ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို စွပ်စွဲပြစ်တင်တဲ့ အဆို ရှုံးနိမ့်

ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ မူလတာဝန်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့အတွက် လွှတ်တော် က ဒီကနေ့မှာဆုံးဖြတ်လိုက်တယ်
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အယုံအကြည်မရှိကြောင်း တပ်နဲ့ ကြံ့ခိုင်ရေးအမတ်အများစု ပါတဲ့ အမတ်တွေက လက်မှတ်ထိုးပြီး တင်တဲ့အရေးကြီးအဆိုကို ဇွန်လ ၁၈ရက်၊ ဒီနေ့ ရန်ကုန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ကန့်ကွက်မဲ ၇၇ မဲနဲ့ ထောက်ခံမဲ ၂၅ ကျော်ဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်အမတ် ၃ ပုံ ၂ပုံ မပြည့်တာကြောင့် အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ မူလတာဝန်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့အတွက် လွှတ်တော် က ဒီကနေ့မှာဆုံးဖြတ်လိုက်တယ်လို့ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်အမတ် ဒေါ်ကြည်ပြာက ဘီဘီစီကိုပြောပါတယ်။

ဝန်ကြီးချုပ်အပေါ် စွပ်စွဲတာနဲ့ ပတ်သတ်ပြီးစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် အပါအဝင် အင်းစိန်၊ မင်္ဂလာတောင်ညွှန့်၊ စမ်းချောင်းမြို့နယ်တို့က လွှတ်တော်အမတ် ၃ ဦးနဲ့ တိုင်းအစိုးရ အရာရှိ ၁ ဦးပါတဲ့အဖွဲ့ကို ဇွန်လ ၉ရက်နေ့က ဖွဲ့စည်းပေးလိုက်တယ်လို့ အဲဒီအဖွဲ့ဝင်ဖြစ်တဲ့ အင်းစိန်မဲ ဆန္ဒနယ် အမှတ် ၂ လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ဘီဘီစီကိုပြောပါတယ်။

အဲဒီအဖွဲ့က ဇွန်လ ၁၀ ရက်နေ့ကစပြီး စွပ်စွဲထားတဲ့ အချက် ၇ ချက်နဲ့ သက်ဆိုင်တဲ့ကြားနာမှု၊ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

အဲဒီလိုကြားနာရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် တစ်ကြိမ်လာရောက်ထွက်ဆိုခဲ့ပြီး၊ ကျန်တဲ့အကြိမ်တွေမှာတော့ သူ့ကိုယ်စား တိုင်းဥပဒေချုပ်က လာရောက်ထွက်ဆိုတယ်လို့ ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ရရှိတဲ့အချက်အလက်တွေကိုအခြေခံပြီး ဇွန်လ ၁၄ရက်နေ့မှာတော့ ရန်ကုန်လွှတ်တော် ဥက္ကဋ္ဌ ထံကို စွပ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးတဲ့ အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။

ကိုကိုးကျွန်းမဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် ဦးတင်ဝင်းတင်သွင်းတဲ့ အဆိုမှာ ရန်ကုန် ဝန်ကြီးချုပ်က ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်အောင်လုပ်ခဲ့တာ၊ အစိုးရက ပုဂ္ဂလိက ဘဏ်ကနေ ငွေချေးတာ အပါအဝင် အချက် ၇ချက်နဲ့စွပ်စွဲတာဖြစ်ပါတယ်။

"ခြုံငုံပြောရရင်တချို့ဟာတွေက ထင်ယောင်ထင်မှားနဲ့ ရွေးကောက်ပွဲနီးလာတဲ့ကာလမှာ နိုင်ငံရေးအရ ခြေထိုးခံသလိုမျိုးသက်ရောက်တယ်" လို့ ဦးဝေဖြိုးဟန်က မှတ်ချက်ပြုပါတယ်။

ဦးဝေဖြိုးဟန်တို့တင်တဲ့ အစီရင်ခံစာကို ဇွန်လ ၁၈ရက်မနက်ပိုင်းကကျင်းပတဲ့ ရန်ကုန်လွှတ်တော်အရေးပေါ် အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွှတ်တော်အတွင်းမဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

နောက် နှစ်ရက်နေရင်တော့ လွှတ်တော်အမတ်တွေစီကို အစီရင်ခံစာပါဝင်တဲ့ အစည်းအဝေးမှတ်တမ်းစာအုပ် ကိုဖြန့်ဝေးပေးမယ်လို့ ဒီနေ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကို စြပ္စြဲျပစ္တင္တဲ့ အဆို ရႈံးနိမ့္

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေပၚ အယုံအၾကည္မရွိေၾကာင္း တပ္နဲ႔ ႀကံ့ခိုင္ေရးအမတ္အမ်ားစု ပါတဲ့ အမတ္ေတြက လက္မွတ္ထိုးၿပီး တင္တဲ့အေရးႀကီးအဆိုကို ဇြန္လ ၁၈ရက္၊ ဒီေန႔ ရန္ကုန္လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္အၿပီး ကန႔္ကြက္သူမ်ားတဲ့အတြက္ အဆိုရႈံးနိမ့္ခဲ့ပါတယ္။

ကန႔္ကြက္မဲ ၇၇ မဲနဲ႔ ေထာက္ခံမဲ ၂၅ ေက်ာ္ျဖစ္တာေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ လႊတ္ေတာ္အမတ္ ၃ ပုံ ၂ပုံ မျပည့္တာေၾကာင့္ အဆိုရႈံးနိမ့္ခဲ့ပါတယ္။

