အမ်းမှာ လက်နက်ကြီးကျရောက်လို့ နှစ်ဦး သေဆုံး သုံးဦး ဒဏ်ရာရ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု နတ်မော်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၂၆ ရက် မနေ့ကည ၇ နာရီခန့်မှာ နတ်မော်ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅၅  နှစ်အရွယ် ဦးဘမောင် နေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့သလို အသက် ၄၀ အရွယ်  ဦးညွှန့်အေးဟာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဆေးရုံပို့ရင်း လမ်းမှာတင်ပဲ သေဆုံးသွားခဲ့တယ်လို့ အမ်းမြို့နယ် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။

ဒလက်ချောင်းရွာ အနောက်ဘက် တပ်မတော်က လက်နက်ကြီးတွေနဲ့ အခြေစိုက်ထားတဲ့ နေရာကနေ ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတချို့ကပြောပေမယ့် RFA က သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့  မနေ့က တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ရွာဘက်ကို ပစ်ခတ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ သုံးဦးထဲမှာအသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း  ပါဝင်နေပါတယ်။ သူ တို့ ၃ ဦးဟာ အလယ်ကျွန်းကျေးရွာကိုရောက်နေပြီး တပ်မတော်ဖက်က ဆေးကုသပေးဖို့အတွက် ခေါ်သွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
အမ္းမွာ လက္နက္ႀကီးက်ေရာက္လို႔ ႏွစ္ဦး ေသဆုံး သုံးဦး ဒဏ္ရာရ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒါးလက္ေက်း႐ြာအုပ္စု နတ္ေမာ္ေက်း႐ြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တာေၾကာင့္ ႐ြာသား ႏွစ္ဦး ေသဆုံးၿပီး သုံးဦး ဒဏ္ရာရခဲ့ပါတယ္။

ဇြန္လ ၂၆ ရက္ မေန႔ကည ၇ နာရီခန႔္မွာ နတ္ေမာ္႐ြာထဲ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႔ အသက္ ၅၅  ႏွစ္အ႐ြယ္ ဦးဘေမာင္ ေနရာမွာပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သလို အသက္ ၄၀ အ႐ြယ္  ဦးၫႊန႔္ေအးဟာလည္း ဒဏ္ရာအျပင္းအထန္ရခဲ့ၿပီး ေဆး႐ုံပို႔ရင္း လမ္းမွာတင္ပဲ ေသဆုံးသြားခဲ့တယ္လို႔ အမ္းၿမိဳ႕နယ္ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ကိုမ်ိဳးလြင္က ေျပာပါတယ္။

ဒလက္ေခ်ာင္း႐ြာ အေနာက္ဘက္ တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ အေျခစိုက္ထားတဲ့ ေနရာကေန ပစ္ခတ္ခဲ့တာလို႔လည္း ေဒသခံတခ်ိဳ႕ကေျပာေပမယ့္ RFA က သီးျခား အတည္ျပဳလို႔ေတာ့ မရပါဘူး။ ပစ္ခတ္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ပိုမိုသိရွိႏိုင္ဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းေနဆဲျဖစ္ပါတယ္။

AA ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခကေတာ့  မေန႔က တိုက္ပြဲျဖစ္တာမရွိဘဲ တပ္မေတာ္ဘက္က လက္နက္ႀကီးနဲ႔ ႐ြာဘက္ကို ပစ္ခတ္ခဲ့တာလို႔ စြပ္စြဲခဲ့ပါတယ္။

ဒဏ္ရာရထားတဲ့ သုံးဦးထဲမွာအသက္ (၂) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးလည္း  ပါဝင္ေနပါတယ္။ သူ တို႔ ၃ ဦးဟာ အလယ္ကြၽန္းေက်း႐ြာကိုေရာက္ေနၿပီး တပ္မေတာ္ဖက္က ေဆးကုသေပးဖို႔အတြက္ ေခၚသြားၿပီလို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
အမ်းမှာ လက်နက်ကြီးကျရောက်လို့ နှစ်ဦး သေဆုံး သုံးဦး ဒဏ်ရာရ အမ်းမှာ လက်နက်ကြီးကျရောက်လို့ နှစ်ဦး သေဆုံး သုံးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.