အိန္ဒိယမှာ ကိုဗစ် ၁၉ နဲ့ သေတာ အမျိုးသမီးတွေ ပိုများနေသလား

အမျိုးသမီး တွေရောဂါ ရှိမရှိ စစ်ဆေးခံဖို့ နောက်ကျခဲ့ကြသလားလို့ လေ့လာသူတွေ မေးခွန်းထုတ်နေ
(Unicode)⤵⤵⤵
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများနေတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဥပမာ အီတလီ၊ တရုတ်နဲ့ အမေရိကန် နိုင်ငံတွေမှာဆိုရင် အမျိုးသားတွေမှာ ရောဂါကူးစက်သူ ပိုများပြီး သေဆုံးမှုနှုန်းမှာလည်း အမျိုးသားတွေက အများကြီး ပိုများတာ တွေ့ရပါတယ်။

အမျိုးသားတွေဟာ အသက်ကြီးသူတွေလိုပဲ ရောဂါကူးစက်ခံရမယ့် အန္တရာယ် ပိုများတယ်လို့ လိင်ကွဲပြားသူတွေရဲ့ ရောဂါကူးစက်မှုတွေအကြောင်း လေ့လာနေတဲ့ ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘာ့ဂ် လူထုကျန်းမာရေး တက္ကသိုလ်က သိပ္ပံပညာရှင် ဆက်ဘရာ ကလိုင်းက ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာ ဖြစ်နေတာတွေကတော့ စဉ်းစားစရာပါ။

အိန္ဒိယနဲ့ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာချက်သစ်တစ်ခုထဲမှာ ရောဂါကူးစက်သူ အများစုဟာ အမျိုးသားတွေ ဖြစ်ပေမဲ့လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးဖို့ အန္တရာယ် ပိုများတယ်လို့ ဖော်ပြထားပါတယ်။

မေလ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ အိန္ဒိယမှာ သေဆုံးခဲ့သူတွေကို အခြေခံထားတဲ့ အဲဒီ လေ့လာချက်ထဲမှာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အမျိုးသမီးစုစုပေါင်းရဲ့ ၃ ဒဿမ ၃ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး အမျိုးသားတွေကတော့ ရောဂါကူးစက်ခံရသူ စုစုပေါင်းရဲ့ ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၀ ကနေ ၄၉ နှစ်အကြား အရွယ်အုပ်စုထဲမှာ ရောဂါကူးစက်သူ အမျိုးသမီးတွေရဲ့ ၃ ဒဿမ ၂ ရာခိုင်နှုန်း သေဆုံးခဲ့ပေမဲ့ အမျိုးသားတွေကတော့ ၂ ဒဿမ ၁ ရာခိုင်နှုန်းသေဆုံးခဲ့ပါတယ်။ အသက် ၅ နှစ်ကနေ ၁၉နှစ် အကြား အရွယ်အုပ်စုမှာတော့ အမျိုးသမီးတွေသာ သေဆုံးတာ တွေ့ရပါတယ်။

ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးခဲ့သူတွေကို အသက်အပိုင်းအခြားအလိုက် အုပ်စုခွဲ လေ့လာရာမှာ အချက်ကြီး နှစ်ချက်ကို အဓိက တွက်ချက် လေ့လာခဲ့တာလို့ ဒီလေ့လာချက်ကို ဦးဆောင် သုတေသန လုပ်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဟားဗာ့ဒ်တက္ကသိုလ် လူထုကျန်းမာရေးဆိုင်ရာ ပါမောက္ခ အက်စ်ဗီ ဆူဘရာမန်နီယန် က ပြောပြပါတယ်။

ပထမအချက်က သေဆုံးနိုင်တဲ့ အလားအလာ ဆိုတဲ့ အချက်ကို တွက်ချက်တာ ဖြစ်ပြီး စုစုပေါင်း အမျိုးသမီးသေဆုံးသူ အရေအတွက်ကို ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသမီး အရေအတွက်နဲ့ စားထားတာ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ အမျိုးသမီးသေဆုံးသူ အရေအတွက်ဟာ အမျိုးသမီး၊ အမျိုးသား သေဆုံးသူ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်တာ ဖြစ်ပါတယ်။
အိန္ဒိယမှာ လူ ၄ သိန်းကျော် ရောဂါ ကူစက်ခဲ့တယ်လို့ဆို
"ခြုံငုံ သုံးသပ်ချက်တွေအရ အိန္ဒိယမှာ ရောဂါ ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ အသက်ရှင်ဖို့ အခွင့်အလမ်း သိပ်မရှိတာ တွေ့ရတယ်"လို့ ပါမောက္ခ အက်စ်ဗီ ဆူဘရာမန်နီယန် က ပြောပါတယ်။