ဒါေၾကာင့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အေနနဲ႔ မူလတာဝန္အတိုင္း ျပန္လည္လုပ္ေဆာင္ဖို႔အတြက္ လႊတ္ေတာ္ က ဒီကေန႔မွာဆုံးျဖတ္လိုက္တယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ ၁ လႊတ္ေတာ္အမတ္ ေဒၚၾကည္ျပာက ဘီဘီစီကိုေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲတာနဲ႔ ပတ္သတ္ၿပီးစုံစမ္းစစ္ေဆးႏိုင္ဖို႔အတြက္ လႊတ္ေတာ္ဒုတိယ ဥကၠ႒ ဦးလင္းႏိုင္ျမင့္ အပါအဝင္ အင္းစိန္၊ မဂၤလာေတာင္ၫႊန႔္၊ စမ္းေခ်ာင္းၿမိဳ႕နယ္တို႔က လႊတ္ေတာ္အမတ္ ၃ ဦးနဲ႔ တိုင္းအစိုးရ အရာရွိ ၁ ဦးပါတဲ့အဖြဲ႕ကို ဇြန္လ ၉ရက္ေန႔က ဖြဲ႕စည္းေပးလိုက္တယ္လို႔ အဲဒီအဖြဲ႕ဝင္ျဖစ္တဲ့ အင္းစိန္မဲ ဆႏၵနယ္ အမွတ္ ၂ လႊတ္ေတာ္အမတ္ ဦးေဝၿဖိဳးဟန္က ဘီဘီစီကိုေျပာပါတယ္။

အဲဒီအဖြဲ႕က ဇြန္လ ၁၀ ရက္ေန႔ကစၿပီး စြပ္စြဲထားတဲ့ အခ်က္ ၇ ခ်က္နဲ႔ သက္ဆိုင္တဲ့ၾကားနာမႈ၊ စစ္ေဆးမႈေတြကို ျပဳလုပ္ခဲ့တယ္လို႔ သူကဆိုပါတယ္။

အဲဒီလိုၾကားနာရာမွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကိုင္တိုင္ တစ္ႀကိမ္လာေရာက္ထြက္ဆိုခဲ့ၿပီး၊ က်န္တဲ့အႀကိမ္ေတြမွာေတာ့ သူ႔ကိုယ္စား တိုင္းဥပေဒခ်ဳပ္က လာေရာက္ထြက္ဆိုတယ္လို႔ ဦးေဝၿဖိဳးဟန္က ဘီဘီစီကို ေျပာပါတယ္။

အဲဒီလို ရရွိတဲ့အခ်က္အလက္ေတြကိုအေျခခံၿပီး ဇြန္လ ၁၄ရက္ေန႔မွာေတာ့ ရန္ကုန္လႊတ္ေတာ္ ဥကၠ႒ ထံကို စြပ္စြဲျပစ္တင္မႈအေပၚ စုံစမ္းစစ္ေဆးတဲ့ အစီရင္ခံစာကို တင္ျပခဲ့ပါတယ္။

ကိုကိုးကြၽန္းမဲဆႏၵနယ္အမွတ္ ၁ လႊတ္ေတာ္အမတ္ ဦးတင္ဝင္းတင္သြင္းတဲ့ အဆိုမွာ ရန္ကုန္ ဝန္ႀကီးခ်ဳပ္က ကိုဗစ္ကာလအတြင္း လူစုလူေဝးျဖစ္ေအာင္လုပ္ခဲ့တာ၊ အစိုးရက ပုဂၢလိက ဘဏ္ကေန ေငြေခ်းတာ အပါအဝင္ အခ်က္ ၇ခ်က္နဲ႔စြပ္စြဲတာျဖစ္ပါတယ္။

"ၿခဳံငုံေျပာရရင္တခ်ိဳ႕ဟာေတြက ထင္ေယာင္ထင္မွားနဲ႔ ေ႐ြးေကာက္ပြဲနီးလာတဲ့ကာလမွာ ႏိုင္ငံေရးအရ ေျခထိုးခံသလိုမ်ိဳးသက္ေရာက္တယ္" လို႔ ဦးေဝၿဖိဳးဟန္က မွတ္ခ်က္ျပဳပါတယ္။

ဦးေဝၿဖိဳးဟန္တို႔တင္တဲ့ အစီရင္ခံစာကို ဇြန္လ ၁၈ရက္မနက္ပိုင္းကက်င္းပတဲ့ ရန္ကုန္လႊတ္ေတာ္အေရးေပၚ အစည္းအေဝးမွာ လႊတ္ေတာ္ ဥကၠ႒က ဖတ္ၾကားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ လႊတ္ေတာ္အတြင္းမဲခြဲ ဆုံးျဖတ္ခဲ့တာပါ။

ေနာက္ ႏွစ္ရက္ေနရင္ေတာ့ လႊတ္ေတာ္အမတ္ေတြစီကို အစီရင္ခံစာပါဝင္တဲ့ အစည္းအေဝးမွတ္တမ္းစာအုပ္ ကိုျဖန႔္ေဝးေပးမယ္လို႔ ဒီေန႔လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ဥကၠ႒က ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53089858
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို စွပ်စွဲပြစ်တင်တဲ့ အဆို ရှုံးနိမ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို စွပ်စွဲပြစ်တင်တဲ့ အဆို ရှုံးနိမ့် Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.