ပုဂ္ဂိုလ်ရေးအရဆောင်ရွက်တာမဟုတ်ဘဲ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကိုဆောင်ရွက်တာလို့ ကြံ့ခိုင်ရေး တုံ့ပြန်

လျှို့ဝှက်ဆန္ဒမဲပေးရာမှာ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် ဆန္ဒမဲပေးခဲ့ပါတယ်။
(Unicode)⤵⤵⤵
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းရေး အရေးကြီးအဆိုကို လွှတ်တော်မှာ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေး စနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကန့်ကွက်သူများလို့ အဆိုရှုံးသွားခဲ့ပါတယ်။

ဒီအဆိုကို တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းတာဖြစ်ပြီး ဒီနေ့ ဇွန် ၁ ရက်မှာ အဆိုကို အမတ် ၂၄ ဦးက ဆွေးနွေးခဲ့ကြပါတယ်။

တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက အဆိုကို ထောက်ခံဆွေးနွေးပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီက အမတ်တချို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိပြည်သူ့လွှတ်တော်မှာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၃၀ ရှိပြီး သုံးပုံနှစ်ပုံဆိုရင် ၂၈၇ ဦး ထောက်ခံမှ အဆိုကို အရေးယူဆောင်ရွက်နိုင်ပါတယ်။

ဇွန် ၁ ရက် လွှတ်တော်မှာ တက်ရောက်သူ ၃၉၅ ဦး ရှိပြီး အဆိုကို ထောက်ခံမဲ ၁၃၂ မဲ၊ ကန့်ကွက်မဲ ၂၄၃ နဲ့ ကြားနေ ၅ မဲ ရှိခဲ့တာကြောင့် ကန့်ကွက် သူများလို့ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီလိုမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကိုယ်တိုင် ဆန္ဒမဲပေးခဲ့ပြီး မဲခွဲချိန်မှာ နည်းပညာအရ မဲပေးလို့မရဘူးလို့ စောဒကတက် သူတချို့ရှိလို့ ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရပါတယ်။
ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီကနေ ဘယ်တုန်းက နုတ်ထွက်တာလဲဆိုတဲ့မေးခွန်းကိုတော့ ရှင်းလင်းပွဲနဲ့မဆိုင်လို့ မဖြေပါဘူးလို့ ကြံ့ခိုင်ရေးက ပြောပါတယ်။
အဲဒီအရေးကြီး အဆိုရှုံးနိမ့်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အဆိုတွေမေးခွန်းတွေ လွှတ်တော်မှာ မေးခွင့်မရခဲ့တာနဲ့ပတ်သက်လို့ မင်းကင်းအမတ် ဦးမောင်မြင့်၊ မိုင်းပျဉ်းအမတ် ဦးစိုင်းထွန်းစိန်၊ ပျော်ဘွယ်အမတ် ဦးသောင်းအေးနဲ့ မိထ္ထီလာအမတ် ဒေါက်တာမောင်သင်းတို့ ဦးဆောင် ရှင်းလင်းခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးခွင့် တင်ထားတဲ့အပေါ် အနားကပ်ချိန်မှ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြောင်းဖို့ အကြောင်းကြားလာတယ်လို့ ဦးမောင်မြင့်က ပြောပါတယ်။

