မြန်မာ့ ကိုဗစ်တိုက်ဖျက်ရေး ကန် ဒေါ်လာ ၄ သန်းထပ်မံကူညီ


(Unicode)⤵⤵⤵
မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၄ သန်း ထပ်ပေးမယ့်အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

အခု ထပ်မံပေးအပ်တဲ့ ဒေါ်လာ ၄ သန်းနဲ့ပါဆိုရင် ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် အမေရိကန်က ထောက်ပံ့ပေးနေတာ စုစုပေါင်း ဒေါ်လာ ၁၃ သန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။

ဒီ ထပ်ဆောင်းအကူအညီကိုတော့ USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးအေး အေဂျင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မှာဖြစ်ကြောင်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ ဒီအမေရိကန်ရဲ့အကူအညီ ဒေါ်လာ ၁၃.၅ သန်းဟာ နိုင်ငံတစ်ဝန်းကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁.၃ ဘီလျံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ George Sibley က ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ့ ကိုဗစ္တိုက္ဖ်က္ေရး ကန္ ေဒၚလာ ၄ သန္းထပ္မံကူညီ

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္–၁၉ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာ ၄ သန္း ထပ္ေပးမယ့္အေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက ဇြန္လ ၁၇ ရက္ေန႔မွာ ေၾကညာပါတယ္။

အခု ထပ္မံေပးအပ္တဲ့ ေဒၚလာ ၄ သန္းနဲ႔ပါဆိုရင္ ေဖေဖာ္ဝါရီလကစလို႔ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္–၁၉ တုံ႔ျပန္ တိုက္ဖ်က္ေရးလုပ္ငန္းစဥ္ေတြအတြက္ အေမရိကန္က ေထာက္ပံ့ေပးေနတာ စုစုေပါင္း ေဒၚလာ ၁၃ သန္းခြဲ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီ ထပ္ေဆာင္းအကူအညီကိုေတာ့ USAID အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေအး ေအဂ်င္စီရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ လက္လွမ္းမီရရွိေရး ရန္ပုံေငြအစီအစဥ္ကတစ္ဆင့္ ျမန္မာျပည္သူမ်ားကို ေပးအပ္မွာျဖစ္ေၾကာင္း အေမရိကန္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္–၁၉ တုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ ေပးအပ္တဲ့ ဒီအေမရိကန္ရဲ႕အကူအညီ ေဒၚလာ ၁၃.၅ သန္းဟာ ႏိုင္ငံတစ္ဝန္းက်န္းမာေရးက႑အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ေရရွည္ပူးေပါင္း ေဆာင္႐ြက္မႈကို အားျဖည့္တာျဖစ္ပါတယ္။ အခုအကူအညီဟာ က်န္းမာေရးက႑အတြက္ ေပးအပ္ခဲ့တဲ့ ေဒၚလာ ၁၇၆ သန္းအပါအဝင္ လြန္ခဲ့တဲ့ အႏွစ္ (၂၀) အတြင္း ျမန္မာႏိုင္ငံအတြက္ ကာလရွည္ၾကာ အကူအညီ ေပးအပ္ခဲ့မႈ စုစုေပါင္း ေဒၚလာ ၁.၃ ဘီလ်ံအျပင္ ထပ္ၿပီးေပးတာ ျဖစ္ပါတယ္” လို႔ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ George Sibley က ေျပာပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-covid-19-usaid-support-/5467346.html
မြန်မာ့ ကိုဗစ်တိုက်ဖျက်ရေး ကန် ဒေါ်လာ ၄ သန်းထပ်မံကူညီ မြန်မာ့ ကိုဗစ်တိုက်ဖျက်ရေး ကန် ဒေါ်လာ ၄ သန်းထပ်မံကူညီ Reviewed by THITHTOOLWIN on 06:54 Rating: 5
Powered by Blogger.