အာကာသပေါ်ရော သမုဒ္ဒရာကြမ်းပြင်အထိပါ ရောက်ခဲ့တဲ့ အမျိုးသမီး

ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာကို အမျိုးသမီးအနေနဲ့လည်း ပထမဆုံးရောက်ရှိသူဖြစ်လာ
(Unicode)⤵⤵⤵
၂၀၂၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့မှာ ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး သမုဒ္ဒရာ ကြမ်းပြင် ဖြစ်တယ်လို့ သတ်မှတ်ထားကြတဲ့ ချယ်လန်ဂျာ ဒိ(ပ်) ရှိရာ ပေ ၃၅,၈၁၀ ရေအနက်ကို ဆင်းခဲ့သူ ဒေါက်တာ ကက်သီ ဆူလီဗန်ဟာ အာကာသပေါ်နဲ့ ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာနှစ်ခုစလုံးကို ပထမဆုံးရောက်သူ ဖြစ်လာခဲ့ပါတယ်။

နာဆာ အာကာသယာဉ်မှူးဟောင်း တဦးလည်း ဖြစ်တဲ့ ဒေါက်တာ ဆူလီဗန်ဟာ အနောက် ပစိဖိတ်သမုဒ္ဒရာ အတွင်းက မာရီယားနား သမုဒ္ဒရာချောက်ကျဉ်းကနေ ဆင်းသက်ပြီး ချယ်လန်ဂျာ ဒိ(ပ်)ကို ရေငုပ်သင်္ဘောငယ်စီးပြီး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

“အဲဒီကို ရောက်သွားတော့ လပေါ်က မြေပြင်အနေအထားနဲ့ ဆင်တူတဲ့ တခြားဂြိုဟ်တခုကို ရောက်သွားတဲ့ ဂြိုဟ်သားတယောက်လို ခံစားရပါတယ်။ တကယ့်ကို မှတ်မှတ်ရရ ဖြစ်စရာပါပဲ” လို့ အသက် ၆၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါက်တာ ဆူလီဗန်က ပြောပါတယ်။
 “တခြားဂြိုဟ်တခုကို ရောက်သွားတဲ့ ဂြိုဟ်သားတယောက်လို ခံစားရ”
သူဟာ အဲဒီ ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာကို အမျိုးသမီးအနေနဲ့လည်း ပထမဆုံးရောက်ရှိသူ ဖြစ်လာပြီး ယေဘုယျအနေနဲ့ အဋ္ဌမမြောက် ရောက်ရှိသူ ဖြစ်လာပါတယ်။

အဲဒီ နေရာဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ သာမန်အနက်ထက် ၁၁ ကီလိုမီတာ အောက်မှာရှိတဲ့ ချောက်ကျဉ်းတခုလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ ကြီးမားလှတဲ့ ရေနက်ပိုင်း ဖိအားကို ခံနိုင်အောင် တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောငယ်အတွင်း စီးနင်းလိုက်ပါပြီး အဲဒီချောက်ကျဉ်းကို တနာရီခွဲကြာ လေ့လာကြည့်ရှုခဲ့ပါတယ်။
ဒေါက်တာဆူလီဗန်နဲ့အတူ လိုက်ပါလာသူကတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူနဲ့ စူးစမ်းရှာဖွေသူ တဦးဖြစ်တဲ့ ဗစ်တာ ဗက်စ်ကိုဗို ဖြစ်
သူနဲ့အတူ လိုက်ပါလာသူကတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူနဲ့ စူးစမ်းရှာဖွေသူ တဦးဖြစ်တဲ့ ဗစ်တာ ဗက်စ်ကိုဗို ဖြစ်ပြီး သူဟာလည်း ကမ္ဘာ့ သမုဒ္ဒရာကြီး ငါးခုရဲ့ အနက်ရှိုင်းဆုံးနေရာတွေ အားလုံးကို ပထမဆုံး ရောက်ဖူးခဲ့သူ ဖြစ်ပါတယ်။

“ကျွန်မ ဒီလိုရောက်နိုင်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးသလို ဗစ်တာက ကျွန်မကို ဒီလို လိုက်ခဲ့ဖို့ ဖိတ်လိမ့်မယ်လို့လည်း မတွေးခဲ့ဖူးပါဘူး” လို့ ဒေါက်တာ ဆူလီဗန်က ပြောပါတယ်။

မာရီယားနားလို နက်ရှိုင်းလှတဲ့ ချောက်ကျဉ်းကြီးရဲ့ အောက်ခြေ ရေပြင်က ရေခဲလုမတတ် အေးစက်ပြီး အလင်းရောင်လည်း မရောက်တဲ့အပြင် ရေထုဖိအားကလည်း ပြင်ပအရာဝတ္ထုတခုကို အမှုန့်ချေပစ်နိုင်လောက်တဲ့အထိ ဖိအားပြင်းတဲ့ နေရာ ဖြစ်ပါတယ်။

