စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား


(Unicode)⤵⤵⤵
အင်းတော်မြို့နယ်၌ နွားများ ဝင်ရောက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား

 စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့တွင် နွားများဝင်ရောက် သည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းတော်မြို့နယ်၊ လယ်ဇင်ကျေးရွာအနီး လယ်တဲ၌ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် လယ်ဇင်ကျေးရွာနေ ဦးထွန်းဝေ(၄၇)နှစ်နှင့် လယ်ချင်းကပ်လျက်နေ တူတော်စပ်သူ ရန်နိုင်ထွန်း(၂၂)နှစ်တို့သည် ဦးထွန်းဝေ၏လယ်ကွက်အတွင်းသို့ ရန်နိုင်ထွန်း၏ နွားများဝင်ရောက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်စဉ် ရန်နိုင်ထွန်းက အရှည် ၄ ပေခန့်ရှိ တူမီးသေနတ်ဖြင့်ပစ်ပြီး ပေါက်ပြားရိုးဖြင့်ရိုက်နှက်ခဲ့ရာ ဦးထွန်းဝေတွင် ဒဏ်ရာများရရှိသေဆုံး သွားခဲ့သဖြင့် ရန်နိုင်ထွန်းအား အင်းတော်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Ministry of Home Affairs, Myanmar
--------------------------------------------------
(Zawgyi)⤵⤵⤵




စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.