မြိတ်မြို့တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ နေအိမ်(၃)လုံး မီးလောင်ကျွမ်း


(Unicode)⤵⤵⤵
မြိတ် ၃၀ ဇွန်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း(၂)ရပ်ကွက် စိတ္တလမ်းတွင် ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က ဦးသန်းဇော်၏  အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊  (၁)ထပ်နေအိမ်တွင် ၎င်း၏ညီမဖြစ်သူ ဒေါ်စန်းစန်းလွင် (ခ) ပုငယ် (စိတ်ဝေဒနာသည်)မှ ဘုရားစင်အနီးရှိ နတ်စင်၌ ဖယောင်းတိုင်မီးပူဇော်ထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့၍ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုအား ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းသတင်းပေးသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ် (၆)စီး၊ လူနာတင်ယာဉ်(၂)စီး၊ တပ်မတော်(လေ)မှ ရေသယ်ယာဉ် (၁)စီး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ် (၅)စီး စုစုပေါင်း (၃၃)စီးဖြင့် ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ မီးသတ်ခဲ့ကြရာ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် ဦးသန်းဇော်၏ နေအိမ်အပါအဝင် ဦးစိုးမြင့်၏ အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ  သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊  (၂)ထပ်နေအိမ်တစ်လုံး၊ ဦးထွေးဝင်း၏ အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၂)ထပ်နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၇၃)သိန်းခန့်ရှိကြောင်း၊ မီးလောင်မှုတွင် တာဝန်ရှိသူ ဒေါ်စန်းစန်းလွင်အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်) / Myanmar Digital News
----------------------------------

(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕တြင္ ဖေယာင္းတိုင္မီးထြန္းထားရာမွ ေနအိမ္(၃)လုံး မီးေလာင္ကြၽမ္း

ၿမိတ္ ၃၀ ဇြန္

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕ ၿမိတ္ေတာင္နယ္ေျမ ထားဝယ္ကမ္း(၂)ရပ္ကြက္ စိတၱလမ္းတြင္ ဇြန္ ၃၀ ရက္ မြန္းလြဲ ၁ နာရီ မိနစ္ ၅၀ ခန္႔က ဦးသန္းေဇာ္၏  အလ်ား(၃၀)ေပ၊ အနံ (၅၀)ေပခန္႔ရွိ သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း၊  (၁)ထပ္ေနအိမ္တြင္ ၎၏ညီမျဖစ္သူ ေဒၚစန္းစန္းလြင္ (ခ) ပုငယ္ (စိတ္ေဝဒနာသည္)မွ ဘုရားစင္အနီးရွိ နတ္စင္၌ ဖေယာင္းတိုင္မီးပူေဇာ္ထားရာမွ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး ေနအိမ္(၃)လုံး မီးေလာင္ကြၽမ္းခဲ့၍ ထိခိုက္ဒဏ္ရာရ ေသဆုံးမႈမရွိေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္မႈအား ျပည္သူတစ္ဦးမွ မီးသတ္ဦးစီးဌာနသို႔ ဖုန္းသတင္းေပးသျဖင့္ ဗဟိုမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၄)စီး၊ ေရသယ္ယာဥ္ (၄)စီး၊ ရွာေဖြကယ္ဆယ္ေရးယာဥ္ (၁)စီး၊ လူနာတင္ယာဥ္ (၁)စီး၊ အုပ္ခ်ဳပ္မႈယာဥ္ (၁)စီး၊ အရန္မီးသတ္စခန္းမ်ားမွ မီးျငႇိမ္းသတ္ယာဥ္ (၈)စီး၊ ေရသယ္ယာဥ္ (၆)စီး၊ လူနာတင္ယာဥ္(၂)စီး၊ တပ္မေတာ္(ေလ)မွ ေရသယ္ယာဥ္ (၁)စီး၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ လူနာတင္ယာဥ္ (၅)စီး စုစုေပါင္း (၃၃)စီးျဖင့္ ခ႐ိုင္မီးသတ္ ဦးစီးဌာနမႉး ဦးေဇာ္ဝင္း ဦးေဆာင္၍ သေႏၶ+အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူမ်ား၊ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား စုေပါင္း၍ မီးသတ္ခဲ့ၾကရာ မြန္းလြဲ ၂ နာရီ ၁၈ မိနစ္တြင္ မီးၿငိမ္းခဲ့သည္။

မီးေလာင္မႈေၾကာင့္ ဦးသန္းေဇာ္၏ ေနအိမ္အပါအဝင္ ဦးစိုးျမင့္၏ အလ်ား(၃၀)ေပ၊ အနံ (၅၀)ေပခန္႔ရွိ  သြပ္မိုး၊ ထရံကာ၊ ပ်ဥ္ခင္း၊  (၂)ထပ္ေနအိမ္တစ္လုံး၊ ဦးေထြးဝင္း၏ အလ်ား(၃၀)ေပ၊ အနံ (၅၀)ေပခန္႔ရွိ  သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း၊ (၂)ထပ္ေနအိမ္တစ္လုံး စုစုေပါင္း ေနအိမ္(၃)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ (၇၃)သိန္းခန္႔ရွိေၾကာင္း၊ မီးေလာင္မႈတြင္ တာဝန္ရွိသူ ေဒၚစန္းစန္းလြင္အား ဥပေဒအရ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

ခိုင္ထူး (ၿမိတ္ ျပန္/ဆက္) / Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မြိတ်မြို့တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ နေအိမ်(၃)လုံး မီးလောင်ကျွမ်း မြိတ်မြို့တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ နေအိမ်(၃)လုံး မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.