ဘေဂျင်းမှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ်

ဘေဂျင်းမြို့ ယူကွမ် အရှေ့ဈေးနားက လူနေရပ်ကွက်တစ်ခုမှာ အကန့်အသတ်တွေ ချထားပြီးအစောင့်တွေနဲ့ စောင့်ကြပ်နေ
(Unicode)⤵⤵⤵
ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားနေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ရောဂါကူးစက်မှုအသစ် ၃၆ ခု ထပ်ဖြစ်ခဲ့ပါတယ်။

စနေနေ့တုန်းကလည်း ရောဂါကူးစက်မှု ၃၆ ခု တွေ့ခဲ့ပါတယ်။ဒီ့အရင် ရက်ပေါင်း ၅၀ ကျော်လောက် ဘေဂျင်းမြို့မှာ ရောဂါကူးစက်သူ မရှိခဲ့ပါဘူး။

နောက်ထပ် ရောဂါကူးစက်ပြန့်ပွားမယ့် အန္တရာယ် ကြီးမားနေဆဲပဲလို့ တရုတ် ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်လန်းက သတိပေးလိုက်ပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

အဲဒီလို ရောဂါကူးစက်မှုတွေ ထပ်ဖြစ်တာဟာ ဘေဂျင်းမြို့ရဲ့အကြီးဆုံး လက်ကားဈေးကြီးနဲ့ ဆက်စပ်နေပါတယ်။

အဲဒီဈေးက မန်နေဂျာနဲ့အတူ ဒေသန္တရတာဝန်ရှိသူတွေကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်။

ဘေဂျင်းမြို့နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဒါမှမဟုတ် သံသယလူနာတွေကို တခြားပြည်နယ် ၃ ခုဖြစ်တဲ့ လီယောင်နင်း၊ ဟီဘေးနဲ့ စီချွမ် ပြည်နယ်တွေမှာလည်း တွေ့ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘေဂျင်းမြို့ဈေးမှာ ပြည်ပကတင်သွင်းတဲ့ ဆယ်မွန်ငါးတွေ ခုတ်တဲ့ စဉ့်နီတုံးတွေပေါ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ခဲ့တဲ့အတွက် မြို့ပေါ်က စူပါမားကက်တွေမှာ ရောင်းနေတဲ့ ငါးတွေ အကုန်ပြန်သိမ်းခဲ့ရတယ်လို့အဲဒီက မီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

တရုတ်အစိုးရ ကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘေဂျင်းမြို့မှာ ရောဂါကူးစက်မှုအသစ် ကြာသပတေးနေ့က တစ်ခု၊ သောကြာနေ့က ခြောက်ခု ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။

စနေနေ့မှာတော့ ရောဂါကူးစက်ခံထားရသူ ၃၆ ဦး ဘေဂျင်းမြို့မှာ တွေ့ခဲ့ပါတယ်။ အားလုံးဟာ အဲဒီ ဇင်ဖာဒီ ဈေးနဲ့ ဆက်နွယ်နေပါတယ်။ အဲဒီဈေးဟာ အာရှတိုက်ရဲ့ အကြီးဆုံးလက်ကားဈေးကြီး ဖြစ်တယ်လို့ တရုတ်အစိုးရသတင်းဌာနခွဲတစ်ခု ဖြစ်တဲ့ CGTN သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီဈေးကို ချက်ချင်းပဲ လော့ခ်ဒေါင်း ချလိုက်ပြီး အနားက ရပ်ကွက် ၁၁ ခုမှာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ ဈေးနားတစ်ဝိုက်က နောက်ထပ် ရပ်ကွက် ၁၀ ခုမှာလည်း ကန့်သတ်မှုတွေ ချမှတ်လိုက်တယ်လို့ CGTN သတင်းမှာ ဖော်ပြထားပါတယ်။

ဧည့်သည် ဒါမှမဟုတ် ပစ္စည်းပို့တာတွေ ခွင့်မပြုဘဲ ရပ်ကွက်သားတွေကိုတော့ အဝင်အထွက် လုပ်ခွင့်ပေးထားပါတယ်။

