ရခိုင်မြောက် ရပ်ကျေးအုပ်ချုပ်ရေး အစိုးရသက်ရောက်နိုင်ပါ့မလား

၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၀ နီးပါး နုတ်ထွက်စာတင်တဲ့ မြင်ကွင်း။ (သတင်းဓါတ်ပုံံ- Kyaw Hla Myint)
(Unicode)⤵⤵⤵
မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အစုအပြုံလိုက် နုတ်ထွက်နေကြတဲ့အပေါ် အစားထိုးခန့်ထားနိုင်ဖို့ ပြည်ထောင်စုအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းဒေသက ရပ်ရွာအုပ်ချုပ်ရေးတွေကို အစိုးရဘက်က ဆက်ပြီး ထိန်းထားနိုင်ပါ့မလား... ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မကြာသေးခင်ကတည်းက အုပ်ချုပ်ရေးမှူးကို တချို့ AA အဖွဲ့နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူခံရတာတွေ ရှိနေသလို တဘက်မှာလည်း အစိုးရရဲ့လက်ကိုင်ဒုတ်လို့ မှတ်ယူခံရပြီး AA အဖွဲ့က ဖမ်းဆီးစစ်ဆေးတာတွေ ခြိမ်းခြောက်တာတွေခံကြရပါတယ်။ ကိုယ့်အသက်အန္တရာယ်ကို ကိုယ်တိုင် မကာကွယ်နိုင်တဲ့ အခြေအနေကြောင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအတော်များများ ရာထူးကနေ နုတ်ထွက်ဖို့ တင်ပြလာတာတွေ ရှိပါတယ်။

အစိုးရဘက်ကတော့ AA အဖွဲ့က အုပ်ချုပ်ရေးယန္တရားကို ပျက်ဆီးဖို့ ရည်ရွယ်ချက်လုပ်ဆောင်တာတွေကြောင့် အခုလို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နုတ်ထွက်တာရှိပေမဲ့ တတ်နိုင်သမျှ အုပ်ချုပ်ရေးပိုင်း မထိခိုက်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့နှစ်ပတ်လည်သတင်းစာရှင်းပွဲမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်က အခုလိုပြောဆိုလိုက်ပါတယ်။

"ဒီနေရာတွေကို ပြန်လည်အစားထိုးပြန်ခံဖို့ လုပ်ပါတယ်။ လစ်လပ်ရင် လစ်လပ်တဲ့ နေရာမှာ ဥပဒေတိုင်း ပြန်ခန့်ထားတယ်။ အုပ်ချုပ်ရေးပျက်ပြားအောင် ရဲတွေ၊ နောက်အုပ်ချုပ်ရေးက လူတွေကို ဖမ်းတာတွေ၊ တိုက်တာတွေ လုပ်တယ်။ ဘယ်လိုလုပ်လုပ် ရခိုင်အစိုးရ၊ နိုင်ငံတော်သမ္မတရုံးအပါအဝင် ကျနော်တို့ဘက်ကနေ အုပ်ချုပ်ရေးပိုင်း ကို ပြန်တည်ဆောက်ပါတယ်။ လုံခြူံရေးကောင်းတာနဲ့ အုပ်ချုပ်ရေးကို စနစ်တကျပြန်တည်ဆောက်ပါတယ်။ လစ်လပ်နေရာမှာ ဥပဒေနဲ့ အညီ ပြန်ခန့်ပြီးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တင်ပြချင်ပါတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကို AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးနေတာတွေကြောင့် မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးရုံးမှာ နုတ်ထွက်စာ တင်တာတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ သူကတော့ အစိုးရအနေနဲ့ မတရား ဖမ်းဆီးတာမျိုးမရှိဘဲ ပြစ်မှုကြောင့်သာ ဖမ်းခံရတာဖြစ်တယ်လို့ ဦးတင်မြင့် ဆိုပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ AA အဖွဲ့နဲ့ ဆက်သွယ်တာလည်း မရှိဘဲ သံသယနဲ့ ဖမ်းဆီးနေတာကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေ ကဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူးတွေ ထွက်ကုန်တာကြောင့် တရားဥပဒေစိုးမိုးရေး အားနည်းသွားစေနိုင်တယ်လို့ ထင်မြင်ယူဆပြီး၊ စစ်အုပ်ချုပ်ရေးပိုင်းနဲ့ ထိန်းညှိဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

