တရုတ်နိုင်ငံသားတွေ သြစတြေးလျမသွားဖို့ တရုတ်အစိုးရ တိုက်တွန်း

တရုတ်နိုင်ငံ Shenzhen Baoan လေဆိပ်မှထွက်ခွာမည့် China Eastern လေကြောင်းလိုင်း လေယာဉ်ပေါ်မှ ခရီးသည်များ။ (မေ ၁၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
သြစတြေးလျနိုင်ငံမှာ အာရှတိုက်ကလူတွေကို လူမျိုးရေး ခွဲခြားတာတွေနဲ့ အကြမ်းဖက်တာတွေကြောင့် တရုတ်နိုင်ငံသားတွေ အနေနဲ့ သြစတြေးလျနိုင်ငံကို သွားရောက်လည်ပတ်တာတွေ မလုပ်ကြဖို့ တရုတ်အစိုးရက အကြံပေး တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံကို စုံစမ်းစစ်ဆေးဖို့ ပြောခဲ့တဲ့အပေါ် တရုတ်အစိုးရက သြစတြေးလျကို လက်တုံ့ပြန်တာ ဖြစ်ပုံရပါတယ်။

COVID-19 ကပ်ရောဂါကြောင့် သြစတြေးလျနိုင်ငံမှာ တရုတ်လူမျိုးတွေနဲ့ အာရှတိုက်ကလူတွေကို လူမျိုးရေး ခွဲခြားပြောဆို ဆက်ဆံတာတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတယ်လို့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးကို ပိုပြီး သတိထားဖို့နဲ့ သြစတြေးလျနိုင်ငံကို ခရီးသွားတာတွေ ရှောင်ကြဖို့ အကြံပေးလိုတယ်လို့ အဲဒီကြေညာချက်မှာ ပြောထားပါတယ်။

တရုတ်နိုင်ငံဟာ သြစတြေးလျနိုင်ငံကနေ မုယောစပါးတွေ တင်သွင်းနေတာကို ကုန်သွယ်ခွန် ၈၀ ရာခိုင်နှုန်း တိုးမြှင့်ချမှတ်ခဲ့တာကြောင့် ဒီလိုတင်သွင်းတာကို ရပ်ပစ်လိုက်တဲ့သဘော ရောက်သွားပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံက အကြီးဆုံး အမဲသားကုမ္ပဏီ ၄ ခုကနေ အမဲသား တင်သွင်းနေတာတွေကိုလည်း အမှတ်တံဆိပ် ပြဿနာကြောင့်ဆိုပြီး တင်သွင်းတာတွေ ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံသားေတြ ၾသစေၾတးလ်မသြားဖို႔ တ႐ုတ္အစိုးရ တိုက္တြန္း

ၾသစေၾတးလ်ႏိုင္ငံမွာ အာရွတိုက္ကလူေတြကို လူမ်ိဳးေရး ခြဲျခားတာေတြနဲ႔ အၾကမ္းဖက္တာေတြေၾကာင့္ တ႐ုတ္ႏိုင္ငံသားေတြ အေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံကို သြားေရာက္လည္ပတ္တာေတြ မလုပ္ၾကဖို႔ တ႐ုတ္အစိုးရက အႀကံေပး တိုက္တြန္းလိုက္ပါတယ္။

ဒါဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ၾသစေၾတးလ်ႏိုင္ငံက တ႐ုတ္ႏိုင္ငံကို စုံစမ္းစစ္ေဆးဖို႔ ေျပာခဲ့တဲ့အေပၚ တ႐ုတ္အစိုးရက ၾသစေၾတးလ်ကို လက္တုံ႔ျပန္တာ ျဖစ္ပုံရပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ ၾသစေၾတးလ်ႏိုင္ငံမွာ တ႐ုတ္လူမ်ိဳးေတြနဲ႔ အာရွတိုက္ကလူေတြကို လူမ်ိဳးေရး ခြဲျခားေျပာဆို ဆက္ဆံတာေတြနဲ႔ အၾကမ္းဖက္မႈေတြ တိုးလာေနတယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ ကမာၻ႔လွည့္ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာနက ေသာၾကာေန႔က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

တ႐ုတ္ႏိုင္ငံက ကမာၻလွည့္ခရီးသည္ေတြအေနနဲ႔ သူတို႔ရဲ႕လုံၿခဳံေရးကို ပိုၿပီး သတိထားဖို႔နဲ႔ ၾသစေၾတးလ်ႏိုင္ငံကို ခရီးသြားတာေတြ ေရွာင္ၾကဖို႔ အႀကံေပးလိုတယ္လို႔ အဲဒီေၾကညာခ်က္မွာ ေျပာထားပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၾသစေၾတးလ်ႏိုင္ငံကေန မုေယာစပါးေတြ တင္သြင္းေနတာကို ကုန္သြယ္ခြန္ ၈၀ ရာခိုင္ႏႈန္း တိုးျမႇင့္္ခ်မွတ္ခဲ့တာေၾကာင့္ ဒီလိုတင္သြင္းတာကို ရပ္ပစ္လိုက္တဲ့သေဘာ ေရာက္သြားပါတယ္။

ဒါ့အျပင္ ၾသစေၾတးလ်ႏိုင္ငံက အႀကီးဆုံး အမဲသားကုမၸဏီ ၄ ခုကေန အမဲသား တင္သြင္းေနတာေတြကိုလည္း အမွတ္တံဆိပ္ ျပႆနာေၾကာင့္ဆိုၿပီး တင္သြင္းတာေတြ ဆက္မလုပ္ဖို႔ တားျမစ္လိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-china-australia/5452083.html
တရုတ်နိုင်ငံသားတွေ သြစတြေးလျမသွားဖို့ တရုတ်အစိုးရ တိုက်တွန်း တရုတ်နိုင်ငံသားတွေ သြစတြေးလျမသွားဖို့ တရုတ်အစိုးရ တိုက်တွန်း Reviewed by THITHTOOLWIN on 06:41 Rating: 5
Powered by Blogger.