ဈေးနားက အထက်တန်းကျောင်းတွေနဲ့ ကလေးထိန်းကျောင်းတွေကို ပိတ်ခိုင်းထားလိုက်ပြီး ဒီကနေ့ ပြန်ဖွင့်ဖို့ရှိတဲ့ မူကြိုကျောင်းတွေလည်း ပြန်မဖွင့်သေးဘဲ ရက်ရွှေ့လိုက်တယ်လို့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။
ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ဒီလို ဈေးမျိုးတစ်ခုနဲ့ ဆက်နွယ်နေ
တရုတ်ကွန်မြူနစ်ပါတီရဲ့ အကောင်းဆုံးနဲ့အဆိုးဆုံး လုပ်ဆောင်ချက်တွေ

(ဘေဂျင်းမြို့က တရုတ်ရေးရာ သတင်းထောက် စတီဖန် မက်ဒေါနယ်လ်ရဲ့ သုံးသပ်ချက်)

အခုချိန်မှာ ရောဂါကူးစက်ဖြစ်ပွားမူ အရေအတွက်ဟာ သိပ်ကြီးမားတဲ့ပုံ ရှိချင်မှ ရှိမှာပါ။

ဒါပေမဲ့ ရက်ပေါင်း ၅၀ ကျော်လောက် ရောဂါကူးစက်ခံရသူမရှိခဲ့ရာကနေ အခုလို ရောဂါကူးစက်သူတွေ ပြန်တွေ့လာရတာကြောင့် ဘေဂျင်းမြိုမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယ တစ်ကျော့ အကြီးအကျယ် ကူးစက်ပြန့်ပွားလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဒီတော့ မေးစရာ ဖြစ်လာတာက ဒီလိုမျိုး လုပ်နေရင် တစ်ခုခု ဖြစ်လာတဲ့အခါ ဖွင့်ဟပြောဖို့ ကြောက်လာကြပြီး ဖုံးကွယ်တာတွေ လုပ်လာနိုင်တာမို့ ဒီလို လုပ်တာဟာ အလုပ်ဖြစ်မလား ဆိုတာပါ။

အထူးသဖြင့် အခု ရောဂါကူးစက်ခံထားရသူတွေဟာ ဘေဂျင်းမြို့ရဲ့ သားငါးနဲ့ ဟင်းသီးဟင်းရွက် ၈၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတဲ့၊ နေ့စဉ် လူ ထောင်သောင်းချီ လာရောက်ကြတဲ့ ဒီလက်ကားဈေးကြီးနဲ့ ဆက်စပ်နေတယ်ဆိုတာကို ခြေရာခံ စစ်ဆေးတွေ့ရှိထားလို့ပါ။

ဒါကို တုံ့ပြန်ဆောင်ရွက်ရာမှာ သမ္မတ ရှီကျင့်ဖျင် လက်အောက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး လုပ်ရပ်တွေကို ထပ်တွေ့လာရပြန်ပါတယ်။

ဖန်တိုင်းခရိုင် အစိုးရအဖွဲ့ ဒုတိယအကြီးအကဲကို ရာထူးကနေ ဖယ်ရှားလိုက်သလို ဟွာရှင်းဒေသရဲ့ပါတီအတွင်းရေးမှူးကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဇင်ဖာဒီဈေးရဲ့ မန်နေဂျာလည်း အလုပ်ထုတ် ခံခဲ့ရသလို ဈေးရဲ့ တခြားတာဝန်ရှိသူတွေလည်း ပါတီရဲ့စည်းကမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆင့်ခေါ် မေးမြန်းတာကို ခံခဲ့ကြရပါတယ်။

လူတွေကို သီးသန့် ခွဲထားရာမှာ မြန်ဆန်ခဲ့မှုနဲ့ လုပ်ဆောင်နိုင်ခဲ့မှုအား၊ ရောဂါပိုးရှိမရှိ လူအများကြီးကိုစစ်ဆေးနိုင်ခဲ့မှု စတာတွေက အတော့် ကို ချီးကျူးစရာပါ။ ဒါပေမဲ့ တာဝန်ရှိသူတွေကို ရာထူးကနေ ထုတ်ပယ်ပစ်တာကတော့ သိပ်မကောင်းလှပါဘူး။

