နဝမတန်းအဆင့်ထိအောင်စာရင်းတွေထုတ်ပြန်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်း သြဂုတ်နောက်ပိုင်းမှထွက်မယ်

နဝမတန်းအဆင့်အထိ အောင်စာရင်းတွေကို ဇွန ၁၃ ရက်နေ့မှာထုတ်ပြန်
(Unicode)⤵⤵⤵
အခြေခံပညာကျောင်းတွေရဲ့နဝမတန်းအထိ အောင်စာရင်းများကို ပုံမှန်ထက် ၂လခန့်နောက်ကျပြီးနောက် ဒီကနေ့ ဇွန် ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကိုတော့ သြဂုတ်လနောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မယ်လိုခန့်မှန်းထားကြောင်း ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဇွန်၁၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

' ' အောင်စာရင်းအမြန်ဆုံးထုတ်ပြန်နိုင်ဖို့တော့စီစဉ်နေပါတယ်။ ဘာကြောင့်အမြန်ဆုံးထုတ်လဲဆိုတော့ ဒါသည် မပေါက်ကြားအောင်ထိန်းသိမ်းရတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ဘယ်နေ့ထုတ်မယ်ဆိုတာကိုတော့ မစီမံရသေးဘူး။ ကိုဗစ်ရဲ့ဆိုရှယ်ဒစ်စတန်းစင်းရှိနေမယ်ဆိုရင်တော့ ဝဘ်ဆိုဒ်ကနေထုတ်ပါမယ်။ တကယ်လို့ ဆိုရှယ်ဒစ်စတန်းစင်းအရ အားလုံးဒီကာလ ကြီးပြီးသွားပြီဆိုရင်တော့ ပုံမှန်အတိုင်းကြေညာ ပါမယ်။'' မြန်မာနိုင်ငံစာစစ်ဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ အမှတ်ခြစ်တာကို ဇွန် ၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တက္ကသိုလ် ၁၀ ခုမှာလုပ်နေတယ်လို့သိရပါတယ်။

' ' ၁၉ ရက်နေ့ပြီးရင် decode လုပ်ရဦးမယ်။ အောင်စာရင်း ပြုစုတာကတော့ ၂လနီးပါးကြာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်လနောက်ပိုင်းကိုတော့မှန်းထားပါတယ်'' လို့ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ စတင်ဖြေဆိုခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေဆိုဖို့ စာရင်းပေးသူ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိခဲ့ပါတယ်။
၂၀၁၈-၂၀၁၉ပညာသင်နှစ်မှာ ရမှတ်ပေါင်း ၅၅၅ မှတ်နဲ့ တစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရှင် ဖြစ်ခဲ့တဲ့မောင်ကျော်လင်းသန်း
' ' စာစမစ်ခင် စာဖြေသူရဲ့ခုံနံပါတ်နဲ့ စာစစ်ဌာနကို မမြင်ရအောင် ကုတ်နဲ့ အုပ်တာကို အရင်ပြုလုပ်ပြီးမှ စာစစ်တာကိုပြုလုပ်ရတာဖြစ်တယ်။ စာစစ်ပြီးတဲ့အဖြေလွှာတွေရဲ့ ကုတ်နံပါတ် ပြန်ခွာတာကို နောက်တစ်ဖွဲ့ကထပ်လုပ်ပြီး ရလာတဲ့တစ်ဘာသာချင်းအမှတ်စာရင်းတွေကို စာစစ်ဦးစီးဌာနကိုပြန်ပို့ရတာ။ စာစစ်ဦးစီးဌာနကမှဘာသာရပ်အားလုံးကိုပေါင်းပြီး ပြန်ပြုစုရ တယ်။ အောင်စာရင်းတွေထုတ်ပြန်ပြီးရင်လည်း အမှတ်စာရင်းထုတ်ပေးတာတွေရှိတယ်။ ဒါတွေအားလုံးလုပ်ပြီးမှ အောင်စာရင်းထုတ်ပြန်ရတာဖြစ်လို့ ပုံမှန်လည်း ၂လလောက်တော့ ကြာတယ်လို့ အောင်စာရင်းထုတ်ပြန်ဖို့လုပ်ဆောင်တဲ့လုပ်ငန်းအဆင့်အချို့ကို မြန်မာနိုင်ငံများဆရာများအဖွဲ့ချုပ်က ကျောင်းဆရာတစ်ဦးကရှင်းပြပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ရှစ်သိန်းငါးသောင်း ကျော်ရှိတဲ့အနက် နှစ်သိန်းခြောက်သောင်းကျော်အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အောင်ချက်ရဲ့ တစ်, ရာခိုင်နှုန်းကျော်ကျော် လျော့နည်းခဲ့ပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
နဝမတန္းအဆင့္ထိေအာင္စာရင္းေတြထုတ္ျပန္၊ တကၠသိုလ္ဝင္တန္းေအာင္စာရင္း ၾသဂုတ္ေနာက္ပိုင္းမွထြက္မယ္

အေျခခံပညာေက်ာင္းေတြရဲ႕နဝမတန္းအထိ ေအာင္စာရင္းမ်ားကို ပုံမွန္ထက္ ၂လခန႔္ေနာက္က်ၿပီးေနာက္ ဒီကေန႔ ဇြန္ ၁၃ ရက္ေန႔မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။

