လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်မြောက်ရေးပြည်ခိုင်ဖြိုးအမတ်တောင်းဆို


(Unicode)⤵⤵⤵
လာမယ့်၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမူရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မင်းကင်းပြည်သူလွှတ်တော်ကိုစားလှယ်ဦးမောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။ဇွန်လ(၂၅)ရက်က ရန်ကုန်မြို့ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးမှာပြုလုပ်တဲ့မီဒီယာတွေ့ဆုံပွဲမှာအခုလို ပြောကြားလိုက်တာပါ။

"ကျွန်တော်တို့ချစ်တဲ့ဒီမိုကရေစီကိုလျှောက်လှမ်းမယ်ဆိုရင်မဖြစ်မနေလုပ်ရမယ့်အချက်ကရွေးကောက်ပွဲပါဘဲ။အဲ့ဒီ‌ရွေးကောက်ပွဲက သန့်ရှင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။တစ်ဖက်နဲ့တစ်ဖက်အပြိုင်အဆိုင်ပွတ်တိုက်မှုတွေရှိပြီးတရားမျှတမှုမရှိဘဲဘက်လိုက်မှုတွေရှိတယ်ဆိုရင်ကျွန်တော်တို့အတွက်တရားမျှတမှုရှိမှာမဟုတ်ဘူး"လို့ဦးမောင်မြင့်ကဆိုပါတယ်။

အခုလာမယ့်၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက်ပြည်သူလွှတ်တော်နေရာကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်ရင်လဲမိမိကိုပြည်သူလူထုကထပ်မံရွေးချယ်လိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ဦးမောင်မြင့်က ဆိုပါတယ်။

သတင်း-ရဲမြတ်သူ / One News Myanmar
------------------------------------------------
(Zawgyi)⤵⤵⤵




https://www.facebook.com/onenewsmyan
လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်မြောက်ရေးပြည်ခိုင်ဖြိုးအမတ်တောင်းဆို လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်မြောက်ရေးပြည်ခိုင်ဖြိုးအမတ်တောင်းဆို Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.