မြင်နိုင်စွမ်း မရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက် ကူးစက်ရောက်ရှိလာတာဟာ သူတို့ကြောင့် ဖြစ်တယ်ဆိုမှသာ တာဝန်ရှိသူတွေကို ဒီလိုရာထူးကနေ ထုတ်ပယ်သင့်တာပါ။

ဘေဂျင်းမြို့မှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံတဝန်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ် အမျိုးအစားနဲ့ မတူဘဲ တစ်ခြား တစ်နေရာကနေ ရောက်လာပုံရတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန (CDC) ရဲ့ရောဂါဗေဒပညာရှင် က ပြောပါတယ်။

အခုအခါ အဲဒီဈေးက ဈေးဝန်ထမ်း တစ်သောင်းလောက်ကို ပိုးရှိမရှိ စစ်ဖို့ လုပ်နေပါတယ်။

ဘေဂျင်းမြို့နဲ့ တရုတ်နိုင်ငံက နေရာအများစုမှာ ပုံမှန် သွားလာလှုပ်ရှားမှုတွေ စလုပ်နေချိန်မှာပဲ အခုလိုကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ ဖြစ်လာခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုတွေ ချထားဆဲ ဖြစ်ပေမဲ့ လူတွေ သတိကြီးကြီးနဲ့ အလုပ်ခွင် ပြန်ဝင်နေကြပြီး ကျောင်းသူကျောင်းသားတွေလည်း ကျောင်းပြန်တက်နေကြချိန် ဖြစ်ပါတယ်။

BBC Burmese
--------------------------------------

(Zawgyi)⤵⤵⤵
ေဘဂ်င္းမွာ ကို႐ိုနာဗိုင္းရပ္စ္ တစ္ေက်ာ့ျပန္ ကူးစက္မႈေတြျဖစ္

ေဘဂ်င္းၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ တစ္ေက်ာ့ျပန္ ကူးစက္ျဖစ္ပြားေနၿပီလား ဆိုတဲ့ စိုးရိမ္မႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ ေရာဂါကူးစက္မႈအသစ္ ၃၆ ခု ထပ္ျဖစ္ခဲ့ပါတယ္။

စေနေန႔တုန္းကလည္း ေရာဂါကူးစက္မႈ ၃၆ ခု ေတြ႕ခဲ့ပါတယ္။ဒီ့အရင္ ရက္ေပါင္း ၅၀ ေက်ာ္ေလာက္ ေဘဂ်င္းၿမိဳ႕မွာ ေရာဂါကူးစက္သူ မရွိခဲ့ပါဘူး။

ေနာက္ထပ္ ေရာဂါကူးစက္ျပန္႔ပြားမယ့္ အႏၲရာယ္ ႀကီးမားေနဆဲပဲလို႔ တ႐ုတ္ ဒုတိယဝန္ႀကီးခ်ဳပ္ ဆြန္ခြၽန္လန္းက သတိေပးလိုက္ၿပီး ျပတ္ျပတ္သားသား အေရးယူေဆာင္႐ြက္တာေတြ လုပ္ဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္းထားပါတယ္။

အဲဒီလို ေရာဂါကူးစက္မႈေတြ ထပ္ျဖစ္တာဟာ ေဘဂ်င္းၿမိဳ႕ရဲ႕အႀကီးဆုံး လက္ကားေဈးႀကီးနဲ႔ ဆက္စပ္ေနပါတယ္။

အဲဒီေဈးက မန္ေနဂ်ာနဲ႔အတူ ေဒသႏၲရတာဝန္ရွိသူေတြကို အလုပ္ကေန ထုတ္ပယ္လိုက္ၿပီးျဖစ္ပါတယ္။

ေဘဂ်င္းၿမိဳ႕နဲ႔ ဆက္ႏြယ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ဒါမွမဟုတ္ သံသယလူနာေတြကို တျခားျပည္နယ္ ၃ ခုျဖစ္တဲ့ လီေယာင္နင္း၊ ဟီေဘးနဲ႔ စီခြၽမ္ ျပည္နယ္ေတြမွာလည္း ေတြ႕ထားတယ္လို႔ သတင္းေတြက ဆိုပါတယ္။

