ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေပေါ်မှ ကျူးကျော်များကို ဥပဒေနှင့်အညီဆောင်ရွက်မည်


(Unicode)⤵⤵⤵
ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေပေါ်က ကျူးကျော်တွေကို အပြီးဖယ်ရှားဖို့ ဥပဒေနဲ့အညီဆောင်ရွက်နေတယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကပြောပါတယ်။ ဇွန်(၁၇)ရက်ကကျင်းပတဲ့ မကွေးတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့က ကြယ်ပွင့်ပြမေးခွန်းကိုဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

ရေနံချောင်းဒီဂရီကောလိပ်နဲ့ မျက်နှာချင်းဆိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးက မြေ(၅)ဧကကျော်ပေါ်မှာ ရေနံချောင်းဒီဂရီကောလိပ်ရဲ့ စံချိန်မီအားကစားကွင်း တည်ဆောက်ဖို့ လျာထားဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျူးကျော် နေထိုင်သူတွေရှိနေတဲ့အတွက် အားကစားကွင်းတည်ဆောက်နိုင်ဖို့ အဟန့်အတား ဖြစ်နေတာပါ။ မြို့နယ်၊ ခရိုင်၊ တိုင်း အာဏာပိုင်အဖွဲ့အစည်းတွေက ဖယ်ရှားပေးဖို့ ညွှန်ကြားပေမယ့် ဖယ်ရှား ပေးတာမရှိတဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှက ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမြေပေါ်မှာ ကျူးကျော်နေထိုင်သူတွေကို တရားမ အမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး အပြီးဖယ်ရှားဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကဆိုပါတယ်။ ရေနံချောင်းဒီဂရီကောလိပ်ရဲ့ ခေတ်မီအားကစားကွင်း တည်ဆောက်ဖို့အတွက် အဲဒီမြေနေရာကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း စွမ်းအင်ဝန်ကြီးဌာနက (၂၀၁၅)ခုနှစ်မှာ စွန့်လွှတ်ပေးထားခဲ့တာပါ။

အားကစားကွင်းတည်ဆောက်ဖို့အတွက် မြေယာပြုပြင်ဖို့ ဘတ်ဂျက်တွေကျပေမယ့် ကျူးကျော်နေထိုင်သူတွေ ရှိနေသေးတဲ့အတွက် ပြန်အပ်ရတာ (၂)နှစ်ရှိနေပြီး အမြန်ဆုံး အဆင်ပြေပြေနဲ့ဖယ်ရှားပေးစေချင်တယ်လို့  ဦးသိန်းလှကပြောပါတယ်။ အဲဒီကျူးကျော် နေထိုင်သူတွေကို (၂၀၁၈)ခုနှစ် စက်တင်ဘာလမှာ ရေနံချောင်းမြို့နယ် တရားရုံးက ဖယ်ရှားပေးဖို့ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် လက်ရှိအချိန်ထိဖယ်ရှားတာမရှိသေးတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ-၄၄၇၊ တရားမမှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း-စိုးစိုးဦး၊ သက်ခိုင်မိုး / One News Myanmar
--------------------------------------------------
(Zawgyi)⤵⤵⤵
ေရနံေခ်ာင္းဒီဂရီေကာလိပ္ပိုင္ေျမေပၚမွ က်ဴးေက်ာ္မ်ားကို ဥပေဒႏွင့္အညီေဆာင္႐ြက္မည္

ေရနံေခ်ာင္းဒီဂရီေကာလိပ္ပိုင္ေျမေပၚက က်ဴးေက်ာ္ေတြကို အၿပီးဖယ္ရွားဖို႔ ဥပေဒနဲ႔အညီေဆာင္႐ြက္ေနတယ္လို႔ မေကြးတိုင္းအစိုးရအဖြဲ႕လူမႈေရးဝန္ႀကီး ေဒါက္တာ ခင္ေမာင္ေအးကေျပာပါတယ္။ ဇြန္(၁၇)ရက္ကက်င္းပတဲ့ မေကြးတိုင္းလႊတ္ေတာ္ ပုံမွန္အစည္းအေဝး တတိယေန႔က ၾကယ္ပြင့္ျပေမးခြန္းကိုေျဖၾကားရာမွာ ထည့္သြင္း ေျပာၾကားခဲ့တာပါ။