"ဒီတွေ့ရှိချက်အပေါ် ဇီဝပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အချက်အလက်တွေက ဘယ်လောက် ဆက်နွယ် ထောက်ကူသလဲ ဆိုတာကတော့ မသေချာဘူး။အိန္ဒိယမှာ အမျိုးသမီး၊ အမျိုးသား လိင်ကွဲပြားမှုကတော့ အရေးပါတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီတွေ့ရှိချက်ဟာ တခြားကမ္ဘာ့နိုင်ငံတွေမှာ လေ့လာတွေ့ရှိခဲ့ချက်တွေနဲ့ မတူတဲ့အတွက် အတော်လေး ထူးခြားနေပါတယ်။

ဥပမာပြောရရင် အမျိုးသားတွေဟာ နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါတို့လို ရောဂါမျိုးတွေ ဖြစ်ဖို့ အလားအလာ ပိုရှိတယ်လို့ ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘာ့ဂ် လူထုကျန်းမာရေး တက္ကသိုလ်က ကပ်ရောဂါဆိုင်ရာ ပါမောက္ခ ကူနီဟီရို မက်ဆူရှီတာ က ပြောပါတယ်။

နိုင်ငံအတော်များများမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆေးလိပ် ပိုသောက်လေ့ ရှိကြပြီး လေ့လာချက်တချို့အရ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် လက်မဆေးကြဘူးလို့ သိရပါတယ်။

သူပါဝင်ပြုစုခဲ့တဲ့ လေ့လာချက်တွေထဲမှာ အမျိုးသား လူနာတွေဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာ တွေ့ခဲ့ရတယ်လို့ ပါမောက္ခ ကူနီဟီရို မက်ဆူရှီတာ က ပြောပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်ခံစွမ်းအား ပိုကြံ့ခိုင်တဲ့အတွက် အသက်ဆုံးရှုံးမှု အန္တရာယ် ပိုနည်းတယ်လို့လည်း သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

ဒါ့အပြင် အမျိုးသမီးဟော်မုန်းတွေကလည်း အသက်ရှူလမ်းကြောင်းမှာ ရောဂါ မကူးစက်စေဖို့ အထောက်အကူ ပြုပါတယ်။

"ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အခု လေ့လာတွေ့ရှိချက်ထဲမှာ ဖော်ပြထားသလို အမျိုးသမီးတွေက အမျိုးသားတွေထက် သေဆုံးမှုနှုန်း ပိုများတယ် ဆိုတဲ့ အချက်ဟာ ထူးခြားနေပါတယ်" လို့ ပါမောက္ခ မက်ဆူရှီတာ က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လေ့လာမှုတွေထဲမှာ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါရှိမရှိ စမ်းသပ်အတည်ပြုပုံကို အသေအချာ စိစစ်လေ့လာသင့်တယ်လို့ သူက ပြောပါတယ်။

"ဥပမာ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခွင့်ကို အမျိုးသမီး၊ အမျိုးသား တန်းတူ ရကြသလား ဆိုတာ မေးခွန်းထုတ်စရာပါ"လို့ သူက ပြောပါတယ်။
အိန္ဒိယမှာ ကိုဗစ် ၁၉ ရောဂါနဲ့ လူ ၁၃၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်
ဒီတွေ့ရှိချက်ဟာ ထင်တာထက် ပိုရှုပ်ထွေး နက်နဲနိုင်ပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက် ပိုရှည်ကြပြီး အဘိုးအိုတွေထက် အဘွားအိုတွေ ပိုများပါတယ်။ ဒီတော့ အသက်ကြီးသူတွေက ရောဂါကူးစက်မှုဒဏ်ကို ခံနိုင်ရည်အား ပိုနည်းတဲ့အတွက် အမျိုးသမီးတွေကြားမှာ အခုလို သေဆုံးသူတွေ ပိုများလာတာပါလား။

