ခိုလမ် တောင်သူ ၄၇ ဦး ကို တပ်မှ တရားစွဲဆိုထား


(Unicode)⤵⤵⤵
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ရလခတိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှ တောင်သူ ၄၇ ဦး ကို တရားစွဲဆို ထားကြောင်း စုံစမ်းသိရသည်။

အမှတ် ၆၆ ခြေလျင်တပ်ရင်း သည် တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃ )ဧက ကို သိမ်းဆည်းခဲ့ပြီး ဇွန် ၉ ရက်နေ့က တောင်သူ ၄၇ ဦး ကို နမ့်စန်မြို့နယ် တရားရုံးမှာ တရားဆို ထားသည်။

“ တပ်သိမ်းမြေတွေကို ပိုင်တာက တောင်သူ ၆၄ဦးပါ။ တရားစွဲဆိုခံရတာက ၄၇ဦးရှိပါတယ်” ဟု မြေသိမ်းခံရသည့် တောင်သူ ရိုဆန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ မြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ ကျော် စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး၊ ၂၀၁၉ ခုနစ် ၈ လပိုင်း တွင်မူ တပ်ပိုင်မြေ ဖြစ်ကြောင်း ကနဦးပိုင်ရှင်မှ လက်မှတ်ရေးထိုးပေးရန် အတွက် အထွေထွေ အုပ်ချုပ်ရေးရုံး မှတဆင့် အစည်းအဝေးခေါ်ယူခဲ့ကြောင်း ရိုဆန်း က ပြောပြသည်။

“တပ်မြေကိုကျူးကျော်စိုက်နေတယ်လို့ပြောတယ်။ လက်မှတ်ထိုးပေးပေါ့။ လောဆယ် လုပ်စားလို့ရသေးတယ်။ နောက် နိုင်ငံတော် က လုပ်စရာရှိရင် ဖယ်ခိုင်းမယ်။ ကျနော်တို့ တယောက်မှ လက်မှတ်မထိုးသေးဘူး” ဟု ရိုဆန်း က ဆိုသည်။

တပ်မှ တောင်သူများကို ၄ကြိမ်တိုင်တိုင်တွေ့ဆုံပြီး လက်မှတ်ထိုးခိုင်းသော်လည်း တောင်သူများက လက်မှတ်မထိုးပေးခဲ့ကြောင်း၊ အစည်းအဝေး ခေါ်ယူရာတွင်လည်း တကြိမ်နှင့် တကြိမ် အစည်းအဝေးလာတက်သူများမတူကြကြောင်း၊ နောက်ဆုံး ခေါ်ယူသည့် ၄ ကြိမ်မြောက် အစည်းအဝေးလာတက်သည့် တောင်သူ ၄၇ ဦးကို တပ်က ပုဒ်မ ၄၄၇ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

“ ကျနော်တို့၄ ကြိမ်စလုံး လုံးဝ လက်မှတ်မထိုးတော့ သူတို့အမှုဖွင့်လိုက်တာပဲ” ဟု မြေသိမ်းခံရသည့် တောင်သူ ရိုဆန်း ကပြောသည်။

တပ်သိမ်းမြေပေါ်တွင် တောင်သူများနေ့စဉ် စိုက်ပျိုးရေးလုပ်နေရာ ထိုသို့တပ်မှလာရောက် ဟန့်တားသည့်အပေါ် လက်ရှိတောင်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း လည်း မြေယာသိမ်းဆည်းခံရသည့် တောင်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ ရှေ့နေရှာပြီး အမှုရင်ဆိုင်သွားမယ်” ဟု အမည်မဖော်လိုသည့် တောင်သူ တဦးက ပြောသည်။

ခိုလမ်မြို့ နယ် ရှိ တောင်သူ ၄၇ဦးကို တပ်မှ တရားစွဲဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ခိုလမ်မြို့နယ်ခွဲရှိ အုပ်ချုပ်ရေးမှူးနှင့် တပ်ကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွင်လည်း မေလနှောင်းပိုင်း တွင် အစိုးရ တပ်နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ရွာ မှတောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ အစိုးရ တပ်မှ ဒေသခံတောင်သူ ၇၀ ကျော် ကို တရားစွဲဆိုထားသည်။

အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်း တွင်လည်း သိမ်းဆည်းမှုများရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှုဖြစ်ပွားနေသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
---------------------------------------
(Zawgyi)⤵⤵⤵
ခိုလမ္ ေတာင္သူ ၄၇ ဦး ကို တပ္မွ တရားစြဲဆိုထား

သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္ နမ့္စန္ၿမိဳ႕နယ္ ရလခတိုင္း႐ုံးစိုက္ရာ ခိုလမ္ၿမိဳ႕နယ္ခြဲရွိ အမွတ္ ၆၆ ေျခလ်င္တပ္ရင္းမွ ေတာင္သူ ၄၇ ဦး ကို တရားစြဲဆို ထားေၾကာင္း စုံစမ္းသိရသည္။

အမွတ္ ၆၆ ေျခလ်င္တပ္ရင္း သည္ ေတာင္သူ ၆၄ ဦး ပိုင္ဆိုင္ထားသည့္ ေျမဧက (၁၃၅၃.၃၃ )ဧက ကို သိမ္းဆည္းခဲ့ၿပီး ဇြန္ ၉ ရက္ေန႔က ေတာင္သူ ၄၇ ဦး ကို နမ့္စန္ၿမိဳ႕နယ္ တရား႐ုံးမွာ တရားဆို ထားသည္။