က်န္ရွိေနေသးတဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းေတြကိုေတာ့ ၾသဂုတ္လေနာက္ပိုင္းမွသာ ထုတ္ျပန္ႏိုင္မယ္လိုခန႔္မွန္းထားေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ဇြန္၁၂ ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အစိုးရရဲ႕ ျပည္သူ႔အတြက္စတုတၳတစ္ႏွစ္တာေဆာင္႐ြက္ခ်က္မ်ား သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

' ' ေအာင္စာရင္းအျမန္ဆုံးထုတ္ျပန္ႏိုင္ဖို႔ေတာ့စီစဥ္ေနပါတယ္။ ဘာေၾကာင့္အျမန္ဆုံးထုတ္လဲဆိုေတာ့ ဒါသည္ မေပါက္ၾကားေအာင္ထိန္းသိမ္းရတဲ့ကိစၥလည္းျဖစ္ပါတယ္။ ဘယ္ေန႔ထုတ္မယ္ဆိုတာကိုေတာ့ မစီမံရေသးဘူး။ ကိုဗစ္ရဲ႕ဆိုရွယ္ဒစ္စတန္းစင္းရွိေနမယ္ဆိုရင္ေတာ့ ဝဘ္ဆိုဒ္ကေနထုတ္ပါမယ္။ တကယ္လို႔ ဆိုရွယ္ဒစ္စတန္းစင္းအရ အားလုံးဒီကာလ ႀကီးၿပီးသြားၿပီဆိုရင္ေတာ့ ပုံမွန္အတိုင္းေၾကညာ ပါမယ္။'' ျမန္မာႏိုင္ငံစာစစ္ဌာန၊ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫႊန႔္က သတင္းစာရွင္းလင္းပြဲမွာေျပာသြားခဲ့ပါတယ္။

တကၠသိုလ္ဝင္တန္းအေျဖလႊာေတြ အမွတ္ျခစ္တာကို ဇြန္ ၅ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ တကၠသိုလ္ ၁၀ ခုမွာလုပ္ေနတယ္လို႔သိရပါတယ္။

' ' ၁၉ ရက္ေန႔ၿပီးရင္ decode လုပ္ရဦးမယ္။ ေအာင္စာရင္း ျပဳစုတာကေတာ့ ၂လနီးပါးၾကာဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၾသဂုတ္လေနာက္ပိုင္းကိုေတာ့မွန္းထားပါတယ္'' လို႔ ပညာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာပါတယ္။

မတ္လ ၁၁ ရက္ေန႔မွာ စတင္ေျဖဆိုခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ ေျဖဆိုဖို႔ စာရင္းေပးသူ ေက်ာင္းသား ေက်ာင္းသူေပါင္း ၉၇၁,၃၃၉ ဦး ရွိခဲ့ပါတယ္။

' ' စာစမစ္ခင္ စာေျဖသူရဲ႕ခုံနံပါတ္နဲ႔ စာစစ္ဌာနကို မျမင္ရေအာင္ ကုတ္နဲ႔ အုပ္တာကို အရင္ျပဳလုပ္ၿပီးမွ စာစစ္တာကိုျပဳလုပ္ရတာျဖစ္တယ္။ စာစစ္ၿပီးတဲ့အေျဖလႊာေတြရဲ႕ ကုတ္နံပါတ္ ျပန္ခြာတာကို ေနာက္တစ္ဖြဲ႕ကထပ္လုပ္ၿပီး ရလာတဲ့တစ္ဘာသာခ်င္းအမွတ္စာရင္းေတြကို စာစစ္ဦးစီးဌာနကိုျပန္ပို႔ရတာ။ စာစစ္ဦးစီးဌာနကမွဘာသာရပ္အားလုံးကိုေပါင္းၿပီး ျပန္ျပဳစုရ တယ္။ ေအာင္စာရင္းေတြထုတ္ျပန္ၿပီးရင္လည္း အမွတ္စာရင္းထုတ္ေပးတာေတြရွိတယ္။ ဒါေတြအားလုံးလုပ္ၿပီးမွ ေအာင္စာရင္းထုတ္ျပန္ရတာျဖစ္လို႔ ပုံမွန္လည္း ၂လေလာက္ေတာ့ ၾကာတယ္လို႔ ေအာင္စာရင္းထုတ္ျပန္ဖို႔လုပ္ေဆာင္တဲ့လုပ္ငန္းအဆင့္အခ်ိဳ႕ကို ျမန္မာႏိုင္ငံမ်ားဆရာမ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းဆရာတစ္ဦးကရွင္းျပပါတယ္။

ၿပီးခဲ့တဲ့၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုသူ ရွစ္သိန္းငါးေသာင္း ေက်ာ္ရွိတဲ့အနက္ ႏွစ္သိန္းေျခာက္ေသာင္းေက်ာ္ေအာင္ျမင္ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္း ၃၁ ဒႆမ ၄၄ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ေအာင္ခ်က္ရဲ႕ တစ္, ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ ေလ်ာ့နည္းခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52953285
နဝမတန်းအဆင့်ထိအောင်စာရင်းတွေထုတ်ပြန်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်း သြဂုတ်နောက်ပိုင်းမှထွက်မယ် နဝမတန်းအဆင့်ထိအောင်စာရင်းတွေထုတ်ပြန်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်း သြဂုတ်နောက်ပိုင်းမှထွက်မယ် Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.