"၂၀၁၉ နိုဝင်ဘာမှာ မေးခွန်းမေးခဲ့ပြီး မတ်လကျမှ မေးခွန်းမေးခွင့်ရပါပြီဆိုပြီး အကြောင်းပြန်တယ်။ ပါဝါပွိုင့်တွေပြင်ထားတယ်။ မေးရဖို့ နှစ်ရက်သုံးရက်အလိုကျမှ ကြယ်ပွင့်ပြမေးခွန်းကို ကြယ်ပွင့်မပြမေးခွန်း ပြောင်းပေးပါတဲ့။ မပြောင်းနိုင်ဘူးလို့။ ကျွန်တော်မေးတာက ပါတီအကျိုးလား၊ အမျိုးသားအကျိုးစီးပွားလားဆိုတာ မီဒီယာသမားတွေ ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါ အမျိုးသားအကျိုးစီးပွားအတွက်မေးတာ။ ဒါကိုမေးခွင့်မရအောင် လုပ်တာက လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ကျွန်တော် သံတမန်လောကမှာ သံတမန်စကားတစ်ခုရှိတယ်။ ဘာမှပြန်မပြောရင် မှန်နေလို့ပဲတဲ့။ အခုလည်း ဒီလိုဖြစ်မှာစိုးလို့ ကျွန်တော်က ပြောတာ" လို့ ဦးမောင်မြင့်က ပြောပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချရေးမဲခွဲဆုံးဖြတ်မှုရလဒ်
ဒါ့အပြင် သင်ရိုးညွှန်းတမ်းအသစ်မှာပါဝင်တဲ့ လိင်ပညာပေး သင်ခန်းစာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခွင့်မရတာနဲ့ပတ်သက်လို့ မိထ္ထီလာအမတ် ဒေါက်တာမောင်သင်းက ရှင်းလင်းခဲ့ပါတယ်။

"တိုင်းပြည်ရဲ့ပြည်သူလိုအပ်ချက်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ယဉ်ကျေးမှုကို ထိပါးမယ့်အဆိုတွေဖြစ်တာမို့ တင်ဖို့လုပ်တာပါ။ ပုဂ္ဂိုလ်ရေးမပါပါဘူး။ လွှတ်တော်ရဲ့ အထက်အောက်ထိန်းကျောင်းရေးအရ လုပ်တာပါ။ အင်အားကြီးတဲ့သူတွေက တစ်ဖက်စောင်းနင်းလုပ်မှာစိုးလို့ လုပ်တာပါ။ ကျွန်တော်တို့ ဦးမောင်မြင့်ပြောသလိုပဲ အကြာကြီး စဉ်းစားပြီးမှ ဒါကိုလုပ်တာပါ။ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကို ဆောင်ရွက်တာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

အခုလို ကိုဗစ်လူနာ ၂၂၄ ဦးမရှိခင်တည်းက ကိုဗစ်ကာလ တင်ပြချက် လေးချက်လုံး ပယ်ခံရပြီး အဆိုတွေအားလုံးဟာ ကိုဗစ်နဲ့ ဆက်စပ်နေတာ ဖြစ်တယ်လို့ ဦးမောင်မြင့်ကပြောပါတယ်။

ကိုဗစ်က မပြီးသေးဘဲ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေ လာနိုင်သေးတယ်လို့ ပညာရှင်တွေက ပြောထားပြီး အစိုးရက ဒီအပေါ်မှာ အကောင်းဆုံး ပြင်ဆင်နိုင်အောင် ထိန်းကျောင်းရမှာက လွှတ်တော်တာဝန်ဖြစ်တယ်လို့ ဦးမောင်မြင့်က ဆက်ပြောပါတယ်။

ဒါပေမဲ့ လွှတ်တော်မှာ အများစု ရှိနေတဲ့အဓိက အင်အားကြီးအမတ်တွေက အစိုးရကိုထောက်ပြဖို့ တာဝန်ပျက်ကွက်နေတယ်လို့ ပြောပါတယ်။

အဆိုကို ရှုံးမယ်မှန်းသိရက်နဲ့ဆိုတာက လူမှုကွန်ရက်မှာ မှန်းဆပြောကြားချက်တွေသာဖြစ်ပြီး တင်ကတည်းက ဒီမိုကရေစီလမ်းကြောင်းအရ သွားနိုင်မယ်လို့ မျှော်မှန်းပြီးတင်ခဲ့တာ ဖြစ်လို့ ဒီမိုကရေစီနည်းလမ်းမှန်ရင် နိုင်မယ်လို့ယုံကြည်ပြီး လုပ်ခဲ့တာ လို့ ဦးမောင်မြင့်ကပြောပါတယ်။