ေဘဂ်င္းၿမိဳ႕ေဈးမွာ ျပည္ပကတင္သြင္းတဲ့ ဆယ္မြန္ငါးေတြ ခုတ္တဲ့ စဥ့္နီတုံးေတြေပၚမွာ ဗိုင္းရပ္စ္ပိုးေတြ႕ခဲ့တဲ့အတြက္ ၿမိဳ႕ေပၚက စူပါမားကက္ေတြမွာ ေရာင္းေနတဲ့ ငါးေတြ အကုန္ျပန္သိမ္းခဲ့ရတယ္လို႔အဲဒီက မီဒီယာေတြမွာ ေရးသားေဖာ္ျပၾကပါတယ္။

တ႐ုတ္အစိုးရ က်န္းမာေရးေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္အရ ႏွစ္လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေဘဂ်င္းၿမိဳ႕မွာ ေရာဂါကူးစက္မႈအသစ္ ၾကာသပေတးေန႔က တစ္ခု၊ ေသာၾကာေန႔က ေျခာက္ခု ထပ္ေတြ႕ခဲ့တယ္လို႔ သိရပါတယ္။

စေနေန႔မွာေတာ့ ေရာဂါကူးစက္ခံထားရသူ ၃၆ ဦး ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ခဲ့ပါတယ္။ အားလုံးဟာ အဲဒီ ဇင္ဖာဒီ ေဈးနဲ႔ ဆက္ႏြယ္ေနပါတယ္။ အဲဒီေဈးဟာ အာရွတိုက္ရဲ႕ အႀကီးဆုံးလက္ကားေဈးႀကီး ျဖစ္တယ္လို႔ တ႐ုတ္အစိုးရသတင္းဌာနခြဲတစ္ခု ျဖစ္တဲ့ CGTN သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

အဲဒီေဈးကို ခ်က္ခ်င္းပဲ ေလာ့ခ္ေဒါင္း ခ်လိုက္ၿပီး အနားက ရပ္ကြက္ ၁၁ ခုမွာ ကန္႔သတ္မႈေတြ လုပ္ခဲ့ပါတယ္။

ဒီေန႔ တနလၤာေန႔မွာ ေဈးနားတစ္ဝိုက္က ေနာက္ထပ္ ရပ္ကြက္ ၁၀ ခုမွာလည္း ကန္႔သတ္မႈေတြ ခ်မွတ္လိုက္တယ္လို႔ CGTN သတင္းမွာ ေဖာ္ျပထားပါတယ္။

ဧည့္သည္ ဒါမွမဟုတ္ ပစၥည္းပို႔တာေတြ ခြင့္မျပဳဘဲ ရပ္ကြက္သားေတြကိုေတာ့ အဝင္အထြက္ လုပ္ခြင့္ေပးထားပါတယ္။

ေဈးနားက အထက္တန္းေက်ာင္းေတြနဲ႔ ကေလးထိန္းေက်ာင္းေတြကို ပိတ္ခိုင္းထားလိုက္ၿပီး ဒီကေန႔ ျပန္ဖြင့္ဖို႔ရွိတဲ့ မူႀကိဳေက်ာင္းေတြလည္း ျပန္မဖြင့္ေသးဘဲ ရက္ေ႐ႊ႕လိုက္တယ္လို႔ Global Times သတင္းစာမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ အေကာင္းဆုံးနဲ႔အဆိုးဆုံး လုပ္ေဆာင္ခ်က္ေတြ

(ေဘဂ်င္းၿမိဳ႕က တ႐ုတ္ေရးရာ သတင္းေထာက္ စတီဖန္ မက္ေဒါနယ္လ္ရဲ႕ သုံးသပ္ခ်က္)

အခုခ်ိန္မွာ ေရာဂါကူးစက္ျဖစ္ပြားမူ အေရအတြက္ဟာ သိပ္ႀကီးမားတဲ့ပုံ ရွိခ်င္မွ ရွိမွာပါ။

ဒါေပမဲ့ ရက္ေပါင္း ၅၀ ေက်ာ္ေလာက္ ေရာဂါကူးစက္ခံရသူမရွိခဲ့ရာကေန အခုလို ေရာဂါကူးစက္သူေတြ ျပန္ေတြ႕လာရတာေၾကာင့္ ေဘဂ်င္းၿမိဳမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယ တစ္ေက်ာ့ အႀကီးအက်ယ္ ကူးစက္ျပန္႔ပြားလာမွာကို အာဏာပိုင္ေတြက စိုးရိမ္ေနၾကပါတယ္။