ဒီလို အခြေအနေရှိတဲ့ကြားက အဲဒီနေရာမှာ ကျက်စားနေတဲ့ သတ္တဝါတွေ ရှိနေသေးပြီး သူတို့ ရှင်သန်နိုင်သလဲဆိုတာကို လတ်တလောအတွင်းကမှ စပြီး သုတေသီတွေက လေ့လာသိရှိလာကြတာ ဖြစ်ပါတယ်။
ရေထုဖိအားက ပြင်ပအရာဝတ္ထုတခုကို အမှုန့်ချေဖြစ်နိုင်လောက်တဲ့အထိ ဖိအားပြင်းတဲ့ အဲဒီနေရာမှာ ကျက်စားနေတဲ့ သတ္တဝါတွေ ရှိနေ
အဲဒီ မာရီယားနား ချောက်ကျဉ်းအတွင်းကို ဆင်းသက်ပြီး အောက်ခြေကြမ်းပြင် အထိ ပထမဆုံး ဆင်းသက်နိုင်ခဲ့သူကတော့ အမေရိကန်ကမ်းတပ်တပ်ဖွဲ့ဗိုလ်ကြီး ဒွန် ဝဲ့လ်ရှ် နဲ့ ဆွစ်ဇာလန် အင်ဂျင်နီယာ ဂျက်ပီးကာ့ဒ် တို့ဖြစ်ပြီး ၁၉၆၀ မှာ နက်ရှိုင်းရေနက်သွား ရေငုပ်သင်္ဘောငယ် တမျိုးဖြစ်တဲ့ ထရီးယက်စ် သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ကမ်းတပ်တပ်ဖွဲ့ဗိုလ်ကြီး ဒွန် ဝဲ့လ်ရှ် နဲ့ ဆွစ်ဇာလန် အင်ဂျင်နီယာ ဂျက်ပီးကာ့ဒ် တို့ မာရီယားနား ချောက်ကျဉ်းအတွင်းကို ၁၉၆၀ မှာ ထရီးယက်စ် ရေငုပ်သင်္ဘောနဲ့ သွားရောက်ခဲ့
ဒုတိယအကြိမ် အဲဒီ ချောက်ကျဉ်းထဲကို ဆင်းသက်မှုကတော့ နောက်ထပ် ရာစုနှစ်ဝက်လောက် အကြာ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ် ကန်မရွန်က သူ့ရဲ့ အစိမ်း တောက်တောက် အရောင်ရှိတဲ့ ရေငုပ်သင်္ဘောငယ်နဲ့အတူ တစ်ကိုယ်တော် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
အစိမ်း တောက်တောက် အရောင်ရှိတဲ့ ရေငုပ်သင်္ဘောငယ်နဲ့အတူ မာရီယားနား ချောက်ကျဉ်းထဲကို တစ်ကိုယ်တော် ဆင်းသက်ခဲ့တဲ့ ဂျိမ်းစ် ကန်မရွန်
အခု နောက်ဆုံး ဒေါက်တာဆူလီဗန်ပါဝင်တဲ့ ဆင်းသက်မှုကတော့ သမုဒ္ဒရာကြမ်းပြင်အောက် လှုပ်ရှားဆဲ မီးတောင်တွေ ပတ်ပတ်လည် တည်ရှိနေပြီး မီးကွင်းဝိုင်း လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက အနက်ရှိုင်းဆုံးနေရာတွေကို လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ ၁၉၇၉ မှာ နာဆာ အာကာသယာဉ်မှူး ဖြစ်လာပြီး ၁၉၈၄ မှာတော့ အာကာသတွင်း လမ်းလျှောက်မှုလို့ ခေါ်တဲ့ အာကာယာဉ်အပြင်ဘက်ထွက်ပြီး သွားလာလှုပ်ရှားမှုပြုသူ ပထမဆုံး အမေရိကန် အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

သူရဲ့ အာကာသအတွင်း နေထိုင်ချိန် နာရီပေါင်း ၅၃၂ နာရီ ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ထင်ရှားကျော်ကြား အာကာသယာဉ်မှူးများခန်းမမှာ သူ့အကြောင်း ထည့်သွင်းပြသခံခဲ့ရပါတယ်။
ဒေါက်တာဆူလီဗန်ရဲ့ အာကာသအတွင်း နေထိုင်ချိန် နာရီပေါင်း ၅၃၂ နာရီ ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာ ထင်ရှားကျော်ကြား အာကာသယာဉ်မှူးများခန်းမအတွင်း သူ့အကြောင်း ထည့်သွင်းပြသခံရ
အဲဒီ နောက်ပိုင်းမှာတော့ သူဟာ အမေရိကန် နိုင်ငံလုံးဆိုင်ရာ သမုဒ္ဒရာထုနဲ့ လေထုအခြေအနေ လေ့လာကြီးကြပ်ရေး ဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဒီဌာနရဲ့ ကြီးကြပ်ရေးမှူးပါ ဖြစ်လာခဲ့ပါတယ်။

သူ သမုဒ္ဒရာ ရေအောက်အတွင်းမှာပဲ ရှိနေစဉ်မှာ ဘီဘီစီက ဖုန်းကတဆင့် အမေးအဖြေ ပြုလုပ်ခဲ့ရာမှာ အာကာသနဲ့ သမုဒ္ဒရာကြမ်းပြင်တို့ဟာ “လူသားတွေရှေ့မှောက်မှာ ရှိနေတဲ့ အကြီးကျယ်ဆုံး ရုပ်ပိုင်းဆိုင်ရာ အစွန်အဖျား အကျဆုံး နယ်ပယ်တွေ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အခုတော့ သူဟာ အခြေအနေကွာခြားမှု ကြီးမားတဲ့ အဲဒီ နှစ်နေရာစလုံးကို ပထမဆုံးရောက်ခဲ့သူ တဦး ဖြစ်လာပါပြီ။

