လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

“နိုင်ငံတနိုင်ငံခြင်းအပေါ် ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ကြောင်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်ဖို့ ဘက်လိုက်မှုကင်းဖို့တွေ လိုအပ်တယ်” လို့ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားဖို့အပြင်၊ ရခိုင်အရေးကိစ္စမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာအရ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြည်တွင်း တရားစီရင်ရေး ဥပဒေတွေအရ အရေးယူဖို့လုပ်နေတာကို အသိအမှတ်ပြုဖို့ နဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းဟာ လက်တွေ့အမှန်တရားကို ထင်ဟပ်မှုမရှိကြောင်းလည်း ကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေမှာ တိုးတက်မှုမရှိတာတွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် အရေး အပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေကြောင်းနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ကျော်လွှားနေရကြောင်းလည်း တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
လူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာကို ပစ္မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး လက္မခံ (ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး)

ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္ၿပီး ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ကို ျမန္မာႏိုင္ငံဘက္က လက္မခံပယ္ခ်လိုက္ပါတယ္။ ဆြစ္ဇာလန္န္ိုင္ငံ ဂ်နီဗာၿမိဳ႕ မွာ ဇြန္လ ၂၂ ရက္ေန႔က က်င္းပခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးအတြင္း ဥေရာပသမဂၢ (EU) က တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္အဆိုကို လက္မခံေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက အခုလို ေျပာပါတယ္။

“ႏိုင္ငံတႏိုင္ငံျခင္းအေပၚ ဆုံးျဖတ္ခ်က္ ခ်မွတ္မႈကို ကန႔္ကြက္ေၾကာင္းနဲ႔ လူ႔အခြင့္အေရး ျပႆနာေတြကို ေျဖရွင္းရာမွာ အျပဳသေဘာေဆာင္ဖို႔ ဘက္လိုက္မႈကင္းဖို႔ေတြ လိုအပ္တယ္” လို႔ ဦးေက်ာ္မိုးထြန္းက ေျပာခဲ့တာပါ။

ဒါ့အျပင္ ႏိုင္ငံတႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ေလးစားဖို႔အျပင္၊ ရခိုင္အေရးကိစၥမွာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ရဲ႕အစီရင္ခံစာအရ ျပစ္မႈက်ဴးလြန္တဲ့သူေတြကို ျပည္တြင္း တရားစီရင္ေရး ဥပေဒေတြအရ အေရးယူဖို႔လုပ္ေနတာကို အသိအမွတ္ျပဳဖို႔ နဲ႔ ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းဟာ လက္ေတြ႕အမွန္တရားကို ထင္ဟပ္မႈမရွိေၾကာင္းလည္း ကန႔္ကြက္ေျပာဆိုသြားခဲ့ပါတယ္။

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္မွာေတာ့ ရခိုင္ျပည္နယ္အေရး အပါအဝင္ ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရး အေျခအေနေတြမွာ တိုးတက္မႈမရွိတာေတြကို ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ကေတာ့ ရခိုင္ျပည္နယ္ အေရး အပါအဝင္ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းေနေၾကာင္းနဲ႔ အထူးသျဖင့္ ကပ္ေရာဂါကာလမွာ ေနာက္ထပ္ႀကဳံေနရတဲ့ စိန္ေခၚမႈေတြကိုပါ ရင္ဆိုင္ေက်ာ္လႊားေနရေၾကာင္းလည္း တုံ႔ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနေတြနဲ႔ ပတ္သက္လို႔ ဥေရာပသမဂၢ (EU) က ကမကထလုပ္ တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ ေထာက္ခံမဲ ၃၇ မဲ၊ ကန႔္ကြက္မဲ ၂ မဲနဲ႔ ၾကားေနမဲ ၈ မဲတို႔နဲ႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-react-on-human-rights-council-u-kyaw-moe-tun-/5473583.html
လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး) လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး) Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.