အာဖရိကနဲ့ အာရှတလွှား ရှားရှားပါးပါး နေကြတ်တာနဲ့ကြုံ

နေကြတ်မှုဖြစ်စဉ်အတွင်း အိန္ဒိယနိုင်ငံက မြင်တွေ့ခဲ့ရတဲ့ လပုံသဏ္ဌာန်။ (ဇွန် ၂၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
အာရှနဲ့ အာဖရိကတိုက်တွေက ဂြိုဟ်နက္ခတ်လေ့လာမှု ဝါသနာပါတဲ့သူ အများအပြားဟာ တနင်္ဂနွေနေ့က ရှားရှားပါးပါး မီးကွင်းသဏ္ဌာန် နေကြတ်တာကို တွေ့ခဲ့ကြရပါတယ်။

ဒီလို နက္ခတ္တဗေဒဆိုင်ရာ ထူးခြားတဲ့ဖြစ်စဉ်ကို တနှစ်မှာ တကြိမ် ဒါမှမဟုတ် နှစ်ကြိမ် တွေ့ရလေ့ရှိပြီး အခု နေကြတ်တာကိုတော့ နေစထွက်လာပြီးနောက်ပိုင်း အာဖရိကတိုက် အလယ်ပိုင်းက ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံကနေ တောင်ဆူဒန်နဲ့ အီသီယိုးပီးယား နောက် အာရှတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းအထိ ကောင်းကောင်း မြင်တွေ့ခဲ့ကြရတာပါ။

ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကလည်း လှပတဲ့ မီးကွင်းသဏ္ဌာန် နေကြတ်တာကို မြင်တွေ့ခဲ့ကြရတာဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ တရုတ်နယ်စပ်နားက Uttarakhand ပြည်နယ်မှာ ဒေသစံတော်ချိန် ၁၂ နာရီ ၁၀ မိနစ်မှာ အပြည့်ဝဆုံး တွေ့ခဲ့ရပါတယ်။

ဒီလို မီးကွင်းပုံသဏ္ဌာန် နေကြတ်တဲ့ဖြစ်စဉ်ဟာ နေ၊ လနဲ့ ကမ္ဘာတို့ တတန်းထည်း ကျရောက်ချိန်အတွင်း နေနဲ့ကမ္ဘာကြား လဖြတ်သွားချိန်မှာ နေအလင်းရောင်ကို လက အပြည့်အဝ ပိတ်မထားနိုင်တဲ့အတွက် အနားသတ် မီးကွင်းပုံကို ကမ္ဘာကနေ မြင်တွေ့ကြရတာ ဖြစ်ပါတယ်။

တချို့ဒေသတွေမှာတော့ ရာသီဥတုကြောင့် နေကြတ်တာကို အပြည့်အဝ မမြင်ကြပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
အာဖရိကနဲ႔ အာရွတလႊား ရွားရွားပါးပါး ေနၾကတ္တာနဲ႔ႀကဳံ

အာရွနဲ႔ အာဖရိကတိုက္ေတြက ၿဂိဳဟ္နကၡတ္ေလ့လာမႈ ဝါသနာပါတဲ့သူ အမ်ားအျပားဟာ တနဂၤေႏြေန႔က ရွားရွားပါးပါး မီးကြင္းသဏၭာန္ ေနၾကတ္တာကို ေတြ႕ခဲ့ၾကရပါတယ္။

ဒီလို နကၡတၱေဗဒဆိုင္ရာ ထူးျခားတဲ့ျဖစ္စဥ္ကို တႏွစ္မွာ တႀကိမ္ ဒါမွမဟုတ္ ႏွစ္ႀကိမ္ ေတြ႕ရေလ့ရွိၿပီး အခု ေနၾကတ္တာကိုေတာ့ ေနစထြက္လာၿပီးေနာက္ပိုင္း အာဖရိကတိုက္ အလယ္ပိုင္းက ကြန္ဂိုဒီမိုကရက္တစ္သမၼတ ႏိုင္ငံကေန ေတာင္ဆူဒန္နဲ႔ အီသီယိုးပီးယား ေနာက္ အာရွတိုက္နဲ႔ ပစိဖိတ္သမုဒၵရာထဲက ဂူအမ္ကြၽန္းအထိ ေကာင္းေကာင္း ျမင္ေတြ႕ခဲ့ၾကရတာပါ။

ဒါ့အျပင္ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံေတြကလည္း လွပတဲ့ မီးကြင္းသဏၭာန္ ေနၾကတ္တာကို ျမင္ေတြ႕ခဲ့ၾကရတာျဖစ္ၿပီး အိႏၵိယႏိုင္ငံကေတာ့ တ႐ုတ္နယ္စပ္နားက Uttarakhand ျပည္နယ္မွာ ေဒသစံေတာ္ခ်ိန္ ၁၂ နာရီ ၁၀ မိနစ္မွာ အျပည့္ဝဆုံး ေတြ႕ခဲ့ရပါတယ္။

ဒီလို မီးကြင္းပုံသဏၭာန္ ေနၾကတ္တဲ့ျဖစ္စဥ္ဟာ ေန၊ လနဲ႔ ကမာၻတို႔ တတန္းထည္း က်ေရာက္ခ်ိန္အတြင္း ေနနဲ႔ကမာၻၾကား လျဖတ္သြားခ်ိန္မွာ ေနအလင္းေရာင္ကို လက အျပည့္အဝ ပိတ္မထားႏိုင္တဲ့အတြက္ အနားသတ္ မီးကြင္းပုံကို ကမာၻကေန ျမင္ေတြ႕ၾကရတာ ျဖစ္ပါတယ္။

တခ်ိဳ႕ေဒသေတြမွာေတာ့ ရာသီဥတုေၾကာင့္ ေနၾကတ္တာကို အျပည့္အဝ မျမင္ၾကပါဘူး။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/solar-eclipse/5472029.html
အာဖရိကနဲ့ အာရှတလွှား ရှားရှားပါးပါး နေကြတ်တာနဲ့ကြုံ အာဖရိကနဲ့ အာရှတလွှား ရှားရှားပါးပါး နေကြတ်တာနဲ့ကြုံ Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.