နောက်ဆုံး ကိုဗစ်တွေ့ ၂၃ ဦး သီးခြားခွဲစောင့်ကြည့်ရက် ၅ ရက်ကြာမှ ဓာတ်ခွဲစစ်ဆေးခဲ့

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံ။
(Unicode)⤵⤵⤵
COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃ ဦးကို အစကတည်းက ရောဂါသံသယ ရှိခဲ့လို့ Quarantine ဝင်ပြီး ၅ ရက်အကြာမှ သူတို့ရဲ့ ဓာတ်ခွဲနမူနာကို ရယူခဲ့တာလို့ သိရပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ ထိုင်းနဲ့မလေးရှားပြန် ၂၃ ဦးကို ကိုဗစ်ရောဂါ အတည်ပြုခဲ့တာပါ။ အဲဒီ ၂၃ ဦးဟာ မြဝတီနယ်စပ်ဂိတ်ကနေ တဆင့်ပြန်ဝင်လာတဲ့ ၃၅ ဦးပါ အဖွဲ့ထဲကဖြစ်ပြီးတော့ သူတို့ကို ဘားအံမြို့က မူးယစ်ဆေးဖြတ်စခန်းမှာ ၈ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်လိုက်တာပါ။

ပုံမှန်ဆိုရင် Quarantine Center ကို ရောက်တာနဲ့ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ပေမဲ့ အခုတခါမှာတော့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ အကြံပြုချက်ကြောင့် ရက်နောက်ဆုတ်စစ်ခဲ့တယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ဘာလို့လည်းဆိုတော့ ချက်ချင်းစစ်လိုက်လို့ရှိရင် တကယ်လို့များ သူတို့ထိတွေ့ခဲ့တာ ရှိရင် ရောဂါပျိုးတဲ့အချိန်စစ်ရင် မပေါ်ဘူး ခင်ဗျ။ အဲတော့ သူတို့ကတော့ ရှိနိုင်တယ်ဆိုတဲ့သံသယရှိတဲ့အတွက် တမင်ကို ကျနော်တို့ ၈ ရက်နေ့စစ်မဲ့အစား ၁၂ ရက်နေ့မှ Swab ယူခဲ့တာဖြစ်ပါတယ်။”

Negative အဖြေထွက်ထားတဲ့ ကျန်တဲ့ ၁၂ ဦးကိုတော့ အသွားအလာ ကန့်သတ်ထားတဲ့ရက် မပြည့်ခင် တခါပြန်စစ်သွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက် ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ လူနာသစ် ၂၃ ဦးကို သက်ဆိုင်ရာဆေးရုံတွေဆီ လွှဲပြောင်းပြီး ဖြစ်တဲ့အကြောင်းကိုလည်း ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်က အခုလိုပြောပါတယ်။

“သက်ဆိုင်ရာဆေးရုံတွေကို လွှဲဖို့ ကျနော်တို့ကို လမ်းညွှန်တဲ့အတွက် ဒီနေ့ပဲ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီးတော့ လုံခြုံရေးအဖွဲ့နဲ့ လိုက်ပို့နေပါပြီ။”

ကရင်ပြည်နယ် ဘားအံဆေးရုံကို တဦး၊ မွန်ပြည်နယ်က ၄ ဦးကို မော်လမြိုင်ဆေးရုံရွှေ့ပြောင်းထားပြီး၊ နောက်ထပ် ၁၈ ဦးကိုတော့ ရန်ကုန်မြို့က ဝေဘာဂီဆေးရုံကို လွှဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိ မြန်မာပြည်တွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၂၈၆ ဦးရှိထားပြီး၊ အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူကတော့ ၁၈၇ ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------
(Zawgyi)⤵⤵⤵
ေနာက္ဆုံး ကိုဗစ္ေတြ႕ ၂၃ ဦး သီးျခားခြဲေစာင့္ၾကည့္ရက္ ၅ ရက္ၾကာမွ ဓာတ္ခြဲစစ္ေဆးခဲ့

COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၂၃ ဦးကို အစကတည္းက ေရာဂါသံသယ ရွိခဲ့လို႔ Quarantine ဝင္ၿပီး ၅ ရက္အၾကာမွ သူတို႔ရဲ႕ ဓာတ္ခြဲနမူနာကို ရယူခဲ့တာလို႔ သိရပါတယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပေပးသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ ၈ နာရီထုတ္ျပန္ခ်က္အရ ထိုင္းနဲ႔မေလးရွားျပန္ ၂၃ ဦးကို ကိုဗစ္ေရာဂါ အတည္ျပဳခဲ့တာပါ။ အဲဒီ ၂၃ ဦးဟာ ျမဝတီနယ္စပ္ဂိတ္ကေန တဆင့္ျပန္ဝင္လာတဲ့ ၃၅ ဦးပါ အဖြဲ႕ထဲကျဖစ္ၿပီးေတာ့ သူတို႔ကို ဘားအံၿမိဳ႕က မူးယစ္ေဆးျဖတ္စခန္းမွာ ၈ ရက္ေန႔ကစၿပီး အသြားအလာ ကန႔္သတ္လိုက္တာပါ။

ပုံမွန္ဆိုရင္ Quarantine Center ကို ေရာက္တာနဲ႔ ဓာတ္ခြဲနမူနာရယူ စစ္ေဆးခဲ့ေပမဲ့ အခုတခါမွာေတာ့ က်န္းမာေရးဌာန တာဝန္ရွိသူေတြရဲ႕ အႀကံျပဳခ်က္ေၾကာင့္ ရက္ေနာက္ဆုတ္စစ္ခဲ့တယ္လို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ေျပာပါတယ္။

“ဘာလို႔လည္းဆိုေတာ့ ခ်က္ခ်င္းစစ္လိုက္လို႔ရွိရင္ တကယ္လို႔မ်ား သူတို႔ထိေတြ႕ခဲ့တာ ရွိရင္ ေရာဂါပ်ိဳးတဲ့အခ်ိန္စစ္ရင္ မေပၚဘူး ခင္ဗ်။ အဲေတာ့ သူတို႔ကေတာ့ ရွိႏိုင္တယ္ဆိုတဲ့သံသယရွိတဲ့အတြက္ တမင္ကို က်ေနာ္တို႔ ၈ ရက္ေန႔စစ္မဲ့အစား ၁၂ ရက္ေန႔မွ Swab ယူခဲ့တာျဖစ္ပါတယ္။”

Negative အေျဖထြက္ထားတဲ့ က်န္တဲ့ ၁၂ ဦးကိုေတာ့ အသြားအလာ ကန႔္သတ္ထားတဲ့ရက္ မျပည့္ခင္ တခါျပန္စစ္သြားမယ္လို႔ ဆိုပါတယ္။

ဒီကေန႔မနက္ ထုတ္ျပန္ခဲ့ၿပီးျဖစ္တဲ့ လူနာသစ္ ၂၃ ဦးကို သက္ဆိုင္ရာေဆး႐ုံေတြဆီ လႊဲေျပာင္းၿပီး ျဖစ္တဲ့အေၾကာင္းကိုလည္း ဘားအံခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးဆန္းေအာင္က အခုလိုေျပာပါတယ္။

“သက္ဆိုင္ရာေဆး႐ုံေတြကို လႊဲဖို႔ က်ေနာ္တို႔ကို လမ္းၫႊန္တဲ့အတြက္ ဒီေန႔ပဲ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဦးစီးၿပီးေတာ့ လုံၿခဳံေရးအဖြဲ႕နဲ႔ လိုက္ပို႔ေနပါၿပီ။”

ကရင္ျပည္နယ္ ဘားအံေဆး႐ုံကို တဦး၊ မြန္ျပည္နယ္က ၄ ဦးကို ေမာ္လၿမိဳင္ေဆး႐ုံေ႐ႊ႕ေျပာင္းထားၿပီး၊ ေနာက္ထပ္ ၁၈ ဦးကိုေတာ့ ရန္ကုန္ၿမိဳ႕က ေဝဘာဂီေဆး႐ုံကို လႊဲခဲ့တယ္လို႔ ဆိုပါတယ္။

ဒီကေန႔ မနက္ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာျပည္တြင္း ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၂၈၆ ဦးရွိထားၿပီး၊ အဲဒီထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူကေတာ့ ၁၈၇ ဦးအထိ ရွိထားၿပီးျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid-new-cases/5469280.html
နောက်ဆုံး ကိုဗစ်တွေ့ ၂၃ ဦး သီးခြားခွဲစောင့်ကြည့်ရက် ၅ ရက်ကြာမှ ဓာတ်ခွဲစစ်ဆေးခဲ့ နောက်ဆုံး ကိုဗစ်တွေ့ ၂၃ ဦး သီးခြားခွဲစောင့်ကြည့်ရက် ၅ ရက်ကြာမှ ဓာတ်ခွဲစစ်ဆေးခဲ့ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.