စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု ဂုဏ်ထူးဆောင်တံဆိပ် တပ်ချုပ်ကို ရုရှားက ချီးမြှင့်

ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ်
(Unicode)⤵⤵⤵
ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ရှရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ဇွန်လ ၂၃ရက်ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံမှာကျင်းပနေတဲ့ စစ်အောင်နိုင်ခြင်း ၇၅နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်နေတာလည်းဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာတပ်မတော်တို့ ရေတပ်ဆိုင်ရာပူးပေါင်းရေး၊ စစ်ဘက်ဆိုင်ရာလေ့လာသင်ယူရေး၊ တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းရေးဆိုင်ရာ စာချုပ်ကို ၂၀၁၆ခုနှစ်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး သဘောတူ စာချုပ်ချုပ်ခဲ့ဖူးပါတယ်။

အဲဒီပွဲကိုတက်ရောက်ဖို့အတွက် နိုင်ငံ ၁၀နိုင်ငံက သမ္မတတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးအစရှိတာတွေကို ရုရှားနိုင်ငံက ဖိတ်ကြားပြီး တက်ရောက်ကြတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
စစ္ဘက္ဆိုင္ရာ ပူးေပါင္းမႈ ဂုဏ္ထူးေဆာင္တံဆိပ္ တပ္ခ်ဳပ္ကို ႐ုရွားက ခ်ီးျမႇင့္

႐ုရွားႏိုင္ငံကိုေရာက္ရွိေနတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကို ရွရွားႏိုင္ငံကာကြယ္ရးဝန္ႀကီးဌာနက စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တည္တံ့ခိုင္ၿမဲေရး ဂုဏ္ထူးေဆာင္တံဆိပ္ကို ဇြန္လ ၂၃ရက္ညေနပိုင္းက ေပးအပ္ခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

႐ုရွားႏိုင္ငံမွာက်င္းပေနတဲ့ စစ္ေအာင္ႏိုင္ျခင္း ၇၅ႏွစ္ေျမာက္ အခမ္းအနားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တက္ေရာက္ေနတာလည္းျဖစ္ပါတယ္။

႐ုရွားနဲ႔ ျမန္မာတပ္မေတာ္တို႔ ေရတပ္ဆိုင္ရာပူးေပါင္းေရး၊ စစ္ဘက္ဆိုင္ရာေလ့လာသင္ယူေရး၊ တပ္ပိုင္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးတို႔အတြက္ ပူးေပါင္းေရးဆိုင္ရာ စာခ်ဳပ္ကို ၂၀၁၆ခုႏွစ္မွာပဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ လက္မွတ္ထိုး သေဘာတူ စာခ်ဳပ္ခ်ဳပ္ခဲ့ဖူးပါတယ္။

အဲဒီပြဲကိုတက္ေရာက္ဖို႔အတြက္ ႏိုင္ငံ ၁၀ႏိုင္ငံက သမၼတေတြ၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးအစရွိတာေတြကို ႐ုရွားႏိုင္ငံက ဖိတ္ၾကားၿပီး တက္ေရာက္ၾကတာလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

ကိုဗစ္ကာလျဖစ္တဲ့ အတြက္ ျမန္မာႏိုင္ငံက မထြက္ခြာမီမွာလည္း က်န္းမာေရးအရ စစ္ေဆးမႈေတြကို ျပဳလုပ္ၿပီးမွ ထြက္ခြာတာျဖစ္သလို၊ ျပန္ေရာက္လာရင္လည္း သတ္မွတ္စည္းကမ္းေတြအတိုင္း ျပဳလုပ္မွာျဖစ္တယ္လို႔ သူကဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53174577
စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု ဂုဏ်ထူးဆောင်တံဆိပ် တပ်ချုပ်ကို ရုရှားက ချီးမြှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု ဂုဏ်ထူးဆောင်တံဆိပ် တပ်ချုပ်ကို ရုရှားက ချီးမြှင့် Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.