အခုလို လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချရေးအဆိုရှုံးနိမ့်တာ၊ မေးခွန်းတွေအဆိုတွေ တင်ခွင့်မရတာတွေရှိနေပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်တဲ့ အဆိုတွေမေးခွန်းတွေကို ဆက်တင်သွားမှာဖြစ်ပြီး လက်ခံခြင်းလက်မခံခြင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပဲ သက်ဆိုင်မယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

အတိုက်အခံမဟုတ်ဘဲ ကြံ့ခိုင်ရေးဟာ ပြိုင်ဘက်ကောင်းဆိုတာမျိုးပဲ ရပ်တည်ပြီး တိုင်းပြည်မှာဖြစ်နေတဲ့လွဲချော်မှုတွေကိုတော့ ထောက်ပြသွားမှာဖြစ် တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီက ဘယ်တုန်းက နုတ်ထွက်ခဲ့တာလဲ ဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီရှင်းလင်းပွဲနဲ့ မသက်ဆိုင်တဲ့အတွက် ဒီမေးခွန်းကို မဖြေနိုင်ဘူးလို့ ဦးသောင်းအေးက ပြောခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကိုထပ်ပြီးဖြုတ်ချဖို့ရှိမရှိကတော့ သူ့(ဥက္ကဋ္ဌ) ရဲလုပ်ဆောင် ချက်တွေပေါ် မူတည်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။
ဦးတီခွန်မြတ်ကို နောက်တစ်ကြိမ် ခုလို ဖြုတ်ချဖို့ စီစဉ်ဦးမလားလို့ မေးရာမှာတော့ သူ့ရဲ့လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

လွှတ်တော်ထဲမှာ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် နေရာတွေကို ချဲထားပြီး ဆိုရှယ်ဒစ်စတန်းဇင်းပုံစံ ခပ်ခွာခွာထိုင်ကြရပေမယ့် ဒီကနေ့ မဲခွဲမှုဟာ စက်ခလုတ်နှိပ်ပြီး မဲပေးရတာဖြစ်တဲ့အတွက် နဂိုမူလပုံစံအတိုင်း ထိုင်ပြီး မဲပေးခဲ့ရပါတယ်။

စက်ခလုတ်တွေဟာ နေရာထိုင်ခုံနဲ့ အသေတပ်ဆင်ထားတာဖြစ်လို့ ဆိုရှယ်ဒစ်စတန်းဇင်းအရမဟုတ်ဘဲ ပုံမှန်အတိုင်း ပြန်ထိုင်ခဲ့ရတာလို့ ဦးမောင်မြင့်က ပြောပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ပုဂၢိဳလ္ေရးအရေဆာင္႐ြက္တာမဟုတ္ဘဲ လႊတ္ေတာ္တြင္း ဒီမိုကေရစီျပယုဂ္ကိုေဆာင္႐ြက္တာလို႔ ႀကံ့ခိုင္ေရး တုံ႔ျပန္

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္မွ ႐ုပ္သိမ္းေရး အေရးႀကီးအဆိုကို လႊတ္ေတာ္မွာ စက္ခလုတ္ႏွိပ္ၿပီး လွ်ိဳ႕ဝွက္ဆႏၵမဲေပး စနစ္နဲ႔ မဲခြဲဆုံးျဖတ္ခဲ့ရာမွာ ကန႔္ကြက္သူမ်ားလို႔ အဆိုရႈံးသြားခဲ့ပါတယ္။

ဒီအဆိုကို တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးပါတီက ဦးေဆာင္တင္သြင္းတာျဖစ္ၿပီး ဒီေန႔ ဇြန္ ၁ ရက္မွာ အဆိုကို အမတ္ ၂၄ ဦးက ေဆြးေႏြးခဲ့ၾကပါတယ္။

တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးပါတီက အဆိုကို ေထာက္ခံေဆြးေႏြးၿပီး အန္အယ္လ္ဒီနဲ႔ တိုင္းရင္းသားပါတီက အမတ္တခ်ိဳ႕က ကန႔္ကြက္ေဆြးေႏြးခဲ့ၾကပါတယ္။

