မြန်မာဘက်ပို့မယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ ထိုင်းနယ်စပ်မှာဖမ်းမိ

ထိုင်း - မြန်မာနယ်စပ်မှာ မြန်မာဘက်ကို ပိုမယ့် လက်နက်များ ဖမ်းမိပုံ။ (ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ကို ပို့မယ့် စစ်သုံး လက်နက်အမြောက်အများ ဖမ်းမိတဲ့ သတင်းကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့က မဲတောင် ရပ်ကွက်အတွင်းက နေအိမ်တလုံးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်စပ်ခြားစောင်တပ် အမှတ် ၃၄၆ တပ်ရင်း တပ်ဖွဲ့ဝင်တွေကဇွန်လ ၂၃ ရက်နေက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။

ထိုင်းနိုင်ငံသား နှစ်ဦးနေထိုင်နေတဲ့ နေအိမ်အတွင်းမှာ စစ်သုံးလက်နက်မျိုးစုံ ၃၃ လက်-ပါဝင်ပါတယ်။ ဒီထဲမှာ အေ ကေ ၄၇ စက်လတ်-အမ် ၁၆၊ ရိုင်ဖယ်-အမ် ၇၉ လောင်ချာအပြင် အသံတိတ်ကိရိယာ တတ်ဆင်ထားတဲ့ ရိုင်ဖယ်တွေပါ တွေရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်မျိုးစုံရဲ့ ကျည်ဆံ အမြောက်အများနဲ့ လက်ပစ်ဗုံးတွေပါ ပါဝင်တာပါ။

အခုဖမ်းဆီးလိုက်တဲ့ စစ်သုံးလက်နက်တွေဟာ မြန်မာနိုင်ငံဘက်က လူနည်းစု လက်နက်ကိုင် အဖွဲ့အစည်းဆီ ပို့ဆောင်မယ့် လက်နက်တွေ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ လက်နက်တွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ ထိုင်းရဲချုပ် Chakthip Chaijinda က အခုလိုပြောပါတယ်။
ထိုင်း - မြန်မာနယ်စပ်မှာ မြန်မာဘက်ကို ပို့မယ့် လက်နက်များ ဖမ်းမိပုံ။ (ဇွန် ၂၄၊ ၂၀၂၀)
ထိုင်းရဲချုပ် ပြောသွားတာကတော့ အခုလို နှစ်နိုင်ငံနယ်စပ်မှာ ဖမ်းဆီးခဲ့တဲ့ စစ်သုံးလက်နက်ပစ္စည်းတွေဟာ ထိုင်း - မြန်မာ နှစ်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာနဲ့ သက်ဆိုင်နေတာကြောင့် မိမိတို့အနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာရော တဘက်နိုင်ငံတွင်းမှာပါ အမျိုးသားလုံခြုံရေးထိခိုက်စေမယ့် လုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ပြောဆိုသွားတာပါ။

လက်နက်တွေနဲ့အတူ ဖမ်းဆီးလိုက်တဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုတော့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ မကြာခဏဆိုသလို လက်နက်တွေ ဖမ်းမိတာတွေရှိပြီး ဖမ်းမိတိုင်းမှာ မြန်မာနိုင်ငံဘက်ကို ပို့မယ့် လက်နက်တွေ ဖြစ်ကြောင်းထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာဘက္ပို႔မယ္ဆိုတဲ့ လက္နက္ခဲယမ္းေတြ ထိုင္းနယ္စပ္မွာဖမ္းမိ

ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ျမန္မာႏိုင္ငံဘက္ကို ပို႔မယ့္ စစ္သုံး လက္နက္အေျမာက္အမ်ား ဖမ္းမိတဲ့ သတင္းကို ေျပာျပေပးပါမယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕က မဲေတာင္ ရပ္ကြက္အတြင္းက ေနအိမ္တလုံးကို ထိုင္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႕နဲ႔ နယ္စပ္ျခားေစာင္တပ္ အမွတ္ ၃၄၆ တပ္ရင္း တပ္ဖြဲ႕ဝင္ေတြကဇြန္လ ၂၃ ရက္ေနက ဝင္ေရာက္ရွာေဖြဖမ္းဆီးခဲ့တာပါ။

ထိုင္းႏိုင္ငံသား ႏွစ္ဦးေနထိုင္ေနတဲ့ ေနအိမ္အတြင္းမွာ စစ္သုံးလက္နက္မ်ိဳးစုံ ၃၃ လက္-ပါဝင္ပါတယ္။ ဒီထဲမွာ ေအ ေက ၄၇ စက္လတ္-အမ္ ၁၆၊ ႐ိုင္ဖယ္-အမ္ ၇၉ ေလာင္ခ်ာအျပင္ အသံတိတ္ကိရိယာ တတ္ဆင္ထားတဲ့ ႐ိုင္ဖယ္ေတြပါ ေတြရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္နက္မ်ိဳးစုံရဲ႕ က်ည္ဆံ အေျမာက္အမ်ားနဲ႔ လက္ပစ္ဗုံးေတြပါ ပါဝင္တာပါ။

အခုဖမ္းဆီးလိုက္တဲ့ စစ္သုံးလက္နက္ေတြဟာ ျမန္မာႏိုင္ငံဘက္က လူနည္းစု လက္နက္ကိုင္ အဖြဲ႕အစည္းဆီ ပို႔ေဆာင္မယ့္ လက္နက္ေတြ ျဖစ္တယ္လို႔လည္း ထိုင္းသတင္းေတြမွာ ေဖၚျပေနပါတယ္။ လက္နက္ေတြ ဖမ္းမိတာနဲ႔ ပတ္သက္လို႔ ထိုင္းရဲခ်ဳပ္ Chakthip Chaijinda က အခုလိုေျပာပါတယ္။

ထိုင္းရဲခ်ဳပ္ ေျပာသြားတာကေတာ့ အခုလို ႏွစ္ႏိုင္ငံနယ္စပ္မွာ ဖမ္းဆီးခဲ့တဲ့ စစ္သုံးလက္နက္ပစၥည္းေတြဟာ ထိုင္း - ျမန္မာ ႏွစ္ႏိုင္ငံ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာနဲ႔ သက္ဆိုင္ေနတာေၾကာင့္ မိမိတို႔အေနနဲ႔ ထိုင္းႏိုင္ငံအတြင္းမွာေရာ တဘက္ႏိုင္ငံတြင္းမွာပါ အမ်ိဳးသားလုံၿခံဳေရးထိခိုက္ေစမယ့္ လုပ္ရပ္ေတြကို ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ေျပာဆိုသြားတာပါ။

လက္နက္ေတြနဲ႔အတူ ဖမ္းဆီးလိုက္တဲ့ ထိုင္းႏိုင္ငံသား ႏွစ္ဦးကိုေတာ့ ဆက္လက္စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။ ထိုင္း - ျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕မွာ မၾကာခဏဆိုသလို လက္နက္ေတြ ဖမ္းမိတာေတြရွိၿပီး ဖမ္းမိတိုင္းမွာ ျမန္မာႏိုင္ငံဘက္ကို ပို႔မယ့္ လက္နက္ေတြ ျဖစ္ေၾကာင္းထိုင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/thai-myanmar-border-arrest/5475206.html
မြန်မာဘက်ပို့မယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ ထိုင်းနယ်စပ်မှာဖမ်းမိ မြန်မာဘက်ပို့မယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ ထိုင်းနယ်စပ်မှာဖမ်းမိ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.