မိန်ဗလာတောင် တွင်းဟောင်းထဲက အမျိုးသမီး လူသေအလောင်း ၄ လောင်းတွေ့ရှိ
(Unicode)⤵⤵⤵
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မိန်ဗလာ တောင် Myanmar Eagle Co.ltd မှ ဂျပန်ခေတ်ရတနာသိုက်တူးဖော်ခဲ့သည့် နေရာတွင် ရေဝပ်နေသည့်နေရာအတွင်း အမျိုးသမီး အလောင်း ၄ လောင်းရေနစ်သေဆုံးနေကြောင်း သိရသဖြင့် ၂၀၂၀ ဇွန် ၁၇ ရက် ည ၇ နာရီအချိန်ခန့်တွင် လူမှုရေးနှင့်နာရေးကူညီမှုအသင်းများမှ လူနာတင်ယာဉ်များဖြင့် သွားရောက်သယ်ယူခဲ့ပြီး သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူ ၄ ဦးမှာ
၁။ ဒေါ်ခင် အသက်၆၆ နှစ်(ဘ) ဦးနု ၊ကပ္ပိယ ၊ ဓမ္မကရုဏဘုန်းကြီးကျောင်း၊ အောင်ကုသိုလ်၊သံဖြူဇရပ်မြို့။
၂။ မအေးသီရိစံ(၁၂)နှစ်၊ (ဘ) ဦးအောင်နိုင်ဝင်း၊ ကြက်တိန်ညင်ပိုင်း၊ ပငကျေးရွာ၊ သံဖြူဇရပ်မြို့နယ်။
၃။ မရွှေပန်း(၁၂ နှစ်) (ဘ) ဦး မွန်ထော ၊ ပငကျေးရွာ။
၄။ မမိုးသဇင်(၁၁)နှစ်၊ (ဘ)ဦးဇော်ဝမ်း ၊ ပငကျေးရွာ တို့ဖြစ်သည်။
အဆိုပါ သေဆုံးသူများအနက် ဒေါ်ခင်မှာ ဓမ္မာကရုဏာဘုန်းကြီးကျောင်းတွင် ကပ္ပိယဖြစ်ပြီး ကလေးမ ၃ ဦးမှာ မွန်စာသင်ကြားနေသူများဖြစ်ကာ ညနေပိုင်းက ရေခပ်သွားရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါသေဆုံးမှုအား သာမန်ဟုတ်မဟုတ် သံဖြူဇရပ်ရဲစခန်းမှ စစ်ဆေးလျှက်ရှိကြောင်းသိရပါသည်။...
Oo Kyaw BG (fb)
---------------------------------------
(Zawgyi)⤵⤵⤵
သေဆုံးသူ ၄ ဦးမှာ
Oo Kyaw BG (fb)
မိန်ဗလာတောင် တွင်းဟောင်းထဲက အမျိုးသမီး လူသေအလောင်း ၄ လောင်းတွေ့ရှိ မိန်ဗလာတောင် တွင်းဟောင်းထဲက အမျိုးသမီး လူသေအလောင်း ၄ လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.