ဒီလိုမတည်မငြိမ်အခြေအနေပေါ်မှာ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးပိုင်းကကို အစိုးရ ဘက်က သေချာ ထိန်းကျောင်းနိုင်ပါရဲ့လား။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

"ရဲတွေရော၊ တပ်မတော်ရော၊ နယ်စပ်ရဲတွေရော ရှိနေတာပဲ။ ဒါပေမဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေ အဆက်မပြတ်ဖြစ်နေတဲ့ အချိန်မှာတော့ သတင်းတွေမှာ သိတဲ့အတိုင်းပဲ မငြိမ်မသက်မှုတွေဟာ စက္ကန့်၊ နာရီ၊ နေ့ရက် အခုဆိုရင် နှစ်ချီနေပြီးတော့ကို ဖြစ်နေပြီ။ ဆိုတော့ ဒီအနေအထားမှာ အစိုးရအာဏာစက်ဟာ ပြည်သူတွေရဲ့ လုံခြုံမှုအတွက် အမှန်တကယ်ပဲ ထိရောက်သလား၊ မိမိတို့ရဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအသီးသီးပေါ်မှာရော လုံခြုံမှုပေးနိုင်သလား ဆိုတာမျိုးတွေကိုတော့ လေ့လာစမ်းစစ်လို့တော့ရပြီ။ မလုံမခြုံမှုတွေ ဖြစ်နေတယ်ဆိုတော့ ဒါဟာအစိုးရ တရပ်ရဲ့ ကွပ်ကဲမှု အာဏာစက်ဟာ တနည်းအားဖြင့် လျော့ရဲနေပြီး ပြည်သူကို လုံခြုံအောင်ကာကွယ်မှု မပေးနိုင်ဘူးဆိုတာ သုံးသပ်လို့ရပါတယ်။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေဟာ ဖမ်းဆီးခံရတာတွေ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး တာဝန်တွေကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ အေအေအဖွဲ့ အကြား စစ်ရေးပဋိပက္ခတွေ တနေ့တခြား ပိုမိုပြင်းထန်လာနေပြီး တိုက်ခိုက်မှုတွေက မြို့ပေါ်တွေအထိပါ သက်ရောက်လာတာပါ။

မြို့ပေါ်မှာတင် ဓားပြတိုက်မှုတွေ၊ လူမြင်ကွင်းရှေ့ လူသတ်မှုတွေဖြစ်လာပြီး ဒါဟာ တရားဥပဒေ စိုးမိုးရေး ပျက်ယွင်းလာတဲ့ သဘောဖြစ်တယ်လို့ ဒေသခံတချို့ ပြောဆိုကြပါတယ်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ ရပ္ေက်းအုပ္ခ်ဳပ္ေရး အစိုးရသက္ေရာက္ႏိုင္ပါ့မလား

မတည္မၿငိမ္ျဖစ္ေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြ အစုအၿပဳံလိုက္ ႏုတ္ထြက္ေနၾကတဲ့အေပၚ အစားထိုးခန႔္ထားႏိုင္ဖို႔ ျပည္ေထာင္စုအစိုးရက ႀကိဳးပမ္းေနပါတယ္။ ဒါေပမဲ့ ရခိုင္ေျမာက္ပိုင္းေဒသက ရပ္႐ြာအုပ္ခ်ဳပ္ေရးေတြကို အစိုးရဘက္က ဆက္ၿပီး ထိန္းထားႏိုင္ပါ့မလား... ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက စုံစမ္းေမးျမန္းထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း မၾကာေသးခင္ကတည္းက အုပ္ခ်ဳပ္ေရးမႉးကို တခ်ိဳ႕ AA အဖြဲ႕နဲ႔ ဆက္သြယ္မႈ ရွိတယ္ဆိုတဲ့ သံသယနဲ႔ အေရးယူခံရတာေတြ ရွိေနသလို တဘက္မွာလည္း အစိုးရရဲ႕လက္ကိုင္ဒုတ္လို႔ မွတ္ယူခံရၿပီး AA အဖြဲ႕က ဖမ္းဆီးစစ္ေဆးတာေတြ ၿခိမ္းေျခာက္တာေတြခံၾကရပါတယ္။ ကိုယ့္အသက္အႏၲရာယ္ကို ကိုယ္တိုင္ မကာကြယ္ႏိုင္တဲ့ အေျခအေနေၾကာင့္ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးအေတာ္မ်ားမ်ား ရာထူးကေန ႏုတ္ထြက္ဖို႔ တင္ျပလာတာေတြ ရွိပါတယ္။

