ကယားပြည်နယ်မှာလည်း ပြောင်းစိုက်ခင်း ပိုးကျမှုဒဏ်ခံနေရ


(Unicode)⤵⤵⤵
ကယားပြည်နယ်က ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုး ဖျက်ဆီးမှုဒဏ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် တောင်သူတွေ အထိနာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကာလအတွင်း လူစုလူဝေးမှု တားမြစ်ထား တာကြောင့် စိုက်ပျိုးရေးဌာနက ပိုးသတ်နည်းပညာ ဖြန့်ဝေပေးရေးကို အဟန့်အတား ဖြစ်စေပါတယ်။

ကယားပြည်နယ်အတွင်း  စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ငမြှောင်တောင်ပိုး ကျရောက်နေတဲ့အတွက် ပြောင်းစိုက် ခင်းတွေ ပျက်စီးနေပါတယ်။

ငမြောင်တောင်ပိုးကို နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပညာပေးလိုပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် ခပ်ခွာခွာနေကြရမယ့်ကာလ မလွန်မြောက်သေးတာကြောင့် ပညာပေးအစီအစဉ် ဆက်လုပ်ဖို့ အဆင်မပြေသေးဘူးလို့ ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက ပြောပါတယ်။

“ကူညီဆောင်ရွက်ပေးတာကတော့ တောင်သူပညာပေးတို့ ဘာတို့ ရှိတာပေါ့နော်။ ဒါပေမဲ့ အခု ကိုဗစ်ကြောင့် လူစုလူဝေး မလုပ်ရဘူးဆိုတော့ အခု တောင်သူပညာပေးတော့ မလုပ်ဖြစ်သေးဘူးပေါ့နော်။ လုပ်ဖို့တော့ အစီအစဉ် ရှိထားပြီးသားပါ”

အဖျက်ပိုးဟာ ရှမ်းပြည်နယ်၊ မြို့နယ်တချို့မှာ ကျရောက်ခဲ့ပြီးမှ ကယားပြည်နယ်ဘက်ကို ကူးလာတာဖြစ်တယ်၊ ကပ်ဘေးမတိုင်ခင်က တောင်သူတွေကို ပိုးကျရောက်မှု သက်သာအောင် အသိပညာပေးမှု ဆောင်ရွက်ခဲ့ပြီး ကပ်ဘေးကာလ လွန်မြောက်ရင်တော့ ပညာမျှဝေမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ စိုက်ပျိုးရေးဌာနက မျှော်လင့်နေပါတယ်။

“ဒီ FAW ငမြှောင်တောင်ဆိုတာက အမြစ်ပြတ်တာတော့ မရှိပါဘူး။ တစ်ခါလောက်ပဲ ထိထိရောက်ရောက် ဖြန်းရင်ရတယ်။ တချို့တောင်သူတွေက ဖြန်းလို့ရှိရင် တခါတည်းဖြန်းသွားတဲ့အခါကျတော့ နှစ်ခါသုံးခါလောက် ပြန်ဖြန်းရတာပေါ့။ တကယ်လို့ ထိထိရောက်ရောက် အတွင်းထဲထိကို သူ့ကိုဖြန်းရင်တော့ ရတယ်လို့ ပြောချင် ပါတယ်”

အရွက်တွေမှာ အပေါက်ရှိနေတယ်၊ အရွက်အနားတွေမှာ စုတ်ပြတ်နေတယ် ဆိုတာတွေက ငမြှောင်တောင်ပိုး ဖျက်ဆီးထားတဲ့ လက္ခဏာတွေပါ။

ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာမှ တောင်သူဖြစ်တဲ့ ညားရယ်က သူတို့ ကျေးရွာအုပ်စုအတွင်း ပြောင်းစိုက် ခင်းတွေမှာ မနှစ်ကတည်းက ငမြှောင်တောင်ပိုး အများအပြားကျရောက်ခဲ့ပြီး အထွက်နှုန်းကျဆင်းခဲ့တယ်၊ တပြိုင်နက်တည်းမှာ ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောပါတယ်။

“မိုးခေါင်တာက နှစ်နှစ်ရှိပြီ။ အရင်တစ်နှစ်က ဒီနှစ်လိုမျိုးပဲ၊ စောပြီးတော့ စိုက်ကြတာလည်းပါတယ်၊ မိုးခေါင်တာလည်း ပါတာပေါ့။ အရင်တစ်နှစ်က အစောစိုက်တော့ ပေါက်ပါတယ်။ မိုးပြန်ခေါင်တော့ အပင်က မတက်နိုင်တော့ဘူး။ ပွင့်ခါနီး မဖြစ်နိုင်တဲ့အချိန်ကျမှ တချို့တောင်ယာတွေ ပြန်ထယ်ထုတ်တယ်လေ၊ အစကနေ ပြန်စိုက်ရတယ်”