လက္ရွိျပည္သူ႔လႊတ္ေတာ္မွာ စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၄၃၀ ရွိၿပီး သုံးပုံႏွစ္ပုံဆိုရင္ ၂၈၇ ဦး ေထာက္ခံမွ အဆိုကို အေရးယူေဆာင္႐ြက္ႏိုင္ပါတယ္။

ဇြန္ ၁ ရက္ လႊတ္ေတာ္မွာ တက္ေရာက္သူ ၃၉၅ ဦး ရွိၿပီး အဆိုကို ေထာက္ခံမဲ ၁၃၂ မဲ၊ ကန႔္ကြက္မဲ ၂၄၃ နဲ႔ ၾကားေန ၅ မဲ ရွိခဲ့တာေၾကာင့္ ကန႔္ကြက္ သူမ်ားလို႔ ရႈံးနိမ့္ခဲ့ပါတယ္။

အဲဒီလိုမဲခြဲဆုံးျဖတ္ရာမွာ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကိုယ္တိုင္ ဆႏၵမဲေပးခဲ့ၿပီး မဲခြဲခ်ိန္မွာ နည္းပညာအရ မဲေပးလို႔မရဘူးလို႔ ေစာဒကတက္ သူတခ်ိဳ႕ရွိလို႔ ဒုတိယအႀကိမ္ မဲခြဲဆုံးျဖတ္ခဲ့ရပါတယ္။

အဲဒီအေရးႀကီး အဆိုရႈံးနိမ့္တာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဒီပြဲမွာ အဆိုေတြေမးခြန္းေတြ လႊတ္ေတာ္မွာ ေမးခြင့္မရခဲ့တာနဲ႔ပတ္သက္လို႔ မင္းကင္းအမတ္ ဦးေမာင္ျမင့္၊ မိုင္းပ်ဥ္းအမတ္ ဦးစိုင္းထြန္းစိန္၊ ေပ်ာ္ဘြယ္အမတ္ ဦးေသာင္းေအးနဲ႔ မိထၳီလာအမတ္ ေဒါက္တာေမာင္သင္းတို႔ ဦးေဆာင္ ရွင္းလင္းခဲ့ပါတယ္။

ရခိုင္အေရးနဲ႔ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပာၾကားခ်က္နဲ႔ပတ္သက္ၿပီး ၾကယ္ပြင့္ျပေမးခြန္းေမးခြင့္ တင္ထားတဲ့အေပၚ အနားကပ္ခ်ိန္မွ ၾကယ္ပြင့္မျပေမးခြန္းအျဖစ္ ေျပာင္းဖို႔ အေၾကာင္းၾကားလာတယ္လို႔ ဦးေမာင္ျမင့္က ေျပာပါတယ္။

"၂၀၁၉ ႏိုဝင္ဘာမွာ ေမးခြန္းေမးခဲ့ၿပီး မတ္လက်မွ ေမးခြန္းေမးခြင့္ရပါၿပီဆိုၿပီး အေၾကာင္းျပန္တယ္။ ပါဝါပြိဳင့္ေတြျပင္ထားတယ္။ ေမးရဖို႔ ႏွစ္ရက္သုံးရက္အလိုက်မွ ၾကယ္ပြင့္ျပေမးခြန္းကို ၾကယ္ပြင့္မျပေမးခြန္း ေျပာင္းေပးပါတဲ့။ မေျပာင္းႏိုင္ဘူးလို႔။ ကြၽန္ေတာ္ေမးတာက ပါတီအက်ိဳးလား၊ အမ်ိဳးသားအက်ိဳးစီးပြားလားဆိုတာ မီဒီယာသမားေတြ ရွင္းရွင္းလင္းလင္းသိပါတယ္။ ဒါ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ေမးတာ။ ဒါကိုေမးခြင့္မရေအာင္ လုပ္တာက လႊတ္ေတာ္ဥကၠ႒အေနနဲ႔ ကြၽန္ေတာ္ သံတမန္ေလာကမွာ သံတမန္စကားတစ္ခုရွိတယ္။ ဘာမွျပန္မေျပာရင္ မွန္ေနလို႔ပဲတဲ့။ အခုလည္း ဒီလိုျဖစ္မွာစိုးလို႔ ကြၽန္ေတာ္က ေျပာတာ" လို႔ ဦးေမာင္ျမင့္က ေျပာပါတယ္။