သူနေခဲ့ဖူးတဲ့ နိုင်ငံတကာ အာကာသစခန်း (ISS) ဆိုရင် လေဟာနယ်ထဲမှာ တည်ရှိပြီး သမုဒ္ဒရာရေအောက် ကြမ်းပြင်ကို သူသွားချိန်မှာ စီးနင်းခဲ့တဲ့ ‘ကန့်သတ်နေတဲ့ အကြောင်းအချက်’ အမည်ရ ရေငုပ်သင်္ဘောငယ်ကတော့ တစ်လက်မ ပတ်လည်ကို ရှစ်တန် အလေးချိန် အထိရှိတဲ့ ဖိအားကို ခံစားခဲ့ရပြီး ဒါဟာ ပင်လယ်ရေမျက်နှာပြင်အဆင့်မှာ ရှိလေ့ရှိတဲ့ ဖိအားထက် အဆ တစ်ထောင်လောက် ရှိတဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ဒေါက်တာဆူလီဗန် လိုက်ပါ စီးနင်းခဲ့တဲ့ 'ကန့်သတ်နေတဲ့ အကြောင်းအချက်' အမည်ရ ရေငုပ်သင်္ဘောငယ် ကတော့ တလက်မ ပတ်လည်ကို ရှစ်တန် အလေးချိန် အထိရှိတဲ့ ဖိအားကို ခံစားခဲ့ရ
“ကျွန်မက သိပ္ပံပညာရှင် အနေနဲ့ရော အင်ဂျင်နီယာ အနေနဲ့ပါ လေ့ကျင့် သင်ကြားခဲ့သူ ဆိုတော့ အာကာသယာဉ်မှူးဘဝတုန်းက အာကာသယာဉ်ထဲမှာ စီးနင်းလိုက်ပါရတာနဲ့ အခု ရေငုပ်သင်္ဘောလို အထူးပြု တည်ဆောက်ထားတဲ့ ယာဉ်တွေထဲမှာ စီးနင်းလိုက်ပါရတာ ငြီးငွေ့စရာမရှိပဲ အရမ်းကို စိတ်ဝင်စားပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်” လို့ ဒေါက်တာ ဆူလီဗန်က ဆိုပါတယ်။

“ကျွန်မအတွက်တော့ ဒီယာဉ်တွေက အာလာဒင် ပုံပြင်ထဲက ကော်ဇောပျံတွေလိုပဲ သာမန်လူသားတွေ မရောက်နိုင်တဲ့ နေရာတွေကို ပို့ပေးနိုင်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ အာကာသယာဉ်မှူး မဖြစ်ခင်မှာ ဘူမိဗေဒ ဘာသာရပ်ကို ပါရဂူဘွဲ့အဆင့်နဲ့ ကနေဒါနိုင်ငံ ဒယ်လ်ဟောက်ဇီ တက္ကသိုလ်မှာ ဆည်းပူးခဲ့ပြီး ပင်လယ်ပြင်လေ့လာရေး ခရီးစဉ်တွေကိုလည်း တာဝန်ယူ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့ပင်လယ်ပြင်အောက်က ချောက်ကျဉ်းကြီးတွေထဲက တခုကို လေ့လာ စူးစမ်းဖို့ အခွင့်အရေး ရလာတဲ့ အခါမှာလည်း ဒေါက်တာ ဆူလီဗန်က ဝမ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်။
ဒေါက်တာ ဆူလီဗန် ဟာ အာကာသယာဉ်မှူး မဖြစ်ခင်မှာ ဘူမိဗေဒ ဘာသာရပ်ကို ပါရဂူဘွဲ့အဆင့် ဆည်းပူးခဲ့ပြီး ပင်လယ်ပြင်လေ့လာရေး ခရီးစဉ်တွေကိုလည်း တာဝန်ယူ သွားရောက်ခဲ့သူ ဖြစ်
“အဏ္ဏဝါဗေဒ ပညာရှင် တယောက်အနေနဲ့ သမားရိုးကျထက် ပိုမို ပြင်းထန်တဲ့ ဘူမိဗေဒ ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ပင်လယ်ပြင်အောက်က ချောက်ကျဉ်းကြီးတခုကို မျက်မြင်ကိုယ်တွေ့ လေ့လာရတာ တခြားသူ တယောက်ယောက်ရဲ့ အချက်အလက်နဲ့ ရုပ်ပုံတွေကို ကြည့်ရတာနဲ့ မတူဘဲ ထူးခြားလှပြီး ဒီလို ကိုယ်တွေ့ လေ့လာခွင့်ရဖို့လည်း အရေးကြီးပါတယ်” လို့လည်း သူက ဆိုပါတယ်။

အခု သူသွားခဲ့တဲ့ ခရီးစဉ်ဖြစ်မြောက်အောင် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးရတဲ့ EYOS လေ့လာစူးစမ်းမှု ပို့ဆောင်ရေး ကုမ္ပဏီကို ပူးတွဲ ထူထောင်သူ ဖြစ်တဲ့ ရော့ဘ် မက်ကယ်လန်ကလည်း ဒေါက်တာ ဆူလီဗန်ဟာ “စိတ်အားထက်သန်မှုရှိပြီး ပညာရှင်လည်း ပီသတဲ့ ကမ္ဘာ့သမုဒ္ဒရာများ အရေး ရှေ့ဆောင်လှုပ်ရှားသူ တဦး” ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့မှာက နည်းပညာကို အသုံးပြုပြီး စူးစမ်းလေ့လာမှု တိုးတက်အောင် လုပ်တဲ့နေရာမှာ အတွေ့အကြုံအများကြီး ရှိပါတယ်”

