မင်းလှ၌ တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားရာ တစ်ဦးသေဆုံး


(Unicode)⤵⤵⤵
မင်းလှ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ကိုင်းပြင်ကြီးအုပ်စု ကိုင်းပြင်ကြီးကျေးရွာအနီး  ရန်ကုန် - ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၀၀/၂) နှင့်(၁၀၀/၃)အကြားတွင် ဇွန် ၉ ရက် ညနေပိုင်းက ယာဉ်တိုက်မူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမအတိုင်း ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်းဦးဝင်းဇော်ဦး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ပြည်စုံဝင်း လိုက်ပါစီးနှင်းလာသော IG/ ------ အန်တီဝင်း Express ယာဉ်သည်  ကားဝဲဘက်ခြမ်း နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဝင်းနိုင်မင်းမောင်းနှင်ပြီး မောင်လွင် လိုက်ပါလာသော 5L/6997 Fuso (၆) ဘီးယာဉ်အား ကားခေါင်းနှင့်ဝင်ရောက်ချိတ်မိကာ လမ်း၏ ယာဘက်ခြမ်းကို ထိုးကျတိမ်းသွားရာ ကားပေါ်ရှိလူများပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း၊အမူအားမင်းလှမြို့နယ်ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အလားတူ ည ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်က ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာအနီးရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၉၆/၂) နှင့်(၉၆/၃)အကြားတွင်ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးရွှေဓူဝံမောင်းနှင်ပြီး  မကျိန်းလော့လျန်း လိုက်ပါလာသော3G/------ SUZU မီးခိုးရောင်ယာဉ်နှင့် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်း ဦးရွှေလှိုင်ဝင်း မောင်းနှင်ပြီး ဒေါ်မေသူနှင့် ဒေါ်ခင်ချိုသိန်း လိုက်ပါစီးနင်းလာသော  3G/ ------HINO အဖြူရောင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး မကျိန်းလော့လျန်း (၃၅) နှစ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အမူအား မင်းလှမြို့ နယ် စစ်ကွင်းနယ်မြေရဲစခန်းက ယာဉ်အားမဆင်မခြင်မောင်းနှင်သူ  ဦးရွှေဓူဝံနှင့်ဦးရွှေလှိုင်ဝင်း တို့ကိုအမူဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ပေါက်စ  - မင်းလှ / Myanmaalinn
------------------------------------------
(Zawgyi)⤵⤵⤵
မင္းလွ၌ တစ္ရက္တည္း ယာဥ္တိုက္မႈ ႏွစ္ႀကိမ္ျဖစ္ပြားရာ တစ္ဦးေသဆုံး

မင္းလွ ဇြန္ ၁၀

ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ မင္းလွၿမိဳ႕နယ္ ကိုင္းျပင္ႀကီးအုပ္စု ကိုင္းျပင္ႀကီးေက်း႐ြာအနီး  ရန္ကုန္ - ျပည္ကားလမ္း မိုင္တိုင္အမွတ္ (၁၀၀/၂) ႏွင့္(၁၀၀/၃)အၾကားတြင္ ဇြန္ ၉ ရက္ ညေနပိုင္းက ယာဥ္တိုက္မူ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္-ျပည္ကားလမ္းမအတိုင္း ရန္ကုန္ဘက္မွ ျပည္ဘက္သို႔ ယာဥ္ေမာင္းဦးဝင္းေဇာ္ဦး ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ျပည္စုံဝင္း လိုက္ပါစီးႏွင္းလာေသာ IG/ ------ အန္တီဝင္း Express ယာဥ္သည္  ကားဝဲဘက္ျခမ္း ေနာက္ဘီးေပါက္၍ အရွိန္မထိန္းႏိုင္ဘဲ ျပည္ဘက္မွ ရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း ဝင္းႏိုင္မင္းေမာင္းႏွင္ၿပီး ေမာင္လြင္ လိုက္ပါလာေသာ 5L/6997 Fuso (၆) ဘီးယာဥ္အား ကားေခါင္းႏွင့္ဝင္ေရာက္ခ်ိတ္မိကာ လမ္း၏ ယာဘက္ျခမ္းကို ထိုးက်တိမ္းသြားရာ ကားေပၚရွိလူမ်ားျပင္ပဒဏ္ရာတစ္စုံတစ္ရာ မရရွိခဲ့ေၾကာင္း၊အမူအားမင္းလွၿမိဳ႕နယ္ရဲစခန္းမွ အေရးယူ ေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

အလားတူ ည ၁၀ နာရီ ၃၀ မိနစ္ခ်ိန္ခန႔္က ေ႐ႊဝါၿမိဳင္အုပ္စု၊ ေ႐ႊဝါၿမိဳင္ေက်း႐ြာအနီးရန္ကုန္-ျပည္ကားလမ္း မိုင္တိုင္အမွတ္ (၉၆/၂) ႏွင့္(၉၆/၃)အၾကားတြင္ျပည္ဘက္မွ ရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း ဦးေ႐ႊဓူဝံေမာင္းႏွင္ၿပီး  မက်ိန္းေလာ့လ်န္း လိုက္ပါလာေသာ3G/------ SUZU မီးခိုးေရာင္ယာဥ္ႏွင့္ ရန္ကုန္ဘက္မွ ျပည္ဘက္သို႔ ယာဥ္ေမာင္း ဦးေ႐ႊလႈိင္ဝင္း ေမာင္းႏွင္ၿပီး ေဒၚေမသူႏွင့္ ေဒၚခင္ခ်ိဳသိန္း လိုက္ပါစီးနင္းလာေသာ  3G/ ------HINO အျဖဴေရာင္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး မက်ိန္းေလာ့လ်န္း (၃၅) ႏွစ္မွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အမူအား မင္းလွၿမိဳ႕ နယ္ စစ္ကြင္းနယ္ေျမရဲစခန္းက ယာဥ္အားမဆင္မျခင္ေမာင္းႏွင္သူ  ဦးေ႐ႊဓူဝံႏွင့္ဦးေ႐ႊလႈိင္ဝင္း တို႔ကိုအမူဖြင့္အေရးယူ ေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

ေပါက္စ  - မင္းလွ / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်းလှ၌ တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားရာ တစ်ဦးသေဆုံး မင်းလှ၌ တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားရာ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.