ေရနံေခ်ာင္းဒီဂရီေကာလိပ္နဲ႔ မ်က္ႏွာခ်င္းဆိုင္၊ ရန္ကုန္-မႏၲေလးကားလမ္းေဘးက ေျမ(၅)ဧကေက်ာ္ေပၚမွာ ေရနံေခ်ာင္းဒီဂရီေကာလိပ္ရဲ႕ စံခ်ိန္မီအားကစားကြင္း တည္ေဆာက္ဖို႔ လ်ာထားေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အဲဒီေနရာမွာ က်ဴးေက်ာ္ ေနထိုင္သူေတြရွိေနတဲ့အတြက္ အားကစားကြင္းတည္ေဆာက္ႏိုင္ဖို႔ အဟန႔္အတား ျဖစ္ေနတာပါ။ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္း အာဏာပိုင္အဖြဲ႕အစည္းေတြက ဖယ္ရွားေပးဖို႔ ၫႊန္ၾကားေပမယ့္ ဖယ္ရွား ေပးတာမရွိတဲ့အတြက္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေရနံေခ်ာင္းၿမိဳ႕နယ္ အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိန္းလွက ၾကယ္ပြင့္ျပေမးခြန္းေမးျမန္းခဲ့တာျဖစ္ပါတယ္။

အဲဒီေျမေပၚမွာ က်ဴးေက်ာ္ေနထိုင္သူေတြကို တရားမ အမႈနဲ႔ အေရးယူသြားမွာျဖစ္ၿပီး အၿပီးဖယ္ရွားဖို႔ ဥပေဒနဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ လူမႈေရးဝန္ႀကီး ေဒါက္တာ ခင္ေမာင္ေအးကဆိုပါတယ္။ ေရနံေခ်ာင္းဒီဂရီေကာလိပ္ရဲ႕ ေခတ္မီအားကစားကြင္း တည္ေဆာက္ဖို႔အတြက္ အဲဒီေျမေနရာကို ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း စြမ္းအင္ဝန္ႀကီးဌာနက (၂၀၁၅)ခုႏွစ္မွာ စြန႔္လႊတ္ေပးထားခဲ့တာပါ။

အားကစားကြင္းတည္ေဆာက္ဖို႔အတြက္ ေျမယာျပဳျပင္ဖို႔ ဘတ္ဂ်က္ေတြက်ေပမယ့္ က်ဴးေက်ာ္ေနထိုင္သူေတြ ရွိေနေသးတဲ့အတြက္ ျပန္အပ္ရတာ (၂)ႏွစ္ရွိေနၿပီး အျမန္ဆုံး အဆင္ေျပေျပနဲ႔ဖယ္ရွားေပးေစခ်င္တယ္လို႔  ဦးသိန္းလွကေျပာပါတယ္။ အဲဒီက်ဴးေက်ာ္ ေနထိုင္သူေတြကို (၂၀၁၈)ခုႏွစ္ စက္တင္ဘာလမွာ ေရနံေခ်ာင္းၿမိဳ႕နယ္ တရား႐ုံးက ဖယ္ရွားေပးဖို႔ျပစ္ဒဏ္ခ်မွတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိဖယ္ရွားတာမရွိေသးတဲ့အတြက္ ရာဇသတ္ႀကီး ပုဒ္မ-၄၄၇၊ တရားမမႈေတြနဲ႔ တရားစြဲဆိုသြားမယ္လို႔ သိရပါတယ္။

သတင္း-စိုးစိုးဦး၊ သက္ခိုင္မိုး / One News Myanmar
https://www.facebook.com/onenewsmyan
ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေပေါ်မှ ကျူးကျော်များကို ဥပဒေနှင့်အညီဆောင်ရွက်မည် ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေပေါ်မှ ကျူးကျော်များကို ဥပဒေနှင့်အညီဆောင်ရွက်မည် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.