“သမုဒ္ဒရာတွေအရေးနဲ့ ပတ်သက်ပြီး ပညာပေးနိုင်သူ ရော ရှေ့ဆောင် လှုပ်ရှားသူ တဦးပါ ဖြစ်တဲ့အတွက် (ပေ ၂၀,ဝဝဝ ပတ်ဝန်းကျင် အထက် ရေနက်ရှိတဲ့) ရေနက် သမုဒ္ဒရာ သိပ္ပံပညာရဲ့ အကျိုးကျေးဇူးတွေကို မီးမောင်းထိုးပြနိုင်မယ့်သူလည်း ဖြစ်တယ်” လို့လည်း ရော့ဘ်က ဆိုပါတယ်။

ဒေါက်တာ ဆူလီဗန်နဲ့ ဗစ်တာ ဗက်စ်ကိုဗိုတို့ ရေနက်ပိုင်းကနေ ပြန်တက်လာပြီး အပေါ်မှာ စောင့်နေတဲ့ ပင်မ သင်္ဘောပေါ်ကို ပြန်ရောက်တဲ့ အချိန်မှာ ကမ္ဘာ့မြေပြင်အထက် ပေ တစ်သန်းခွဲလောက် (ကီလိုမီတာ ၄၀ဝ ခန့်) အမြင့်မှာ ရှိနေတဲ့ နိုင်ငံတကာ အာကာသ စခန်း (ISS) နဲ့ ချိတ်ဆက် ဖုန်းပြောခဲ့ကြပါတယ်။

“လူတွေအတွက် အစွန်အဖျား အကျဆုံး နယ်ပယ်တွေကို စူးစမ်းရှာဖွေ လေ့လာသူတွေ အချင်းချင်း ဆက်သွယ်ပြီး စူးစမ်းရှာဖွေလိုတဲ့ စိတ်ချင်းတူတာနဲ့ အခုလို စိတ်လှုပ်ရှားစရာ စူးစမ်းရှာဖွေရေးတွေ လုပ်နိုင်စေတဲ့ အင်ဂျင်နီယာပညာကို တန်ဖိုးထားတာ တူကြသူတွေ အောင်ပွဲခံတဲ့ အနေနဲ့ ဒီလို ဆက်သွယ် စကားပြောခဲ့တာပါ” လို့ ဒေါက်တာဆူလီဗန်က ဆိုပါတယ်။

“ကျွန်မအတွက်တော့ ဒီလို ဆက်သွယ်စကားပြောရတာ မတွေ့ရတာကြာသူတွေ ပြန်လည် တွေ့ဆုံ စကားပြောကြသလိုပါပဲ” လို့လည်း သူကပြောပါတယ်။

သူ့ရဲ့ အခုလို လေ့လာစူးစမ်းရေး ခရီးစဉ်နဲ့တကွ အခြား အလားတူ ခရီးစဉ်တွေဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ပေါ်က ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်ရေပြင်တွေမှာ သက်ရှိဘဝတွေ ဘယ်လို ရှင်သန်မှု ရှိနေတယ်ဆိုတာကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီခရီးစဉ်ကြောင့် လူတွေသိထားတဲ့ နယ်ပယ် အစွန်အဖျားဆိုတဲ့ အကန့်အသတ်ထက် ထပ်တိုးပြီး သိရှိရေးအတွက် စူးစမ်းလေ့လာလိုသူတွေ များလာအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ဒေါက်တာ ဆူလီဗန်က မျှော်လင့်နေပါတယ်။

“လူသားတွေဆိုတာ ပင်ကို သဘာဝ အရ စူးစမ်းလေ့လာချင်သူတွေဖြစ်ပြီး ကျွန်မတို့ရဲ့ ကိုယ့် ကိုယ်ခန္ဓာနဲ့ တကွ စကြဝဠာအတွင်းက ရုပ်ဝတ္ထု အတိုင်းအတာ အမျိုးမျိုးရှိတဲ့ နယ်ပယ်တိုင်းကို ဆက်လက် လေ့လာတယ် ဆိုတာက ဘယ်လောက် သဘာဝကျပြီး မရှိမဖြစ်လည်း အရေးကြီးတယ် ဆိုတာကို တခြားသူတွေလည်း နားလည်သဘောပေါက်လာအောင် ကျွန်မက စေ့ဆော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး သူက ဆိုပါတယ်။

အခုလို စူးစမ်းရှာဖွေ လေ့လာနေဖို့နဲ့ ဆန်းသစ်တီထွင်နေဖို့ စေ့ဆော်မှုတွေက လူသားဘဝကို ရှေ့လျောက် တိုးတက်မှု ရှိနေစေဖို့ အထောက်အကူပြုမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဒီလို လှုံ့ဆော်မှုတွေကနေပဲ ကျွန်မတို့ရဲ့ ဘဝတွေကို အသွင်ပြောင်းမယ့် အနာဂတ်နည်းပညာတွေကို ဖန်တီးမှာ ဖြစ်ပြီးတော့ အဲဒီကမှ လူသားတွေကို ဆင်းရဲချို့တဲ့မှုက လွန်မြောက်စေပြီး ကျန်းမာရေး အကျပ်အတည်းတွေကိုလည်း ဖြေရှင်းနိုင်မယ့် စွမ်းရည်ကို ရပါလိမ့်မယ်”

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
အာကာသေပၚေရာ သမုဒၵရာၾကမ္းျပင္အထိပါ ေရာက္ခဲ့တဲ့ အမ်ိဳးသမီး

၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၇ ရက္ေန႔မွာ ကမာၻရဲ႕ အနက္ရႈိင္းဆုံး သမုဒၵရာ ၾကမ္းျပင္ ျဖစ္တယ္လို႔ သတ္မွတ္ထားၾကတဲ့ ခ်ယ္လန္ဂ်ာ ဒိ(ပ္) ရွိရာ ေပ ၃၅,၈၁၀ ေရအနက္ကို ဆင္းခဲ့သူ ေဒါက္တာ ကက္သီ ဆူလီဗန္ဟာ အာကာသေပၚနဲ႔ ကမာၻရဲ႕ အနက္ရႈိင္းဆုံး ေနရာႏွစ္ခုစလုံးကို ပထမဆုံးေရာက္သူ ျဖစ္လာခဲ့ပါတယ္။

နာဆာ အာကာသယာဥ္မႉးေဟာင္း တဦးလည္း ျဖစ္တဲ့ ေဒါက္တာ ဆူလီဗန္ဟာ အေနာက္ ပစိဖိတ္သမုဒၵရာ အတြင္းက မာရီယားနား သမုဒၵရာေခ်ာက္က်ဥ္းကေန ဆင္းသက္ၿပီး ခ်ယ္လန္ဂ်ာ ဒိ(ပ္)ကို ေရငုပ္သေဘၤာငယ္စီးၿပီး ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

“အဲဒီကို ေရာက္သြားေတာ့ လေပၚက ေျမျပင္အေနအထားနဲ႔ ဆင္တူတဲ့ တျခားၿဂိဳဟ္တခုကို ေရာက္သြားတဲ့ ၿဂိဳဟ္သားတေယာက္လို ခံစားရပါတယ္။ တကယ့္ကို မွတ္မွတ္ရရ ျဖစ္စရာပါပဲ” လို႔ အသက္ ၆၈ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ေဒါက္တာ ဆူလီဗန္က ေျပာပါတယ္။

သူဟာ အဲဒီ ကမာၻ႔အနက္ရႈိင္းဆုံးေနရာကို အမ်ိဳးသမီးအေနနဲ႔လည္း ပထမဆုံးေရာက္ရွိသူ ျဖစ္လာၿပီး ေယဘုယ်အေနနဲ႔ အ႒မေျမာက္ ေရာက္ရွိသူ ျဖစ္လာပါတယ္။

အဲဒီ ေနရာဟာ ပစိဖိတ္သမုဒၵရာရဲ႕ သာမန္အနက္ထက္ ၁၁ ကီလိုမီတာ ေအာက္မွာရွိတဲ့ ေခ်ာက္က်ဥ္းတခုလည္း ျဖစ္ပါတယ္။

ေဒါက္တာ ဆူလီဗန္ဟာ ႀကီးမားလွတဲ့ ေရနက္ပိုင္း ဖိအားကို ခံႏိုင္ေအာင္ တည္ေဆာက္ထားတဲ့ ေရငုပ္သေဘၤာငယ္အတြင္း စီးနင္းလိုက္ပါၿပီး အဲဒီေခ်ာက္က်ဥ္းကို တနာရီခြဲၾကာ ေလ့လာၾကည့္ရႈခဲ့ပါတယ္။

သူနဲ႔အတူ လိုက္ပါလာသူကေတာ့ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံသူနဲ႔ စူးစမ္းရွာေဖြသူ တဦးျဖစ္တဲ့ ဗစ္တာ ဗက္စ္ကိုဗို ျဖစ္ၿပီး သူဟာလည္း ကမာၻ႔ သမုဒၵရာႀကီး ငါးခုရဲ႕ အနက္ရႈိင္းဆုံးေနရာေတြ အားလုံးကို ပထမဆုံး ေရာက္ဖူးခဲ့သူ ျဖစ္ပါတယ္။

“ကြၽန္မ ဒီလိုေရာက္ႏိုင္ဖို႔ အခြင့္အေရးရလိမ့္မယ္လို႔ တခါမွ မေတြးခဲ့ဖူးသလို ဗစ္တာက ကြၽန္မကို ဒီလို လိုက္ခဲ့ဖို႔ ဖိတ္လိမ့္မယ္လို႔လည္း မေတြးခဲ့ဖူးပါဘူး” လို႔ ေဒါက္တာ ဆူလီဗန္က ေျပာပါတယ္။

မာရီယားနားလို နက္ရႈိင္းလွတဲ့ ေခ်ာက္က်ဥ္းႀကီးရဲ႕ ေအာက္ေျခ ေရျပင္က ေရခဲလုမတတ္ ေအးစက္ၿပီး အလင္းေရာင္လည္း မေရာက္တဲ့အျပင္ ေရထုဖိအားကလည္း ျပင္ပအရာဝတၳဳတခုကို အမႈန႔္ေခ်ပစ္ႏိုင္ေလာက္တဲ့အထိ ဖိအားျပင္းတဲ့ ေနရာ ျဖစ္ပါတယ္။

ဒီလို အေျခအေနရွိတဲ့ၾကားက အဲဒီေနရာမွာ က်က္စားေနတဲ့ သတၱဝါေတြ ရွိေနေသးၿပီး သူတို႔ ရွင္သန္ႏိုင္သလဲဆိုတာကို လတ္တေလာအတြင္းကမွ စၿပီး သုေတသီေတြက ေလ့လာသိရွိလာၾကတာ ျဖစ္ပါတယ္။