ပိုးမကျမီနှစ်တွေက ပြောင်းတစ်ဧကမှာ ၂၅ ပိဿာဆန့်တဲ့ အိတ် ၈၀ နဲ့ ၁၂၀ ကြား ထွက်ရှိပြီး ပိုးကျတဲ့အခါမှာ တော့ အိတ် ၈၀ အောက်သာ ထွက်ရှိတော့တာကြောင့် အထိနာနေတယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။

“အရင်နှစ်ဆိုက အစိုရောင်းတယ်လေ၊ ခါတိုင်းနှစ် ဈေးကောင်းတဲ့နေ့ဆို ၄၀၀၊ ၄၁၀၊ ၄၂၀ လောက်ရတယ် အစိုဈေးကို။ အခုကျတော့ အရင်နှစ်လိုမျိုး မရနိုင်တော့ဘူး။ ၃၅၀ တောင်မှ မရဘူး။ အရှုံးပေါ်ကြတာပေါ့နော”

ပြောင်းစိုက်ဧက ၅၀၀ ကျော်မှာ ပိုးကျနေတာကို ကြိုးစားနှိမ်နင်းနေရာမှာ ပိုးသတ်ဆေးက ဈေးများတာကြောင့် အများအပြား မဝယ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက သဘာဝဆေးဟာ ဓာတု ဆေးထက် အကုန်အကျ ပိုမိုနည်းပါးတယ်လို့ ဆိုပါတယ်။ သဘာဝဆေးကို အသုံးပြုကြဖို့ အသိပညာပေးခဲ့တယ်လို့ ပြောပါတယ်။

RFA Burmese
------------------------------

(Zawgyi)⤵⤵⤵
ကယားျပည္နယ္မွာလည္း ေျပာင္းစိုက္ခင္း ပိုးက်မႈဒဏ္ခံေနရ

ကယားျပည္နယ္က ေျပာင္းစိုက္ခင္းေတြမွာ ငေျမႇာင္ေတာင္ပိုး ဖ်က္ဆီးမႈဒဏ္နဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ ေတာင္သူေတြ အထိနာေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးကာလအတြင္း လူစုလူေဝးမႈ တားျမစ္ထား တာေၾကာင့္ စိုက္ပ်ိဳးေရးဌာနက ပိုးသတ္နည္းပညာ ျဖန႔္ေဝေပးေရးကို အဟန႔္အတား ျဖစ္ေစပါတယ္။

ကယားျပည္နယ္အတြင္း  စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ငေျမႇာင္ေတာင္ပိုး က်ေရာက္ေနတဲ့အတြက္ ေျပာင္းစိုက္ ခင္းေတြ ပ်က္စီးေနပါတယ္။

ငေျမာင္ေတာင္ပိုးကို ႏွိမ္နင္းေရးနဲ႔ ပတ္သက္ၿပီး ေဒသခံေတြကို ပညာေပးလိုေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ပိုး အႏၲရာယ္ေၾကာင့္ ခပ္ခြာခြာေနၾကရမယ့္ကာလ မလြန္ေျမာက္ေသးတာေၾကာင့္ ပညာေပးအစီအစဥ္ ဆက္လုပ္ဖို႔ အဆင္မေျပေသးဘူးလို႔ ဒီေမာ့ဆိုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဒုလက္ေထာက္ဦးစီးမႉး ေဒၚ႐ို႕စ္ထူးေဒးျမာက ေျပာပါတယ္။

“ကူညီေဆာင္႐ြက္ေပးတာကေတာ့ ေတာင္သူပညာေပးတို႔ ဘာတို႔ ရွိတာေပါ့ေနာ္။ ဒါေပမဲ့ အခု ကိုဗစ္ေၾကာင့္ လူစုလူေဝး မလုပ္ရဘူးဆိုေတာ့ အခု ေတာင္သူပညာေပးေတာ့ မလုပ္ျဖစ္ေသးဘူးေပါ့ေနာ္။ လုပ္ဖို႔ေတာ့ အစီအစဥ္ ရွိထားၿပီးသားပါ”

အဖ်က္ပိုးဟာ ရွမ္းျပည္နယ္၊ ၿမိဳ႕နယ္တခ်ိဳ႕မွာ က်ေရာက္ခဲ့ၿပီးမွ ကယားျပည္နယ္ဘက္ကို ကူးလာတာျဖစ္တယ္၊ ကပ္ေဘးမတိုင္ခင္က ေတာင္သူေတြကို ပိုးက်ေရာက္မႈ သက္သာေအာင္ အသိပညာေပးမႈ ေဆာင္႐ြက္ခဲ့ၿပီး ကပ္ေဘးကာလ လြန္ေျမာက္ရင္ေတာ့ ပညာမွ်ေဝမႈ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ႏိုင္မယ္လို႔ စိုက္ပ်ိဳးေရးဌာနက ေမွ်ာ္လင့္ေနပါတယ္။