အစိုးရဘက္ကေတာ့ AA အဖြဲ႕က အုပ္ခ်ဳပ္ေရးယႏၲရားကို ပ်က္ဆီးဖို႔ ရည္႐ြယ္ခ်က္လုပ္ေဆာင္တာေတြေၾကာင့္ အခုလို ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြ ရာထူးကေန ႏုတ္ထြက္တာရွိေပမဲ့ တတ္ႏိုင္သမွ် အုပ္ခ်ဳပ္ေရးပိုင္း မထိခိုက္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔ ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ရဲ႕ႏွစ္ပတ္လည္သတင္းစာရွင္းပြဲမွာ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ျမင့္က အခုလိုေျပာဆိုလိုက္ပါတယ္။

"ဒီေနရာေတြကို ျပန္လည္အစားထိုးျပန္ခံဖို႔ လုပ္ပါတယ္။ လစ္လပ္ရင္ လစ္လပ္တဲ့ ေနရာမွာ ဥပေဒတိုင္း ျပန္ခန႔္ထားတယ္။ အုပ္ခ်ဳပ္ေရးပ်က္ျပားေအာင္ ရဲေတြ၊ ေနာက္အုပ္ခ်ဳပ္ေရးက လူေတြကို ဖမ္းတာေတြ၊ တိုက္တာေတြ လုပ္တယ္။ ဘယ္လိုလုပ္လုပ္ ရခိုင္အစိုးရ၊ ႏိုင္ငံေတာ္သမၼတ႐ုံးအပါအဝင္ က်ေနာ္တို႔ဘက္ကေန အုပ္ခ်ဳပ္ေရးပိုင္း ကို ျပန္တည္ေဆာက္ပါတယ္။ လုံၿခဴံေရးေကာင္းတာနဲ႔ အုပ္ခ်ဳပ္ေရးကို စနစ္တက်ျပန္တည္ေဆာက္ပါတယ္။ လစ္လပ္ေနရာမွာ ဥပေဒနဲ႔ အညီ ျပန္ခန႔္ၿပီးလုပ္ငန္းေတြ လုပ္ေဆာင္ေနတာကို တင္ျပခ်င္ပါတယ္။"

ၿပီးခဲ့တဲ့ ရက္ပိုင္းက တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ရပ္ကြက္အုပ္ခ်ဴပ္ေရးမႉးေတြကို AA အဖြဲ႕နဲ႔ ဆက္သြယ္တယ္ဆိုၿပီး ဖမ္းဆီးေနတာေတြေၾကာင့္ ၿမိဳ႕နယ္ အေထြအေထြ အုပ္ခ်ဳပ္ေရး႐ုံးမွာ ႏုတ္ထြက္စာ တင္တာေတြရွိခဲ့ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ သူကေတာ့ အစိုးရအေနနဲ႔ မတရား ဖမ္းဆီးတာမ်ိဳးမရွိဘဲ ျပစ္မႈေၾကာင့္သာ ဖမ္းခံရတာျဖစ္တယ္လို႔ ဦးတင္ျမင့္ ဆိုပါတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြဟာ AA အဖြဲ႕နဲ႔ ဆက္သြယ္တာလည္း မရွိဘဲ သံသယနဲ႔ ဖမ္းဆီးေနတာေၾကာင့္ ႏုတ္ထြက္ဖို႔ ဆုံးျဖတ္ၾကတာျဖစ္တယ္လို႔ ရခိုင္ေဒသခံေတြ ကဆိုၾကပါတယ္။