အဲဒီ မာရီယားနား ေခ်ာက္က်ဥ္းအတြင္းကို ဆင္းသက္ၿပီး ေအာက္ေျခၾကမ္းျပင္ အထိ ပထမဆုံး ဆင္းသက္ႏိုင္ခဲ့သူကေတာ့ အေမရိကန္ကမ္းတပ္တပ္ဖြဲ႕ဗိုလ္ႀကီး ဒြန္ ဝဲ့လ္ရွ္ နဲ႔ ဆြစ္ဇာလန္ အင္ဂ်င္နီယာ ဂ်က္ပီးကာ့ဒ္ တို႔ျဖစ္ၿပီး ၁၉၆၀ မွာ နက္ရႈိင္းေရနက္သြား ေရငုပ္သေဘၤာငယ္ တမ်ိဳးျဖစ္တဲ့ ထရီးယက္စ္ သေဘၤာနဲ႔ သြားေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒုတိယအႀကိမ္ အဲဒီ ေခ်ာက္က်ဥ္းထဲကို ဆင္းသက္မႈကေတာ့ ေနာက္ထပ္ ရာစုႏွစ္ဝက္ေလာက္ အၾကာ ၂၀၁၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့ၿပီး ႐ုပ္ရွင္ဒါ႐ိုက္တာ ဂ်ိမ္းစ္ ကန္မ႐ြန္က သူ႔ရဲ႕ အစိမ္း ေတာက္ေတာက္ အေရာင္ရွိတဲ့ ေရငုပ္သေဘၤာငယ္နဲ႔အတူ တစ္ကိုယ္ေတာ္ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္။

အခု ေနာက္ဆုံး ေဒါက္တာဆူလီဗန္ပါဝင္တဲ့ ဆင္းသက္မႈကေတာ့ သမုဒၵရာၾကမ္းျပင္ေအာက္ လႈပ္ရွားဆဲ မီးေတာင္ေတြ ပတ္ပတ္လည္ တည္ရွိေနၿပီး မီးကြင္းဝိုင္း လို႔ တင္စားေခၚေဝၚၾကတဲ့ ပစိဖိတ္သမုဒၵရာအတြင္းက အနက္ရႈိင္းဆုံးေနရာေတြကို ေလ့လာမႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။

ေဒါက္တာ ဆူလီဗန္ဟာ ၁၉၇၉ မွာ နာဆာ အာကာသယာဥ္မႉး ျဖစ္လာၿပီး ၁၉၈၄ မွာေတာ့ အာကာသတြင္း လမ္းေလွ်ာက္မႈလို႔ ေခၚတဲ့ အာကာယာဥ္အျပင္ဘက္ထြက္ၿပီး သြားလာလႈပ္ရွားမႈျပဳသူ ပထမဆုံး အေမရိကန္ အမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။

သူရဲ႕ အာကာသအတြင္း ေနထိုင္ခ်ိန္ နာရီေပါင္း ၅၃၂ နာရီ ရွိခဲ့ၿပီး ၂၀ဝ၄ ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ ထင္ရွားေက်ာ္ၾကား အာကာသယာဥ္မႉးမ်ားခန္းမမွာ သူ႔အေၾကာင္း ထည့္သြင္းျပသခံခဲ့ရပါတယ္။

အဲဒီ ေနာက္ပိုင္းမွာေတာ့ သူဟာ အေမရိကန္ ႏိုင္ငံလုံးဆိုင္ရာ သမုဒၵရာထုနဲ႔ ေလထုအေျခအေန ေလ့လာႀကီးၾကပ္ေရး ဌာနမွာ ဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ဒီဌာနရဲ႕ ႀကီးၾကပ္ေရးမႉးပါ ျဖစ္လာခဲ့ပါတယ္။

သူ သမုဒၵရာ ေရေအာက္အတြင္းမွာပဲ ရွိေနစဥ္မွာ ဘီဘီစီက ဖုန္းကတဆင့္ အေမးအေျဖ ျပဳလုပ္ခဲ့ရာမွာ အာကာသနဲ႔ သမုဒၵရာၾကမ္းျပင္တို႔ဟာ “လူသားေတြေရွ႕ေမွာက္မွာ ရွိေနတဲ့ အႀကီးက်ယ္ဆုံး ႐ုပ္ပိုင္းဆိုင္ရာ အစြန္အဖ်ား အက်ဆုံး နယ္ပယ္ေတြ ျဖစ္တယ္” လို႔ သူက ဆိုပါတယ္။

အခုေတာ့ သူဟာ အေျခအေနကြာျခားမႈ ႀကီးမားတဲ့ အဲဒီ ႏွစ္ေနရာစလုံးကို ပထမဆုံးေရာက္ခဲ့သူ တဦး ျဖစ္လာပါၿပီ။

သူေနခဲ့ဖူးတဲ့ ႏိုင္ငံတကာ အာကာသစခန္း (ISS) ဆိုရင္ ေလဟာနယ္ထဲမွာ တည္ရွိၿပီး သမုဒၵရာေရေအာက္ ၾကမ္းျပင္ကို သူသြားခ်ိန္မွာ စီးနင္းခဲ့တဲ့ ‘ကန႔္သတ္ေနတဲ့ အေၾကာင္းအခ်က္’ အမည္ရ ေရငုပ္သေဘၤာငယ္ကေတာ့ တစ္လက္မ ပတ္လည္ကို ရွစ္တန္ အေလးခ်ိန္ အထိရွိတဲ့ ဖိအားကို ခံစားခဲ့ရၿပီး ဒါဟာ ပင္လယ္ေရမ်က္ႏွာျပင္အဆင့္မွာ ရွိေလ့ရွိတဲ့ ဖိအားထက္ အဆ တစ္ေထာင္ေလာက္ ရွိတဲ့ ပမာဏလည္း ျဖစ္ပါတယ္။

