နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း လေးထောင်ကျော် မြန်မာနိုင်ငံရရှိခဲ့


(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အောက်တိုဘာလကစပြီး ဒီနှစ်မေလကုန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံထိရှိတယ်လို့  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

ဒီနှစ် ၂၀၁၉ -၂၀၂၀ စီးပွားရေးနှစ်ကာလ အချိန် ရှစ်လအတွင်းမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်း ၁၇၈ ခုကို အစိုးရက ခွင့်ပြုပေးခဲ့တာပါ။

လာရောက် လုပ်ကိုင်တဲ့လုပ်ငန်းတွေထဲမှာ တရုတ်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စစ်စွမ်းအားကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံကြတာပါ။

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်း၊ ၃၀ ရာခိုင်နှုန်းက မန္တလေးတိုင်းထဲမှာ လာရောက်မြှုပ်နှံကြတာဖြစ်ပြီးတော့၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကပဲ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ မြှုပ်နှံတယ်လို့ သိရပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ သန္း ေလးေထာင္ေက်ာ္ ျမန္မာႏိုင္ငံရရွိခဲ့

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလကစၿပီး ဒီႏွစ္ေမလကုန္အထိ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေငြ အေမရိကန္ေဒၚလာ ၄.၁ ဘီလီယံထိရွိတယ္လို႔  ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနရဲ႕ စာရင္းေတြက ေဖာ္ျပပါတယ္။

ဒီႏွစ္ ၂၀၁၉ -၂၀၂၀ စီးပြားေရးႏွစ္ကာလ အခ်ိန္ ရွစ္လအတြင္းမွာ ႏိုင္ငံျခားက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံတဲ့ စီးပြားေရးလုပ္ငန္း ၁၇၈ ခုကို အစိုးရက ခြင့္ျပဳေပးခဲ့တာပါ။

လာေရာက္ လုပ္ကိုင္တဲ့လုပ္ငန္းေတြထဲမွာ တ႐ုတ္၊ စင္ကာပူနဲ႔ ထိုင္းႏိုင္ငံက အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။
လွ်ပ္စစ္စြမ္းအားက႑အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျဖစ္ၿပီးေတာ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္းေတြမွာ ဒုတိယအမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံၾကတာပါ။

ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ ရန္ကုန္တိုင္း၊ ၃၀ ရာခိုင္ႏႈန္းက မႏၲေလးတိုင္းထဲမွာ လာေရာက္ျမႇဳပ္ႏွံၾကတာျဖစ္ၿပီးေတာ့၊ က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းကပဲ တျခားျပည္နယ္နဲ႔ တိုင္းေတြမွာ ျမႇဳပ္ႏွံတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း လေးထောင်ကျော် မြန်မာနိုင်ငံရရှိခဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း လေးထောင်ကျော် မြန်မာနိုင်ငံရရှိခဲ့ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.