အုပ္ခ်ဳပ္ေရးမႉးေတြ ထြက္ကုန္တာေၾကာင့္ တရားဥပေဒစိုးမိုးေရး အားနည္းသြားေစႏိုင္တယ္လို႔ ထင္ျမင္ယူဆၿပီး၊ စစ္အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ ထိန္းညႇိဖို႔ တိုက္တြန္းမႈေတြလည္း ရွိေနပါတယ္။

ဒီလိုမတည္မၿငိမ္အေျခအေနေပၚမွာ အစိုးရအေနနဲ႔ တရားဥပေဒစိုးမိုးေရးပိုင္းကကို အစိုးရ ဘက္က ေသခ်ာ ထိန္းေက်ာင္းႏိုင္ပါရဲ႕လား။ ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ ေဒၚေအးႏုစိန္က အခုလို သုံးသပ္ေျပာဆိုလိုက္ပါတယ္။

"ရဲေတြေရာ၊ တပ္မေတာ္ေရာ၊ နယ္စပ္ရဲေတြေရာ ရွိေနတာပဲ။ ဒါေပမဲ့ တိုက္ပြဲေတြ၊ စစ္ပြဲေတြ အဆက္မျပတ္ျဖစ္ေနတဲ့ အခ်ိန္မွာေတာ့ သတင္းေတြမွာ သိတဲ့အတိုင္းပဲ မၿငိမ္မသက္မႈေတြဟာ စကၠန႔္၊ နာရီ၊ ေန႔ရက္ အခုဆိုရင္ ႏွစ္ခ်ီေနၿပီးေတာ့ကို ျဖစ္ေနၿပီ။ ဆိုေတာ့ ဒီအေနအထားမွာ အစိုးရအာဏာစက္ဟာ ျပည္သူေတြရဲ႕ လုံၿခဳံမႈအတြက္ အမွန္တကယ္ပဲ ထိေရာက္သလား၊ မိမိတို႔ရဲ႕ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဝန္ထမ္းအသီးသီးေပၚမွာေရာ လုံၿခံဳမႈေပးႏိုင္သလား ဆိုတာမ်ိဳးေတြကိုေတာ့ ေလ့လာစမ္းစစ္လို႔ေတာ့ရၿပီ။ မလုံမၿခံဳမႈေတြ ျဖစ္ေနတယ္ဆိုေတာ့ ဒါဟာအစိုးရ တရပ္ရဲ႕ ကြပ္ကဲမႈ အာဏာစက္ဟာ တနည္းအားျဖင့္ ေလ်ာ့ရဲေနၿပီး ျပည္သူကို လုံၿခံဳေအာင္ကာကြယ္မႈ မေပးႏိုင္ဘူးဆိုတာ သုံးသပ္လို႔ရပါတယ္။"

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြျဖစ္ၿပီးေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမႉးေတြဟာ ဖမ္းဆီးခံရတာေတြ ရွိတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အတြင္း ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ အုပ္ခ်ဳပ္ေရးမႉး တာဝန္ေတြကေန ႏုတ္ထြက္ခြင့္ျပဳဖို႔ စာတင္တာေတြ ရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရတပ္မေတာ္နဲ႔ ေအေအအဖြဲ႕ အၾကား စစ္ေရးပဋိပကၡေတြ တေန႔တျခား ပိုမိုျပင္းထန္လာေနၿပီး တိုက္ခိုက္မႈေတြက ၿမိဳ႕ေပၚေတြအထိပါ သက္ေရာက္လာတာပါ။

ၿမိဳ႕ေပၚမွာတင္ ဓားျပတိုက္မႈေတြ၊ လူျမင္ကြင္းေရွ႕ လူသတ္မႈေတြျဖစ္လာၿပီး ဒါဟာ တရားဥပေဒ စိုးမိုးေရး ပ်က္ယြင္းလာတဲ့ သေဘာျဖစ္တယ္လို႔ ေဒသခံတခ်ိဳ႕ ေျပာဆိုၾကပါတယ္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-conflict/5463279.html
ရခိုင်မြောက် ရပ်ကျေးအုပ်ချုပ်ရေး အစိုးရသက်ရောက်နိုင်ပါ့မလား ရခိုင်မြောက် ရပ်ကျေးအုပ်ချုပ်ရေး အစိုးရသက်ရောက်နိုင်ပါ့မလား Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.