“ကြၽန္မက သိပၸံပညာရွင္ အေနနဲ႔ေရာ အင္ဂ်င္နီယာ အေနနဲ႔ပါ ေလ့က်င့္ သင္ၾကားခဲ့သူ ဆိုေတာ့ အာကာသယာဥ္မႉးဘဝတုန္းက အာကာသယာဥ္ထဲမွာ စီးနင္းလိုက္ပါရတာနဲ႔ အခု ေရငုပ္သေဘၤာလို အထူးျပဳ တည္ေဆာက္ထားတဲ့ ယာဥ္ေတြထဲမွာ စီးနင္းလိုက္ပါရတာ ၿငီးေငြ႕စရာမရွိပဲ အရမ္းကို စိတ္ဝင္စားၿပီး စိတ္လႈပ္ရွားဖို႔လည္း ေကာင္းပါတယ္” လို႔ ေဒါက္တာ ဆူလီဗန္က ဆိုပါတယ္။

“ကြၽန္မအတြက္ေတာ့ ဒီယာဥ္ေတြက အာလာဒင္ ပုံျပင္ထဲက ေကာ္ေဇာပ်ံေတြလိုပဲ သာမန္လူသားေတြ မေရာက္ႏိုင္တဲ့ ေနရာေတြကို ပို႔ေပးႏိုင္ပါတယ္” လို႔လည္း သူက ဆိုပါတယ္။

ေဒါက္တာ ဆူလီဗန္ဟာ အာကာသယာဥ္မႉး မျဖစ္ခင္မွာ ဘူမိေဗဒ ဘာသာရပ္ကို ပါရဂူဘြဲ႕အဆင့္နဲ႔ ကေနဒါႏိုင္ငံ ဒယ္လ္ေဟာက္ဇီ တကၠသိုလ္မွာ ဆည္းပူးခဲ့ၿပီး ပင္လယ္ျပင္ေလ့လာေရး ခရီးစဥ္ေတြကိုလည္း တာဝန္ယူ သြားေရာက္ခဲ့သူ ျဖစ္ပါတယ္။

အခုလို ကမာၻ႔ပင္လယ္ျပင္ေအာက္က ေခ်ာက္က်ဥ္းႀကီးေတြထဲက တခုကို ေလ့လာ စူးစမ္းဖို႔ အခြင့္အေရး ရလာတဲ့ အခါမွာလည္း ေဒါက္တာ ဆူလီဗန္က ဝမ္းပန္းတသာနဲ႔ လက္ခံခဲ့ပါတယ္။

“အဏၰဝါေဗဒ ပညာရွင္ တေယာက္အေနနဲ႔ သမား႐ိုးက်ထက္ ပိုမို ျပင္းထန္တဲ့ ဘူမိေဗဒ ျဖစ္စဥ္ေတြ ျဖစ္ပြားေနတဲ့ ကမာၻ႔ပင္လယ္ျပင္ေအာက္က ေခ်ာက္က်ဥ္းႀကီးတခုကို မ်က္ျမင္ကိုယ္ေတြ႕ ေလ့လာရတာ တျခားသူ တေယာက္ေယာက္ရဲ႕ အခ်က္အလက္နဲ႔ ႐ုပ္ပုံေတြကို ၾကည့္ရတာနဲ႔ မတူဘဲ ထူးျခားလွၿပီး ဒီလို ကိုယ္ေတြ႕ ေလ့လာခြင့္ရဖို႔လည္း အေရးႀကီးပါတယ္” လို႔လည္း သူက ဆိုပါတယ္။

အခု သူသြားခဲ့တဲ့ ခရီးစဥ္ျဖစ္ေျမာက္ေအာင္ သယ္ယူပို႔ေဆာင္ေရး စီစဥ္ေပးရတဲ့ EYOS ေလ့လာစူးစမ္းမႈ ပို႔ေဆာင္ေရး ကုမၸဏီကို ပူးတြဲ ထူေထာင္သူ ျဖစ္တဲ့ ေရာ့ဘ္ မက္ကယ္လန္ကလည္း ေဒါက္တာ ဆူလီဗန္ဟာ “စိတ္အားထက္သန္မႈရွိၿပီး ပညာရွင္လည္း ပီသတဲ့ ကမာၻ႔သမုဒၵရာမ်ား အေရး ေရွ႕ေဆာင္လႈပ္ရွားသူ တဦး” ျဖစ္တယ္လို႔ ဆိုပါတယ္။

“သူ႔မွာက နည္းပညာကို အသုံးျပဳၿပီး စူးစမ္းေလ့လာမႈ တိုးတက္ေအာင္ လုပ္တဲ့ေနရာမွာ အေတြ႕အႀကဳံအမ်ားႀကီး ရွိပါတယ္”

“သမုဒၵရာေတြအေရးနဲ႔ ပတ္သက္ၿပီး ပညာေပးႏိုင္သူ ေရာ ေရွ႕ေဆာင္ လႈပ္ရွားသူ တဦးပါ ျဖစ္တဲ့အတြက္ (ေပ ၂၀,ဝ၀ဝ ပတ္ဝန္းက်င္ အထက္ ေရနက္ရွိတဲ့) ေရနက္ သမုဒၵရာ သိပၸံပညာရဲ႕ အက်ိဳးေက်းဇူးေတြကို မီးေမာင္းထိုးျပႏိုင္မယ့္သူလည္း ျဖစ္တယ္” လို႔လည္း ေရာ့ဘ္က ဆိုပါတယ္။