“ဒီ FAW ငေျမႇာင္ေတာင္ဆိုတာက အျမစ္ျပတ္တာေတာ့ မရွိပါဘူး။ တစ္ခါေလာက္ပဲ ထိထိေရာက္ေရာက္ ျဖန္းရင္ရတယ္။ တခ်ိဳ႕ေတာင္သူေတြက ျဖန္းလို႔ရွိရင္ တခါတည္းျဖန္းသြားတဲ့အခါက်ေတာ့ ႏွစ္ခါသုံးခါေလာက္ ျပန္ျဖန္းရတာေပါ့။ တကယ္လို႔ ထိထိေရာက္ေရာက္ အတြင္းထဲထိကို သူ႔ကိုျဖန္းရင္ေတာ့ ရတယ္လို႔ ေျပာခ်င္ ပါတယ္”

အ႐ြက္ေတြမွာ အေပါက္ရွိေနတယ္၊ အ႐ြက္အနားေတြမွာ စုတ္ျပတ္ေနတယ္ ဆိုတာေတြက ငေျမႇာင္ေတာင္ပိုး ဖ်က္ဆီးထားတဲ့ လကၡဏာေတြပါ။

ဒီေမာ့ဆိုၿမိဳ႕နယ္ ေသးဆူလဲေက်း႐ြာမွ ေတာင္သူျဖစ္တဲ့ ညားရယ္က သူတို႔ ေက်း႐ြာအုပ္စုအတြင္း ေျပာင္းစိုက္ ခင္းေတြမွာ မႏွစ္ကတည္းက ငေျမႇာင္ေတာင္ပိုး အမ်ားအျပားက်ေရာက္ခဲ့ၿပီး အထြက္ႏႈန္းက်ဆင္းခဲ့တယ္၊ တၿပိဳင္နက္တည္းမွာ ရာသီဥတုေဖာက္ျပန္တဲ့ဒဏ္ကို ခံေနရတယ္လို႔ ေျပာပါတယ္။

“မိုးေခါင္တာက ႏွစ္ႏွစ္ရွိၿပီ။ အရင္တစ္ႏွစ္က ဒီႏွစ္လိုမ်ိဳးပဲ၊ ေစာၿပီးေတာ့ စိုက္ၾကတာလည္းပါတယ္၊ မိုးေခါင္တာလည္း ပါတာေပါ့။ အရင္တစ္ႏွစ္က အေစာစိုက္ေတာ့ ေပါက္ပါတယ္။ မိုးျပန္ေခါင္ေတာ့ အပင္က မတက္ႏိုင္ေတာ့ဘူး။ ပြင့္ခါနီး မျဖစ္ႏိုင္တဲ့အခ်ိန္က်မွ တခ်ိဳ႕ေတာင္ယာေတြ ျပန္ထယ္ထုတ္တယ္ေလ၊ အစကေန ျပန္စိုက္ရတယ္”

ပိုးမက်မီႏွစ္ေတြက ေျပာင္းတစ္ဧကမွာ ၂၅ ပိႆာဆန႔္တဲ့ အိတ္ ၈၀ နဲ႔ ၁၂၀ ၾကား ထြက္ရွိၿပီး ပိုးက်တဲ့အခါမွာ ေတာ့ အိတ္ ၈၀ ေအာက္သာ ထြက္ရွိေတာ့တာေၾကာင့္ အထိနာေနတယ္လို႔ ေျပာင္းစိုက္ေတာင္သူေတြက ေျပာပါတယ္။

“အရင္ႏွစ္ဆိုက အစိုေရာင္းတယ္ေလ၊ ခါတိုင္းႏွစ္ ေဈးေကာင္းတဲ့ေန႔ဆို ၄၀၀၊ ၄၁၀၊ ၄၂၀ ေလာက္ရတယ္ အစိုေဈးကို။ အခုက်ေတာ့ အရင္ႏွစ္လိုမ်ိဳး မရႏိုင္ေတာ့ဘူး။ ၃၅၀ ေတာင္မွ မရဘူး။ အရႈံးေပၚၾကတာေပါ့ေနာ”

ေျပာင္းစိုက္ဧက ၅၀၀ ေက်ာ္မွာ ပိုးက်ေနတာကို ႀကိဳးစားႏွိမ္နင္းေနရာမွာ ပိုးသတ္ေဆးက ေဈးမ်ားတာေၾကာင့္ အမ်ားအျပား မဝယ္ႏိုင္ဘူးလို႔ ဆိုပါတယ္။

ဒီေမာ့ဆိုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဒုလက္ေထာက္ဦးစီးမႉး ေဒၚ႐ို႕စ္ထူးေဒးျမာက သဘာဝေဆးဟာ ဓာတု ေဆးထက္ အကုန္အက် ပိုမိုနည္းပါးတယ္လို႔ ဆိုပါတယ္။ သဘာဝေဆးကို အသုံးျပဳၾကဖို႔ အသိပညာေပးခဲ့တယ္လို႔ ေျပာပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/kayah-faw-06052020050538.html
ကယားပြည်နယ်မှာလည်း ပြောင်းစိုက်ခင်း ပိုးကျမှုဒဏ်ခံနေရ ကယားပြည်နယ်မှာလည်း ပြောင်းစိုက်ခင်း ပိုးကျမှုဒဏ်ခံနေရ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.