မအီမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌကို တပ်က ထိန်းသိမ်းထား


(Unicode)⤵⤵⤵
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင် (ခ) မောင်ကဲကို တပ်မတော်က ဇွန်လ ၉ ရက်နေ့ မနေ့က  လာရောက် ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မနက် ၂ နာရီလောက်မှာ မအီမြို့က တပ်ဗျူဟာမှူး၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စစ်သားအင်အား သုံးဆယ်လောက်က လက်ထိပ်ခတ် ခေါ်သွားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာ မသိရသေးဘူးလို့ ဦးမျိုးလွင်ရဲ့ တူတော်စပ်သူက RFA ကို ပြောပါတယ်။

ဦးမျိုးလွင်ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မိသားစုက မသိရှိရသေးပါဘူး။

ဦးမျိုးလွင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မအီမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းတို့ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ANP ပါတီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌလည်းဖြစ် တရားလွှတ်တော် ရှေ့နေ့လည်းဖြစ်တဲ့ ဦးတင်ညိုက ဒေသတွင်း  ANP ပါတီဝင်တွေကို တပ်မတော်က ဆက်တိုက်ဆိုသလို အထောက်အထားမရှိဘဲ ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ညီဖြစ်သူ အပါအဝင် မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်း ဦးစန်းဝေတို့ လေးဦးကို AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ထိန်းသိမ်းထားပြီး သံတွဲခရိုင်တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

တောင်ကုတ်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူ ၁၀ ဦးလောက် ရှိနေပါတယ်။

RFA Burmese
-------------------------------
(Zawgyi)⤵⤵⤵
မအီၿမိဳ႕ ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ကို တပ္က ထိန္းသိမ္းထား

ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ မအီၿမိဳ႕ အမႈေဆာင္အဖြဲ႕ ဥကၠ႒ ဦးမ်ိဳးလြင္ (ခ) ေမာင္ကဲကို တပ္မေတာ္က ဇြန္လ ၉ ရက္ေန႔ မေန႔က  လာေရာက္ ဖမ္းဆီးသြားတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

မနက္ ၂ နာရီေလာက္မွာ မအီၿမိဳ႕က တပ္ဗ်ဴဟာမႉး၊ အမွတ္ ၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ စစ္သားအင္အား သုံးဆယ္ေလာက္က လက္ထိပ္ခတ္ ေခၚသြားတာျဖစ္ၿပီး ဘာေၾကာင့္ ဖမ္းဆီးသြားလဲဆိုတာ မသိရေသးဘူးလို႔ ဦးမ်ိဳးလြင္ရဲ႕ တူေတာ္စပ္သူက RFA ကို ေျပာပါတယ္။

ဦးမ်ိဳးလြင္ကို ဘယ္မွာ ထိန္းသိမ္းထားတယ္ဆိုတာလည္း မိသားစုက မသိရွိရေသးပါဘူး။

ဦးမ်ိဳးလြင္ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္ၿပီး မအီၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရဲစခန္းတို႔ကို ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ANP ပါတီ အလုပ္အမႈေဆာင္ ဒုဥကၠ႒လည္းျဖစ္ တရားလႊတ္ေတာ္ ေရွ႕ေန႔လည္းျဖစ္တဲ့ ဦးတင္ညိဳက ေဒသတြင္း  ANP ပါတီဝင္ေတြကို တပ္မေတာ္က ဆက္တိုက္ဆိုသလို အေထာက္အထားမရွိဘဲ ဖမ္းဆီးတာ၊ တရားစြဲဆိုတာေတြ မလုပ္သင့္ဘူးလို႔ ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ ANP ဒုဥကၠ႒ ဦးေဝေသာင္း၊ ၿမိဳ႕နယ္စည္ပင္ဥကၠ႒ ဦးေဇယ်ေက်ာ္နဲ႔ ညီျဖစ္သူ အပါအဝင္ ၿမိဳ႕နယ္စည္ပင္ ဥကၠ႒ေဟာင္း ဦးစန္းေဝတို႔ ေလးဦးကို AA လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ သံသယနဲ႔ ထိန္းသိမ္းထားၿပီး သံတြဲခ႐ိုင္တရား႐ုံးမွာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္ထားပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္မွာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပါ ပုဒ္မေတြနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရသူ ၁၀ ဦးေလာက္ ရွိေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မအီမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌကို တပ်က ထိန်းသိမ်းထား မအီမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌကို တပ်က ထိန်းသိမ်းထား Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.