ဒါ့အပြင် အိန္ဒိယမှာ အမျိုးသမီးတွေဟာ ဆရာဝန်သွားပြဖို့ ပိုနှောင့် နှေးတတ်ကြပြီး အိမ်မှာပဲ ဆေးသောက်ပြီး ကိုယ့်ဟာကိုယ် ကုတတ်ကြပါတယ်။ မိသားစုထဲမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုရင် သိပ်အလေးထားလေ့ မရှိကြပါဘူး။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးစစ်ဖို့နဲ့ ဆေးကုသခံဖို့ အမျိုးသမီးတွေ အရောက်နောက်ကျကြတာလား။

အိမ်ထောင့်တာဝန် အိမ်မှုကိစ္စ ပြုစုစောင့်ရှောက်နေသူတွေဟာ ရောဂါကူးစက်ဖို့ အန္တရာယ် ပိုများပါတယ်။ ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး ကပ်ရောဂါကြီး ဖြစ်ပွားခဲ့စဉ်တုန်းက အိန္ဒိယမှာ အမျိုးသမီးတွေဟာ ကိုယ်တိုင်လည်း အာဟာရဓာတ် ချို့တဲ့နေကြသလို သန့်ရှင်းမှု မရှိ၊ လေဝင်လေထွက် နည်းပါးပြီး လူတွေ ပြွတ်သိပ်နေတဲ့ နေအိမ်တွေမှာ နာမကျန်းသူတွေကို ပြုစုရတဲ့အတွက် အမျိုးသားတွေထက် အသေအပျောက် ပိုများခဲ့ကြပါတယ်။

"ဘာတွေ ဖြစ်နေသလဲဆိုတာ ပိုသိနိုင်အောင် အမျိုးသမီး၊ အမျိုးသား လိင်ကွဲပြားမှု အချက်ကို အသေအချာ ဆန်းစစ်ဖို့ လိုပါတယ်" လို့ အိန္ဒိယနိုင်ငံ ဗယ်လိုးရ်မြို့ CMC ခရစ်ယာန် ဆေးတက္ကသိုလ်က ဗိုင်းရပ်စ်ပိုးဆိုင်ရာ အငြိမ်းစား ပါမောက္ခ တီ ဂျက်ကော့ဘ်ဂျွန် က ပြောပါတယ်။

လေ့လာသူတွေကလည်း ဒါကို သဘောတူကြပါတယ်။

"ကျွန်နော်တို့ အနီးကပ် စောင့်ကြည့် လေ့လာပြီး ရလဒ်ကို အသိပေး တင်ပြပါ့မယ်"လို့ ပါမောက္ခ ဆူဘရာမန်နီယန် က ပြောပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ ကိုဗစ္ ၁၉ နဲ႔ ေသတာ အမ်ိဳးသမီးေတြ ပိုမ်ားေနသလား

ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေတြမွာ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုမ်ားေနတယ္လို႔ ကိန္းဂဏန္းေတြက ေဖာ္ျပေနပါတယ္။

ဥပမာ အီတလီ၊ တ႐ုတ္နဲ႔ အေမရိကန္ ႏိုင္ငံေတြမွာဆိုရင္ အမ်ိဳးသားေတြမွာ ေရာဂါကူးစက္သူ ပိုမ်ားၿပီး ေသဆုံးမႈႏႈန္းမွာလည္း အမ်ိဳးသားေတြက အမ်ားႀကီး ပိုမ်ားတာ ေတြ႕ရပါတယ္။

အမ်ိဳးသားေတြဟာ အသက္ႀကီးသူေတြလိုပဲ ေရာဂါကူးစက္ခံရမယ့္ အႏၲရာယ္ ပိုမ်ားတယ္လို႔ လိင္ကြဲျပားသူေတြရဲ႕ ေရာဂါကူးစက္မႈေတြအေၾကာင္း ေလ့လာေနတဲ့ ဂြၽန္ေဟာ့ပ္ကင္စ္ ဘလြန္းဘာ့ဂ္ လူထုက်န္းမာေရး တကၠသိုလ္က သိပၸံပညာရွင္ ဆက္ဘရာ ကလိုင္းက ေျပာပါတယ္။