ဒါ့အျပင္ သင္႐ိုးၫႊန္းတမ္းအသစ္မွာပါဝင္တဲ့ လိင္ပညာေပး သင္ခန္းစာေတြနဲ႔ပတ္သက္ၿပီးေဆြးေႏြးခြင့္မရတာနဲ႔ပတ္သက္လို႔ မိထၳီလာအမတ္ ေဒါက္တာေမာင္သင္းက ရွင္းလင္းခဲ့ပါတယ္။

"တိုင္းျပည္ရဲ႕ျပည္သူလိုအပ္ခ်က္၊ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ယဥ္ေက်းမႈကို ထိပါးမယ့္အဆိုေတြျဖစ္တာမို႔ တင္ဖို႔လုပ္တာပါ။ ပုဂၢိဳလ္ေရးမပါပါဘူး။ လႊတ္ေတာ္ရဲ႕ အထက္ေအာက္ထိန္းေက်ာင္းေရးအရ လုပ္တာပါ။ အင္အားႀကီးတဲ့သူေတြက တစ္ဖက္ေစာင္းနင္းလုပ္မွာစိုးလို႔ လုပ္တာပါ။ ကြၽန္ေတာ္တို႔ ဦးေမာင္ျမင့္ေျပာသလိုပဲ အၾကာႀကီး စဥ္းစားၿပီးမွ ဒါကိုလုပ္တာပါ။ လႊတ္ေတာ္တြင္း ဒီမိုကေရစီျပယုဂ္ကို ေဆာင္႐ြက္တာျဖစ္ပါတယ္" လို႔ သူက ေျပာပါတယ္။

အခုလို ကိုဗစ္လူနာ ၂၂၄ ဦးမရွိခင္တည္းက ကိုဗစ္ကာလ တင္ျပခ်က္ ေလးခ်က္လုံး ပယ္ခံရၿပီး အဆိုေတြအားလုံးဟာ ကိုဗစ္နဲ႔ ဆက္စပ္ေနတာ ျဖစ္တယ္လို႔ ဦးေမာင္ျမင့္ကေျပာပါတယ္။

ကိုဗစ္က မၿပီးေသးဘဲ ဒုတိယလႈိင္း၊ တတိယလႈိင္းေတြ လာႏိုင္ေသးတယ္လို႔ ပညာရွင္ေတြက ေျပာထားၿပီး အစိုးရက ဒီအေပၚမွာ အေကာင္းဆုံး ျပင္ဆင္ႏိုင္ေအာင္ ထိန္းေက်ာင္းရမွာက လႊတ္ေတာ္တာဝန္ျဖစ္တယ္လို႔ ဦးေမာင္ျမင့္က ဆက္ေျပာပါတယ္။

ဒါေပမဲ့ လႊတ္ေတာ္မွာ အမ်ားစု ရွိေနတဲ့အဓိက အင္အားႀကီးအမတ္ေတြက အစိုးရကိုေထာက္ျပဖို႔ တာဝန္ပ်က္ကြက္ေနတယ္လို႔ ေျပာပါတယ္။