ေဒါက္တာ ဆူလီဗန္နဲ႔ ဗစ္တာ ဗက္စ္ကိုဗိုတို႔ ေရနက္ပိုင္းကေန ျပန္တက္လာၿပီး အေပၚမွာ ေစာင့္ေနတဲ့ ပင္မ သေဘၤာေပၚကို ျပန္ေရာက္တဲ့ အခ်ိန္မွာ ကမာၻ႔ေျမျပင္အထက္ ေပ တစ္သန္းခြဲေလာက္ (ကီလိုမီတာ ၄၀ဝ ခန႔္) အျမင့္မွာ ရွိေနတဲ့ ႏိုင္ငံတကာ အာကာသ စခန္း (ISS) နဲ႔ ခ်ိတ္ဆက္ ဖုန္းေျပာခဲ့ၾကပါတယ္။

“လူေတြအတြက္ အစြန္အဖ်ား အက်ဆုံး နယ္ပယ္ေတြကို စူးစမ္းရွာေဖြ ေလ့လာသူေတြ အခ်င္းခ်င္း ဆက္သြယ္ၿပီး စူးစမ္းရွာေဖြလိုတဲ့ စိတ္ခ်င္းတူတာနဲ႔ အခုလို စိတ္လႈပ္ရွားစရာ စူးစမ္းရွာေဖြေရးေတြ လုပ္ႏိုင္ေစတဲ့ အင္ဂ်င္နီယာပညာကို တန္ဖိုးထားတာ တူၾကသူေတြ ေအာင္ပြဲခံတဲ့ အေနနဲ႔ ဒီလို ဆက္သြယ္ စကားေျပာခဲ့တာပါ” လို႔ ေဒါက္တာဆူလီဗန္က ဆိုပါတယ္။

“ကြၽန္မအတြက္ေတာ့ ဒီလို ဆက္သြယ္စကားေျပာရတာ မေတြ႕ရတာၾကာသူေတြ ျပန္လည္ ေတြ႕ဆုံ စကားေျပာၾကသလိုပါပဲ” လို႔လည္း သူကေျပာပါတယ္။

သူ႔ရဲ႕ အခုလို ေလ့လာစူးစမ္းေရး ခရီးစဥ္နဲ႔တကြ အျခား အလားတူ ခရီးစဥ္ေတြဟာ လူသားေတြ ေနထိုင္တဲ့ ကမာၻၿဂိဳဟ္ေပၚက ခက္ခဲၾကမ္းတမ္းတဲ့ ေျမျပင္ေရျပင္ေတြမွာ သက္ရွိဘဝေတြ ဘယ္လို ရွင္သန္မႈ ရွိေနတယ္ဆိုတာကို ေျပာျပႏိုင္မွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီခရီးစဥ္ေၾကာင့္ လူေတြသိထားတဲ့ နယ္ပယ္ အစြန္အဖ်ားဆိုတဲ့ အကန႔္အသတ္ထက္ ထပ္တိုးၿပီး သိရွိေရးအတြက္ စူးစမ္းေလ့လာလိုသူေတြ မ်ားလာေအာင္ တြန္းအားေပးႏိုင္လိမ့္မယ္လို႔ ေဒါက္တာ ဆူလီဗန္က ေမွ်ာ္လင့္ေနပါတယ္။

“လူသားေတြဆိုတာ ပင္ကို သဘာဝ အရ စူးစမ္းေလ့လာခ်င္သူေတြျဖစ္ၿပီး ကြၽန္မတို႔ရဲ႕ ကိုယ့္ ကိုယ္ခႏၶာနဲ႔ တကြ စၾကဝဠာအတြင္းက ႐ုပ္ဝတၳဳ အတိုင္းအတာ အမ်ိဳးမ်ိဳးရွိတဲ့ နယ္ပယ္တိုင္းကို ဆက္လက္ ေလ့လာတယ္ ဆိုတာက ဘယ္ေလာက္ သဘာဝက်ၿပီး မရွိမျဖစ္လည္း အေရးႀကီးတယ္ ဆိုတာကို တျခားသူေတြလည္း နားလည္သေဘာေပါက္လာေအာင္ ကြၽန္မက ေစ့ေဆာ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဆိုၿပီး သူက ဆိုပါတယ္။

အခုလို စူးစမ္းရွာေဖြ ေလ့လာေနဖို႔နဲ႔ ဆန္းသစ္တီထြင္ေနဖို႔ ေစ့ေဆာ္မႈေတြက လူသားဘဝကို ေရွ႕ေလ်ာက္ တိုးတက္မႈ ရွိေနေစဖို႔ အေထာက္အကူျပဳမွာ ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

“ဒီလို လႈံ႕ေဆာ္မႈေတြကေနပဲ ကြၽန္မတို႔ရဲ႕ ဘဝေတြကို အသြင္ေျပာင္းမယ့္ အနာဂတ္နည္းပညာေတြကို ဖန္တီးမွာ ျဖစ္ၿပီးေတာ့ အဲဒီကမွ လူသားေတြကို ဆင္းရဲခ်ိဳ႕တဲ့မႈက လြန္ေျမာက္ေစၿပီး က်န္းမာေရး အက်ပ္အတည္းေတြကိုလည္း ေျဖရွင္းႏိုင္မယ့္ စြမ္းရည္ကို ရပါလိမ့္မယ္”

BBC Burmese
https://www.bbc.com/burmese/world-53037441
အာကာသပေါ်ရော သမုဒ္ဒရာကြမ်းပြင်အထိပါ ရောက်ခဲ့တဲ့ အမျိုးသမီး အာကာသပေါ်ရော သမုဒ္ဒရာကြမ်းပြင်အထိပါ ရောက်ခဲ့တဲ့ အမျိုးသမီး Reviewed by THITHTOOLWIN on 05:09 Rating: 5
Powered by Blogger.