ဒါေပမဲ့ အိႏၵိယမွာ ျဖစ္ေနတာေတြကေတာ့ စဥ္းစားစရာပါ။

အိႏၵိယနဲ႔ အေမရိကန္က သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ ေလ့လာခ်က္သစ္တစ္ခုထဲမွာ ေရာဂါကူးစက္သူ အမ်ားစုဟာ အမ်ိဳးသားေတြ ျဖစ္ေပမဲ့လည္း အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးဖို႔ အႏၲရာယ္ ပိုမ်ားတယ္လို႔ ေဖာ္ျပထားပါတယ္။

ေမလ ၂၀ ရက္ေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ အိႏၵိယမွာ ေသဆုံးခဲ့သူေတြကို အေျခခံထားတဲ့ အဲဒီ ေလ့လာခ်က္ထဲမွာ အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အမ်ိဳးသမီးစုစုေပါင္းရဲ႕ ၃ ဒႆမ ၃ ရာခိုင္ႏႈန္း ေသဆုံးခဲ့ၿပီး အမ်ိဳးသားေတြကေတာ့ ေရာဂါကူးစက္ခံရသူ စုစုေပါင္းရဲ႕ ၂ ဒႆမ ၉ ရာခိုင္ႏႈန္းသာ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

အသက္ ၄၀ ကေန ၄၉ ႏွစ္အၾကား အ႐ြယ္အုပ္စုထဲမွာ ေရာဂါကူးစက္သူ အမ်ိဳးသမီးေတြရဲ႕ ၃ ဒႆမ ၂ ရာခိုင္ႏႈန္း ေသဆုံးခဲ့ေပမဲ့ အမ်ိဳးသားေတြကေတာ့ ၂ ဒႆမ ၁ ရာခိုင္ႏႈန္းေသဆုံးခဲ့ပါတယ္။ အသက္ ၅ ႏွစ္ကေန ၁၉ႏွစ္ အၾကား အ႐ြယ္အုပ္စုမွာေတာ့ အမ်ိဳးသမီးေတြသာ ေသဆုံးတာ ေတြ႕ရပါတယ္။

ကိုဗစ္ ၁၉ ေရာဂါနဲ႔ ေသဆုံးခဲ့သူေတြကို အသက္အပိုင္းအျခားအလိုက္ အုပ္စုခြဲ ေလ့လာရာမွာ အခ်က္ႀကီး ႏွစ္ခ်က္ကို အဓိက တြက္ခ်က္ ေလ့လာခဲ့တာလို႔ ဒီေလ့လာခ်က္ကို ဦးေဆာင္ သုေတသန လုပ္ခဲ့သူ တစ္ဦးျဖစ္တဲ့ ဟားဗာ့ဒ္တကၠသိုလ္ လူထုက်န္းမာေရးဆိုင္ရာ ပါေမာကၡ အက္စ္ဗီ ဆူဘရာမန္နီယန္ က ေျပာျပပါတယ္။

ပထမအခ်က္က ေသဆုံးႏိုင္တဲ့ အလားအလာ ဆိုတဲ့ အခ်က္ကို တြက္ခ်က္တာ ျဖစ္ၿပီး စုစုေပါင္း အမ်ိဳးသမီးေသဆုံးသူ အေရအတြက္ကို ဓာတ္ခြဲအတည္ျပဳလူနာ အမ်ိဳးသမီး အေရအတြက္နဲ႔ စားထားတာ ျဖစ္ပါတယ္။

ဒုတိယအခ်က္အေနနဲ႔ အမ်ိဳးသမီးေသဆုံးသူ အေရအတြက္ဟာ အမ်ိဳးသမီး၊ အမ်ိဳးသား ေသဆုံးသူ စုစုေပါင္းရဲ႕ ရာခိုင္ႏႈန္း ဘယ္ေလာက္ရွိသလဲ ဆိုတာကို တြက္ခ်က္တာ ျဖစ္ပါတယ္။

"ၿခဳံငုံ သုံးသပ္ခ်က္ေတြအရ အိႏၵိယမွာ ေရာဂါ ကူးစက္ခံရတဲ့ အမ်ိဳးသမီးေတြဟာ အသက္ရွင္ဖို႔ အခြင့္အလမ္း သိပ္မရွိတာ ေတြ႕ရတယ္"လို႔ ပါေမာကၡ အက္စ္ဗီ ဆူဘရာမန္နီယန္ က ေျပာပါတယ္။

