ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ပြိုင်မည်


(Unicode)⤵⤵⤵
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွေးကောက်ပွဲကို မန္တလေးတိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် လျှောက်ထားသူ ၅၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

အဲဒီထဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့က ဝန်ကြီးတွေ အားလုံးဟာ ယခင်မဲဆန္ဒနယ်မြေတွေကနေ ပြန်လည်လျှောက်ထားတယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

“ ဒေါက်တာဇော်မြင့်မောင် လျှောက်လွှာတော့ရောက်လာပြီ၊ မြို့နယ်မှာပြိုင်မယ့်အနေနဲ့ ရွေးချယ်သတ်မှတ်ထားတာတော့ မပါလာဘူး။ လိုရမယ်ရ လျှောက်လွှာကို ယူထားတဲ့သဘောပဲ။ စည်းကမ်းတကျ လျှောက်လွှာတင်ပေးထားတယ်ဆိုတဲ့သဘော။ တာဝန်ပေးချင်းမပေးချင်ကတော့ ဒီလကုန်လောက်မှတော့သိရမှာ၊ တာဝန်ပေးရင်တော့ သူလုပ်ရမှာပေါ့၊ “

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ်လောင်း လျှောက်ထားသူ ၅၆၂ ယောက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅  ရွေးကောက်ပွဲထက် လျှောက်ထားသူ တိုးလာတယ်လို့ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်သလို ပါတီဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါခံစားနေရပြီး ဆေးကုသခံယူနေရသူဖြစ်ပါတယ်။

ကိုယ်စားလှယ်ရွေးချယ်တဲ့အခါမှာ မြို့နယ်၊ တိုင်း အဆင့်ဆင့် ရွေးချယ်တာဖြစ်ပြီး ဗဟိုကရွေးချယ်မှသာ အတည်ဖြစ်မှာပါ။

ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်ဝန်ကြီး ဒေါက်တာစိုးသန်းက
"နိုင်ငံတော်အကျိုးတွေ ဆက်လက်ဆောင်ရွက်ဖို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ"

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရတဲ့အထဲက တစ်ယောက်ဖြစ်ပါတယ်။

ဦးတင်ထွဋ်ဦးက ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်ကြီးတံခွန်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ တင်ပြထားသူတွေထဲမှာ ပါဝင်ပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕ဝင္ေတြ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မည္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကေန ေ႐ြးေကာက္ပြဲကို မႏၲေလးတိုင္းကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ေလွ်ာက္ထားသူ ၅၀၀ ေက်ာ္ရွိေၾကာင္း မႏၲေလးတိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေျပာပါတယ္။

အဲဒီထဲမွာ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ အပါအဝင္ အစိုးရအဖြဲ႕က ဝန္ႀကီးေတြ အားလုံးဟာ ယခင္မဲဆႏၵနယ္ေျမေတြကေန ျပန္လည္ေလွ်ာက္ထားတယ္လို႔ မႏၲေလးတိုင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္တိုင္းဥကၠ႒ ဦးတင္ထြဋ္ဦးက ေျပာပါတယ္။

“ ေဒါက္တာေဇာ္ျမင့္ေမာင္ ေလွ်ာက္လႊာေတာ့ေရာက္လာၿပီ၊ ၿမိဳ႕နယ္မွာၿပိဳင္မယ့္အေနနဲ႔ ေ႐ြးခ်ယ္သတ္မွတ္ထားတာေတာ့ မပါလာဘူး။ လိုရမယ္ရ ေလွ်ာက္လႊာကို ယူထားတဲ့သေဘာပဲ။ စည္းကမ္းတက် ေလွ်ာက္လႊာတင္ေပးထားတယ္ဆိုတဲ့သေဘာ။ တာဝန္ေပးခ်င္းမေပးခ်င္ကေတာ့ ဒီလကုန္ေလာက္မွေတာ့သိရမွာ၊ တာဝန္ေပးရင္ေတာ့ သူလုပ္ရမွာေပါ့၊ “

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စာလွယ္ေလာင္း ေလွ်ာက္ထားသူ ၅၆၂ ေယာက္ရွိၿပီး ၿပီးခဲ့တဲ့ ၂၀၁၅  ေ႐ြးေကာက္ပြဲထက္ ေလွ်ာက္ထားသူ တိုးလာတယ္လို႔ ဦးတင္ထြဋ္ဦးက ေျပာပါတယ္။

လက္ရွိ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္လည္းျဖစ္သလို ပါတီဒုဥကၠ႒လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေရာဂါခံစားေနရၿပီး ေဆးကုသခံယူေနရသူျဖစ္ပါတယ္။

ကိုယ္စားလွယ္ေ႐ြးခ်ယ္တဲ့အခါမွာ ၿမိဳ႕နယ္၊ တိုင္း အဆင့္ဆင့္ ေ႐ြးခ်ယ္တာျဖစ္ၿပီး ဗဟိုကေ႐ြးခ်ယ္မွသာ အတည္ျဖစ္မွာပါ။

ျပန္လည္ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားတဲ့ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္ဝန္ႀကီး ေဒါက္တာစိုးသန္းက
"ႏိုင္ငံေတာ္အက်ိဳးေတြ ဆက္လက္ေဆာင္႐ြက္ဖို႔ ဝင္ေရာက္ယွဥ္ၿပိဳင္တာပါ"

မႏၲေလးတိုင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းဥကၠ႒ ဦးတင္ထြဋ္ဦးက လာမဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ရင္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ထင္ေၾကးေပးခံေနရတဲ့အထဲက တစ္ေယာက္ျဖစ္ပါတယ္။

ဦးတင္ထြဋ္ဦးက ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းမရွိေပမယ့္ အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအေနနဲ႔ တင္ျပထားသူေတြထဲမွာ ပါဝင္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ပြိုင်မည် ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ပြိုင်မည် Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.