“ တပ္သိမ္းေျမေတြကို ပိုင္တာက ေတာင္သူ ၆၄ဦးပါ။ တရားစြဲဆိုခံရတာက ၄၇ဦးရွိပါတယ္” ဟု ေျမသိမ္းခံရသည့္ ေတာင္သူ ႐ိုဆန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

အဆိုပါ ေျမေပၚတြင္ ေတာင္သူမ်ား ႏွစ္ေပါင္း ၄၀ ေက်ာ္ စိုက္ပ်ိဳးလုပ္ကိုင္လာခဲ့ၿပီး၊ ၂၀၁၉ ခုနစ္ ၈ လပိုင္း တြင္မူ တပ္ပိုင္ေျမ ျဖစ္ေၾကာင္း ကနဦးပိုင္ရွင္မွ လက္မွတ္ေရးထိုးေပးရန္ အတြက္ အေထြေထြ အုပ္ခ်ဳပ္ေရး႐ုံး မွတဆင့္ အစည္းအေဝးေခၚယူခဲ့ေၾကာင္း ႐ိုဆန္း က ေျပာျပသည္။

“တပ္ေျမကိုက်ဴးေက်ာ္စိုက္ေနတယ္လို႔ေျပာတယ္။ လက္မွတ္ထိုးေပးေပါ့။ ေလာဆယ္ လုပ္စားလို႔ရေသးတယ္။ ေနာက္ ႏိုင္ငံေတာ္ က လုပ္စရာရွိရင္ ဖယ္ခိုင္းမယ္။ က်ေနာ္တို႔ တေယာက္မွ လက္မွတ္မထိုးေသးဘူး” ဟု ႐ိုဆန္း က ဆိုသည္။

တပ္မွ ေတာင္သူမ်ားကို ၄ႀကိမ္တိုင္တိုင္ေတြ႕ဆုံၿပီး လက္မွတ္ထိုးခိုင္းေသာ္လည္း ေတာင္သူမ်ားက လက္မွတ္မထိုးေပးခဲ့ေၾကာင္း၊ အစည္းအေဝး ေခၚယူရာတြင္လည္း တႀကိမ္ႏွင့္ တႀကိမ္ အစည္းအေဝးလာတက္သူမ်ားမတူၾကေၾကာင္း၊ ေနာက္ဆုံး ေခၚယူသည့္ ၄ ႀကိမ္ေျမာက္ အစည္းအေဝးလာတက္သည့္ ေတာင္သူ ၄၇ ဦးကို တပ္က ပုဒ္မ ၄၄၇ျဖင့္ အမႈဖြင့္ တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

“ က်ေနာ္တို႔၄ ႀကိမ္စလုံး လုံးဝ လက္မွတ္မထိုးေတာ့ သူတို႔အမႈဖြင့္လိုက္တာပဲ” ဟု ေျမသိမ္းခံရသည့္ ေတာင္သူ ႐ိုဆန္း ကေျပာသည္။

တပ္သိမ္းေျမေပၚတြင္ ေတာင္သူမ်ားေန႔စဥ္ စိုက္ပ်ိဳးေရးလုပ္ေနရာ ထိုသို႔တပ္မွလာေရာက္ ဟန႔္တားသည့္အေပၚ လက္ရွိေတာင္သူမ်ားအတြက္ အခက္အခဲမ်ားစြာ ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း လည္း ေျမယာသိမ္းဆည္းခံရသည့္ ေတာင္သူမ်ားက ေျပာဆိုလိုက္သည္။

“ က်ေနာ္တို႔ ေရွ႕ေနရွာၿပီး အမႈရင္ဆိုင္သြားမယ္” ဟု အမည္မေဖာ္လိုသည့္ ေတာင္သူ တဦးက ေျပာသည္။

ခိုလမ္ၿမိဳ႕ နယ္ ရွိ ေတာင္သူ ၄၇ဦးကို တပ္မွ တရားစြဲဆိုသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္မွ ခိုလမ္ၿမိဳ႕နယ္ခြဲရွိ အုပ္ခ်ဳပ္ေရးမႉးႏွင့္ တပ္ကို ႀကိဳးစားဆက္သြယ္ခဲ့ေသာ္လည္း မရရွိခဲ့ေပ။

သွ်မ္းျပည္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္ တြင္လည္း ေမလေႏွာင္းပိုင္း တြင္ အစိုးရ တပ္ႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ေက်း႐ြာ ၅႐ြာ မွေတာင္သူမ်ားေျမယာ အျငင္းပြားမႈ ျဖစ္ပြားကာ အစိုးရ တပ္မွ ေဒသခံေတာင္သူ ၇၀ ေက်ာ္ ကို တရားစြဲဆိုထားသည္။

အစိုးရတပ္ ေျမယာ သိမ္းမႈသည္ ယခုရက္ပိုင္း သွ်မ္းေတာင္ပိုင္းသာမက သွ်မ္းျပည္ေျမာက္ပိုင္း တြင္လည္း သိမ္းဆည္းမႈမ်ားရွိေနသျဖင့္ သွ်မ္းျပည္သူမ်ားလည္း စိုးရိမ္ပူပန္မႈျဖစ္ပြားေနသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17043
ခိုလမ် တောင်သူ ၄၇ ဦး ကို တပ်မှ တရားစွဲဆိုထား ခိုလမ် တောင်သူ ၄၇ ဦး ကို တပ်မှ တရားစွဲဆိုထား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.