"ဒီေတြ႕ရွိခ်က္အေပၚ ဇီဝပိုင္းဆိုင္ရာ၊ လူမႈေရးပိုင္းဆိုင္ရာ အခ်က္အလက္ေတြက ဘယ္ေလာက္ ဆက္ႏြယ္ ေထာက္ကူသလဲ ဆိုတာကေတာ့ မေသခ်ာဘူး။အိႏၵိယမွာ အမ်ိဳးသမီး၊ အမ်ိဳးသား လိင္ကြဲျပားမႈကေတာ့ အေရးပါတဲ့ အခ်က္တစ္ခု ျဖစ္ႏိုင္တယ္" လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ ဒီေတြ႕ရွိခ်က္ဟာ တျခားကမာၻ႔ႏိုင္ငံေတြမွာ ေလ့လာေတြ႕ရွိခဲ့ခ်က္ေတြနဲ႔ မတူတဲ့အတြက္ အေတာ္ေလး ထူးျခားေနပါတယ္။

ဥပမာေျပာရရင္ အမ်ိဳးသားေတြဟာ ႏွလုံးေသြးေၾကာေရာဂါနဲ႔ ေသြးတိုးေရာဂါတို႔လို ေရာဂါမ်ိဳးေတြ ျဖစ္ဖို႔ အလားအလာ ပိုရွိတယ္လို႔ ဂြၽန္ေဟာ့ပ္ကင္စ္ ဘလြန္းဘာ့ဂ္ လူထုက်န္းမာေရး တကၠသိုလ္က ကပ္ေရာဂါဆိုင္ရာ ပါေမာကၡ ကူနီဟီ႐ို မက္ဆူရွီတာ က ေျပာပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားမွာ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ေဆးလိပ္ ပိုေသာက္ေလ့ ရွိၾကၿပီး ေလ့လာခ်က္တခ်ိဳ႕အရ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြေလာက္ လက္မေဆးၾကဘူးလို႔ သိရပါတယ္။

သူပါဝင္ျပဳစုခဲ့တဲ့ ေလ့လာခ်က္ေတြထဲမွာ အမ်ိဳးသား လူနာေတြဟာ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္ဖို႔ အႏၲရာယ္ ပိုမ်ားတယ္ ဆိုတာ ေတြ႕ခဲ့ရတယ္လို႔ ပါေမာကၡ ကူနီဟီ႐ို မက္ဆူရွီတာ က ေျပာပါတယ္။

အမ်ိဳးသမီးေတြဟာ ကိုယ္ခံစြမ္းအား ပိုႀကံ့ခိုင္တဲ့အတြက္ အသက္ဆုံးရႈံးမႈ အႏၲရာယ္ ပိုနည္းတယ္လို႔လည္း သိပၸံပညာရွင္ေတြက ယူဆထားပါတယ္။

ဒါ့အျပင္ အမ်ိဳးသမီးေဟာ္မုန္းေတြကလည္း အသက္ရႉလမ္းေၾကာင္းမွာ ေရာဂါ မကူးစက္ေစဖို႔ အေထာက္အကူ ျပဳပါတယ္။

"ဒီအခ်က္ေတြကို ၾကည့္မယ္ဆိုရင္ အခု ေလ့လာေတြ႕ရွိခ်က္ထဲမွာ ေဖာ္ျပထားသလို အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ေသဆုံးမႈႏႈန္း ပိုမ်ားတယ္ ဆိုတဲ့ အခ်က္ဟာ ထူးျခားေနပါတယ္" လို႔ ပါေမာကၡ မက္ဆူရွီတာ က ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ ေလ့လာမႈေတြထဲမွာ အိႏၵိယႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါရွိမရွိ စမ္းသပ္အတည္ျပဳပုံကို အေသအခ်ာ စိစစ္ေလ့လာသင့္တယ္လို႔ သူက ေျပာပါတယ္။

"ဥပမာ ေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးခြင့္ကို အမ်ိဳးသမီး၊ အမ်ိဳးသား တန္းတူ ရၾကသလား ဆိုတာ ေမးခြန္းထုတ္စရာပါ"လို႔ သူက ေျပာပါတယ္။