အဆိုကို ရႈံးမယ္မွန္းသိရက္နဲ႔ဆိုတာက လူမႈကြန္ရက္မွာ မွန္းဆေျပာၾကားခ်က္ေတြသာျဖစ္ၿပီး တင္ကတည္းက ဒီမိုကေရစီလမ္းေၾကာင္းအရ သြားႏိုင္မယ္လို႔ ေမွ်ာ္မွန္းၿပီးတင္ခဲ့တာ ျဖစ္လို႔ ဒီမိုကေရစီနည္းလမ္းမွန္ရင္ ႏိုင္မယ္လို႔ယုံၾကည္ၿပီး လုပ္ခဲ့တာ လို႔ ဦးေမာင္ျမင့္ကေျပာပါတယ္။

အခုလို လႊတ္ေတာ္ဥကၠ႒ကို ျဖဳတ္ခ်ေရးအဆိုရႈံးနိမ့္တာ၊ ေမးခြန္းေတြအဆိုေတြ တင္ခြင့္မရတာေတြရွိေနေပမယ့္ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ပတ္သက္တဲ့ အဆိုေတြေမးခြန္းေတြကို ဆက္တင္သြားမွာျဖစ္ၿပီး လက္ခံျခင္းလက္မခံျခင္းက သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ပဲ သက္ဆိုင္မယ္လို႔ ဦးေသာင္းေအးက ေျပာပါတယ္။

အတိုက္အခံမဟုတ္ဘဲ ႀကံ့ခိုင္ေရးဟာ ၿပိဳင္ဘက္ေကာင္းဆိုတာမ်ိဳးပဲ ရပ္တည္ၿပီး တိုင္းျပည္မွာျဖစ္ေနတဲ့လြဲေခ်ာ္မႈေတြကိုေတာ့ ေထာက္ျပသြားမွာျဖစ္ တယ္လို႔ ဦးေသာင္းေအးက ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ဟာ ႀကံ့ခိုင္ေရးပါတီက ဘယ္တုန္းက ႏုတ္ထြက္ခဲ့တာလဲ ဆိုတာနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြက ေမးျမန္းရာမွာေတာ့ ဒီရွင္းလင္းပြဲနဲ႔ မသက္ဆိုင္တဲ့အတြက္ ဒီေမးခြန္းကို မေျဖႏိုင္ဘူးလို႔ ဦးေသာင္းေအးက ေျပာခဲ့ပါတယ္။

ဦးတီခြန္ျမတ္ကို ေနာက္တစ္ႀကိမ္ ခုလို ျဖဳတ္ခ်ဖို႔ စီစဥ္ဦးမလားလို႔ ေမးရာမွာေတာ့ သူ႔ရဲ႕လုပ္ေဆာင္မႈအေပၚမွာ မူတည္တယ္လို႔ ဦးေသာင္းေအးက ေျပာပါတယ္။

လႊတ္ေတာ္ထဲမွာ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ေနရာေတြကို ခ်ဲထားၿပီး ဆိုရွယ္ဒစ္စတန္းဇင္းပုံစံ ခပ္ခြာခြာထိုင္ၾကရေပမယ့္ ဒီကေန႔ မဲခြဲမႈဟာ စက္ခလုတ္ႏွိပ္ၿပီး မဲေပးရတာျဖစ္တဲ့အတြက္ နဂိုမူလပုံစံအတိုင္း ထိုင္ၿပီး မဲေပးခဲ့ရပါတယ္။

စက္ခလုတ္ေတြဟာ ေနရာထိုင္ခုံနဲ႔ အေသတပ္ဆင္ထားတာျဖစ္လို႔ ဆိုရွယ္ဒစ္စတန္းဇင္းအရမဟုတ္ဘဲ ပုံမွန္အတိုင္း ျပန္ထိုင္ခဲ့ရတာလို႔ ဦးေမာင္ျမင့္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52876135
ပုဂ္ဂိုလ်ရေးအရဆောင်ရွက်တာမဟုတ်ဘဲ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကိုဆောင်ရွက်တာလို့ ကြံ့ခိုင်ရေး တုံ့ပြန် ပုဂ္ဂိုလ်ရေးအရဆောင်ရွက်တာမဟုတ်ဘဲ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကိုဆောင်ရွက်တာလို့ ကြံ့ခိုင်ရေး တုံ့ပြန် Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.