောင်းစားခဲ့သည့် လူကုန်ကူးပွဲစား ၊ မိခင်ဖြစ်သူနှင့်ပထွေးဖြစ်သူ သုံးဦးကို ကျောက်မဲမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)
--------------------------------------
(Zawgyi)⤵⤵⤵
မိခင္အရင္းျဖစ္သူက ၁၅ႏွစ္အ႐ြယ္ သမီးကို ေရာင္းစားခဲ့

၁၅ႏွစ္အ႐ြယ္ သမီးကို ေရာင္းစားခဲ့သည့္ မိခင္အရင္းျဖစ္သူႏွင့္ အေပါင္းအပါမ်ားကို အေရးယူထား

ေက်ာက္မဲ ဇြန္ ၂၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ မိခင္အရင္းျဖစ္သူမွ သမီးျဖစ္သူအား လြန္ခဲ့သည့္ ၂ ႏွစ္ခန႔္ကတ႐ုတ္မယားအျဖစ္ ေရာင္းခ်ခဲ့သည့္ ျဖစ္စဥ္တစ္ခု ကို ယမန္ေန႔က အမွတ္ ၂ လူကုန္ကူးမႈတားဆီးႏိုမ္နင္းေရးရဲတပ္ဖြဲ႕စိတ္၊ေက်ာက္မဲစခန္းမွ စစ္ေဆး ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ  လူကုန္ကူးျခင္းခံရသည့္ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္ေန မမိုးပြင့္သူ (၁၇ ႏွစ္)သည္ ဇြန္လ ၂၀ ရက္ေန႔က အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစင္တာ(ရက္ကန္းေက်ာင္း)သို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း သတင္းအရ အမွတ္ ၂  လူကုန္ကူးမႈတားဆီးႏိုမ္နင္းေရးရဲတပ္ဖြဲ႕စိတ္၊ ေက်ာက္မဲမွ တာဝန္ရွိသူမ်ားက သြားေရာက္ စစ္ေဆးခဲ့ရာ---

 မမိုးပြင့္သူက ၎အားလြန္ခဲ့တဲ့ႏွစ္ႏွစ္ခန႔္က မိခင္ျဖစ္သူ ေဒၚစုၾကည္မွ ၎းကို   လားရႈိးျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနေသာ ဖခင္ျဖစ္သူအား သြားေရာက္ၾကည့္ရန္ အမ်ိဳးသမီးတစ္ဦးႏွင့္ အတူလိမ္လည္ေစ လႊတ္ခဲ့ရာမွ လားရႈိးၿမိဳ႕မွတစ္ဆင့္ ေ႐ႊလီၿမိဳ႕သို႔  ေရာက္ရွိၿပီး  တ႐ုတ္ျပည္ရွင္းမီၿမိဳ႕တြင္ေနထိုင္သူ အသက္(၃၀)ခန႔္ရွိ တ႐ုတ္အမ်ိဳးသားႏွင့္ တစ္ႏွစ္ႏွင့္ေလးလခန႔္ ေပါင္းသင္းေနထိုင္ ခဲ့ရေၾကာင္း  ၊

အဆိုပါတ႐ုတ္အမ်ိဳးသားက ဆက္လက္မေပါင္းခ်င္ ေတာ့ေၾကာင္းေျပာသည့္အခါ ၎မွ ျမန္မာျပည္သို႔ ျပန္ရန္ ေငြေတာင္းခံရာမွ အဆိုပါတ႐ုတ္အမ်ိဳးသားသည္၎အား တ႐ုတ္ယြမ္ေငြ (၈၀၀၀၀)ျဖင့္ ဝယ္ယူခဲ့ျခင္းကို သိရေၾကာင္း၊

အဆိုပါတ႐ုတ္အမ်ိဳးသားကေကြက်ဳံရဲစခန္းကိုအေၾကာင္းၾကားခဲ့ျခင္းေၾကာင့္ ေထာင္(၇)လ က်ခံခဲ့ရ ေၾကာင္း၊   ကိုဗစ္ကာလအတြင္း  တ႐ုတ္ျပည္မွျမန္မာႏိုင္သို႔ျပန္လည္လႊဲေျပာင္းေပးရာမွ ျမန္မာျပည္သို႔ ျပန္လည္ေရာက္ရွိလာေၾကာင္းေျပာၾကားသည္။

အဆိုပါ သမီးျဖစ္သူကို လိမ္လည္ၿပီးတ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခဲ့သည့္ လူကုန္ကူးပြဲစား ၊ မိခင္ျဖစ္သူႏွင့္ပေထြးျဖစ္သူ သုံးဦးကို ေက်ာက္မဲၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္ လ်က္ရွိ ေၾကာင္းသိရသည္။

မိုင္းထြန္း(ျပန္/ဆက္)
https://www.facebook.com/MYANMAALINNNEWS
မိခင်အရင်းဖြစ်သူက ၁၅နှစ်အရွယ် သမီးကို ရောင်းစားခဲ့ မိခင်အရင်းဖြစ်သူက ၁၅နှစ်အရွယ် သမီးကို ရောင်းစားခဲ့ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.