ဒီေတြ႕ရွိခ်က္ဟာ ထင္တာထက္ ပိုရႈပ္ေထြး နက္နဲႏိုင္ပါတယ္။

အိႏၵိယမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ အသက္ ပိုရွည္ၾကၿပီး အဘိုးအိုေတြထက္ အဘြားအိုေတြ ပိုမ်ားပါတယ္။ ဒီေတာ့ အသက္ႀကီးသူေတြက ေရာဂါကူးစက္မႈဒဏ္ကို ခံႏိုင္ရည္အား ပိုနည္းတဲ့အတြက္ အမ်ိဳးသမီးေတြၾကားမွာ အခုလို ေသဆုံးသူေတြ ပိုမ်ားလာတာပါလား။

ဒါ့အျပင္ အိႏၵိယမွာ အမ်ိဳးသမီးေတြဟာ ဆရာဝန္သြားျပဖို႔ ပိုေႏွာင့္ ေႏွးတတ္ၾကၿပီး အိမ္မွာပဲ ေဆးေသာက္ၿပီး ကိုယ့္ဟာကိုယ္ ကုတတ္ၾကပါတယ္။ မိသားစုထဲမွာ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးဆိုရင္ သိပ္အေလးထားေလ့ မရွိၾကပါဘူး။ ဒီေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိ ေဆးစစ္ဖို႔နဲ႔ ေဆးကုသခံဖို႔ အမ်ိဳးသမီးေတြ အေရာက္ေနာက္က်ၾကတာလား။

အိမ္ေထာင့္တာဝန္ အိမ္မႈကိစၥ ျပဳစုေစာင့္ေရွာက္ေနသူေတြဟာ ေရာဂါကူးစက္ဖို႔ အႏၲရာယ္ ပိုမ်ားပါတယ္။ ၁၉၁၈ ခုႏွစ္ စပိန္တုပ္ေကြး ကပ္ေရာဂါႀကီး ျဖစ္ပြားခဲ့စဥ္တုန္းက အိႏၵိယမွာ အမ်ိဳးသမီးေတြဟာ ကိုယ္တိုင္လည္း အာဟာရဓာတ္ ခ်ိဳ႕တဲ့ေနၾကသလို သန္႔ရွင္းမႈ မရွိ၊ ေလဝင္ေလထြက္ နည္းပါးၿပီး လူေတြ ႁပြတ္သိပ္ေနတဲ့ ေနအိမ္ေတြမွာ နာမက်န္းသူေတြကို ျပဳစုရတဲ့အတြက္ အမ်ိဳးသားေတြထက္ အေသအေပ်ာက္ ပိုမ်ားခဲ့ၾကပါတယ္။

"ဘာေတြ ျဖစ္ေနသလဲဆိုတာ ပိုသိႏိုင္ေအာင္ အမ်ိဳးသမီး၊ အမ်ိဳးသား လိင္ကြဲျပားမႈ အခ်က္ကို အေသအခ်ာ ဆန္းစစ္ဖို႔ လိုပါတယ္" လို႔ အိႏၵိယႏိုင္ငံ ဗယ္လိုးရ္ၿမိဳ႕ CMC ခရစ္ယာန္ ေဆးတကၠသိုလ္က ဗိုင္းရပ္စ္ပိုးဆိုင္ရာ အၿငိမ္းစား ပါေမာကၡ တီ ဂ်က္ေကာ့ဘ္ဂြၽန္ က ေျပာပါတယ္။

ေလ့လာသူေတြကလည္း ဒါကို သေဘာတူၾကပါတယ္။

"ကြၽန္ေနာ္တို႔ အနီးကပ္ ေစာင့္ၾကည့္ ေလ့လာၿပီး ရလဒ္ကို အသိေပး တင္ျပပါ့မယ္"လို႔ ပါေမာကၡ ဆူဘရာမန္နီယန္ က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53139859
အိန္ဒိယမှာ ကိုဗစ် ၁၉ နဲ့ သေတာ အမျိုးသမီးတွေ ပိုများနေသလား အိန္ဒိယမှာ ကိုဗစ် ၁၉ နဲ့ သေတာ အမျိုးသမီးတွေ ပိုများနေသလား Reviewed by THITHTOOLWIN on 04:37 Rating: 5
Powered by Blogger.