ထိုင်း- မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား သန်း ၂၀ နဲ့ သံသယရှိသူတဦးအသေမိ


(Unicode)⤵⤵⤵
ထိုင်း- မြန်မာနယ်စပ်မြောက်ပိုင်းမှာ စိတ်ကြွဆေးပြား သန်း၂၀ လောက်နဲ့ မူးယစ်မှောင်ခိုသမားတဦး အသေဖမ်းမိတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

COVID-19 အရေးပေါ်ကာလမှာ ခရိုင်တခုနဲ့ တခု မဖြတ်သန်းရသလို နယ်စပ်တွေ ပိတ်ဆို့ထားတဲ့ကြားကပဲ ထိုင်းမြောက်ပိုင်းမှာ ဝင်လာတဲ့ စိတ်ကြွဆေးပြား သန်း၂၀ နဲ့ အတူ အဓိက တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်အမှတ် ၅ ဒေသ ရဲမှူး Visanu Prasatthong ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေဟာ ထိုင်းမြောက်ပိုင်းမှာ အဓိက အလိုရှိနေတဲ့
မူးယစ်ဂိုဏ်းက ဖြစ်ပါတယ်။ ကြိုတင်သတင်းရတာကြောင့် သူတို့ကို ဖမ်းမိခဲ့တာပါ။ သူတို့ဟာ ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းကနေ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတာဖြစ်ပါတယ်ဆိုပြီး ပြောသွားတာပါ။

ဒီရက်ပိုင်းအတွင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းက တည်းခိုခန်း တစ်ခုမှာ စိတ်ကြွဆေးပြား ၁၄ သန်းကျော်ပါ အထုတ် ၇၇ ထုတ်ကို ကုန်တင်ကားငယ်တစ်စီးနဲ့ လက်လွဲ ယူထားကြတဲ့ တရားခံသုံးဦးကို ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ကြည့် ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

မေလ ၂၉ ရက်နေ့မှာ တော့ ချင်းမိုင်ခရိုင် ချင်းဒေါင်မြို့နယ်ကနေ ဒွိုင်အမ်ခမ်း လမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာမှာ မူးယစ်မှောင်ခိုသမားတွေက ကားမောင်းပြေးခဲ့တာကြောင့် လမ်းမတွေကို ပိတ်ဆို့ပြီး ကားကို ပစ်ခတ်
ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

မူးယစ်မှောင်ခိုသမားတွေဟာ တောင်ပေါ်တိုင်ရင်းသား နှစ်ဦး ဖြစ်ပြီး အမျိုးသမီး တဦးကို အရှင်ဖမ်းမိခဲ့ပြီး ရဲတွေကို ပြန်ခုခံပစ်ခတ်ခဲ့တဲ့ အမျိုးသားကိုတော့ အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒီထဲမှာတော့ ကားပေါ်မှာ အထုတ် ၁၇ နဲ့
ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁,၇၀၀,၀၀၀ ဖမ်ဆီးနိုင်ခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့ည မှာတော့ ချင်းမိုင်ခရိုင်ဝင်ဟန်မြို့နယ် တောင်တန်းမှာလည်း နယ်ခြားစောင့်တပ်တွေနဲ့ မူးယစ်မှောင်ခိုသမားတွေဟာ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တာပါ။ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုအတွင်း စိတ်ကြွဆေးပြား ၂,၀၀၀,၀၀၀ ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါး အားလုံးကတော့ ကာလတန်ဖိုးအားဖြင့် ဘတ်ငွေသန်းပေါင်း ၃,၀၀၀ ကျော်လောက်တန်ဖိုးရှိတာပါ။

ထိုင်းစစ်တပ်နဲ့ မြန်မာဘက်ကလာတဲ့ မူးယစ်မှောင်ခိုသမားတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာပဲ တိုက်ပွဲ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်ရှင်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္း- ျမန္မာနယ္စပ္မွာ စိတ္ႂကြေဆးျပား သန္း ၂၀ နဲ႔ သံသယရွိသူတဦးအေသမိ

စိတ္ႂကြေဆးျပားမ်ား ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Thai ရဲတပ္ဖြဲ႕)


ထိုင္း- ျမန္မာနယ္စပ္ေျမာက္ပိုင္းမွာ စိတ္ႂကြေဆးျပား သန္း၂၀ ေလာက္နဲ႔ မူးယစ္ေမွာင္ခိုသမားတဦး အေသဖမ္းမိတဲ့ သတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

COVID-19 အေရးေပၚကာလမွာ ခ႐ိုင္တခုနဲ႔ တခု မျဖတ္သန္းရသလို နယ္စပ္ေတြ ပိတ္ဆို႔ထားတဲ့ၾကားကပဲ ထိုင္းေျမာက္ပိုင္းမွာ ဝင္လာတဲ့ စိတ္ႂကြေဆးျပား သန္း၂၀ နဲ႔ အတူ အဓိက တရားခံေတြကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ဇြန္လ ၁ ရက္ေန႔မွာ ထိုင္းအာဏာပိုင္ေတြက သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။ ထိုင္းေျမာက္ပိုင္း ခ်င္းမိုင္ခ႐ိုင္အမွတ္ ၅ ေဒသ ရဲမႉး Visanu Prasatthong ကေတာ့ ထိုင္းဘာသာနဲ႔ အခုလိုေျပာပါတယ္။

ဖမ္းမိတဲ့ မူးယစ္ေဆးဝါးေမွာင္ခိုသမားေတြဟာ ထိုင္းေျမာက္ပိုင္းမွာ အဓိက အလိုရွိေနတဲ့
မူးယစ္ဂိုဏ္းက ျဖစ္ပါတယ္။ ႀကိဳတင္သတင္းရတာေၾကာင့္ သူတို႔ကို ဖမ္းမိခဲ့တာပါ။ သူတို႔ဟာ ထိုင္းျမန္မာနယ္စပ္ ထိုင္းေျမာက္ပိုင္းကေန မူးယစ္ေဆးဝါးေတြကို သယ္ေဆာင္လာတာျဖစ္ပါတယ္ဆိုၿပီး ေျပာသြားတာပါ။

ဒီရက္ပိုင္းအတြင္း ခ်င္းမိုင္ခ႐ိုင္ ဖန္ၿမိဳ႕နယ္အတြင္းက တည္းခိုခန္း တစ္ခုမွာ စိတ္ႂကြေဆးျပား ၁၄ သန္းေက်ာ္ပါ အထုတ္ ၇၇ ထုတ္ကို ကုန္တင္ကားငယ္တစ္စီးနဲ႔ လက္လြဲ ယူထားၾကတဲ့ တရားခံသုံးဦးကို ရဲတပ္ဖြဲ႕ဝင္ေတြက သတင္းအရ ေစာင့္ၾကည့္ ဖမ္းဆီးႏိုင္ခဲ့တာလို႔ ဆိုပါတယ္။

ေမလ ၂၉ ရက္ေန႔မွာ ေတာ့ ခ်င္းမိုင္ခ႐ိုင္ ခ်င္းေဒါင္ၿမိဳ႕နယ္ကေန ဒြိဳင္အမ္ခမ္း လမ္းမေပၚမွာ ေမာင္းႏွင္လာတဲ့ ကားတစီးကို ရဲတပ္ဖြဲ႕က လိုက္လံဖမ္းဆီးခဲ့ရာမွာ မူးယစ္ေမွာင္ခိုသမားေတြက ကားေမာင္းေျပးခဲ့တာေၾကာင့္ လမ္းမေတြကို ပိတ္ဆို႔ၿပီး ကားကို ပစ္ခတ္
ဖမ္းဆီးခဲ့ရတယ္လို႔ ဆိုပါတယ္။

မူးယစ္ေမွာင္ခိုသမားေတြဟာ ေတာင္ေပၚတိုင္ရင္းသား ႏွစ္ဦး ျဖစ္ၿပီး အမ်ိဳးသမီး တဦးကို အရွင္ဖမ္းမိခဲ့ၿပီး ရဲေတြကို ျပန္ခုခံပစ္ခတ္ခဲ့တဲ့ အမ်ိဳးသားကိုေတာ့ အေသပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။ ဒီထဲမွာေတာ့ ကားေပၚမွာ အထုတ္ ၁၇ နဲ႔
ထည့္ထားတဲ့ စိတ္ႂကြေဆးျပား ၁,၇၀၀,၀၀၀ ဖမ္ဆီးႏိုင္ခဲ့ပါတယ္။

ေမလ ၂၉ ရက္ေန႔ည မွာေတာ့ ခ်င္းမိုင္ခ႐ိုင္ဝင္ဟန္ၿမိဳ႕နယ္ ေတာင္တန္းမွာလည္း နယ္ျခားေစာင့္တပ္ေတြနဲ႔ မူးယစ္ေမွာင္ခိုသမားေတြဟာ ပစ္ခတ္မႈေတြလည္း ျဖစ္ခဲ့တာပါ။ မူးယစ္ေမွာင္ခိုသမားေတြနဲ႔ ထိုင္းစစ္တပ္တို႔ ပစ္ခတ္မႈအတြင္း စိတ္ႂကြေဆးျပား ၂,၀၀၀,၀၀၀ ကိုလည္း သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အခုဖမ္းမိတဲ့ မူးယစ္ေဆးဝါး အားလုံးကေတာ့ ကာလတန္ဖိုးအားျဖင့္ ဘတ္ေငြသန္းေပါင္း ၃,၀၀၀ ေက်ာ္ေလာက္တန္ဖိုးရွိတာပါ။

ထိုင္းစစ္တပ္နဲ႔ ျမန္မာဘက္ကလာတဲ့ မူးယစ္ေမွာင္ခိုသမားေတြဟာ ၂၀၂၀ ခုႏွစ္ထဲမွာပဲ တိုက္ပြဲ ၇ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ပါတယ္ရွင္။

 မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/thai-myanmar-drugs/5444130.html
ထိုင်း- မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား သန်း ၂၀ နဲ့ သံသယရှိသူတဦးအသေမိ ထိုင်း- မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား သန်း ၂၀ နဲ့ သံသယရှိသူတဦးအသေမိ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.