ဒီေတာ့ ေမးစရာ ျဖစ္လာတာက ဒီလိုမ်ိဳး လုပ္ေနရင္ တစ္ခုခု ျဖစ္လာတဲ့အခါ ဖြင့္ဟေျပာဖို႔ ေၾကာက္လာၾကၿပီး ဖုံးကြယ္တာေတြ လုပ္လာႏိုင္တာမို႔ ဒီလို လုပ္တာဟာ အလုပ္ျဖစ္မလား ဆိုတာပါ။

အထူးသျဖင့္ အခု ေရာဂါကူးစက္ခံထားရသူေတြဟာ ေဘဂ်င္းၿမိဳ႕ရဲ႕ သားငါးနဲ႔ ဟင္းသီးဟင္း႐ြက္ ၈၀ရာခိုင္ႏႈန္းကို ေထာက္ပံ့ေပးေနတဲ့၊ ေန႔စဥ္ လူ ေထာင္ေသာင္းခ်ီ လာေရာက္ၾကတဲ့ ဒီလက္ကားေစ်းႀကီးနဲ႔ ဆက္စပ္ေနတယ္ဆိုတာကို ေျခရာခံ စစ္ေဆးေတြ႕ရွိထားလို႔ပါ။

ဒါကို တုံ႔ျပန္ေဆာင္႐ြက္ရာမွာ သမၼတ ရွီက်င့္ဖ်င္ လက္ေအာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ အစိုးရရဲ႕ အေကာင္းဆုံးနဲ႔ အဆိုးဆုံး လုပ္ရပ္ေတြကို ထပ္ေတြ႕လာရျပန္ပါတယ္။

ဖန္တိုင္းခ႐ိုင္ အစိုးရအဖြဲ႕ ဒုတိယအႀကီးအကဲကို ရာထူးကေန ဖယ္ရွားလိုက္သလို ဟြာရွင္းေဒသရဲ႕ပါတီအတြင္းေရးမႉးကိုလည္း ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။

ဇင္ဖာဒီေဈးရဲ႕ မန္ေနဂ်ာလည္း အလုပ္ထုတ္ ခံခဲ့ရသလို ေဈးရဲ႕ တျခားတာဝန္ရွိသူေတြလည္း ပါတီရဲ႕စည္းကမ္း စစ္ေဆးေရး ေကာ္မရွင္ရဲ႕ ဆင့္ေခၚ ေမးျမန္းတာကို ခံခဲ့ၾကရပါတယ္။

လူေတြကို သီးသန္႔ ခြဲထားရာမွာ ျမန္ဆန္ခဲ့မႈနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့မႈအား၊ ေရာဂါပိုးရွိမရွိ လူအမ်ားႀကီးကိုစစ္ေဆးႏိုင္ခဲ့မႈ စတာေတြက အေတာ့္ ကို ခ်ီးက်ဴးစရာပါ။ ဒါေပမဲ့ တာဝန္ရွိသူေတြကို ရာထူးကေန ထုတ္ပယ္ပစ္တာကေတာ့ သိပ္မေကာင္းလွပါဘူး။

ျမင္ႏိုင္စြမ္း မရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ႐ုတ္တရက္ ကူးစက္ေရာက္ရွိလာတာဟာ သူတို႔ေၾကာင့္ ျဖစ္တယ္ဆိုမွသာ တာဝန္ရွိသူေတြကို ဒီလိုရာထူးကေန ထုတ္ပယ္သင့္တာပါ။

ေဘဂ်င္းၿမိဳ႕မွာေတြ႕ရတဲ့ ဗိုင္းရပ္စ္ပိုးဟာ ႏိုင္ငံတဝန္းမွာ ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ ဗိုင္းရပ္စ္ အမ်ိဳးအစားနဲ႔ မတူဘဲ တစ္ျခား တစ္ေနရာကေန ေရာက္လာပုံရတယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ တားဆီးကာကြယ္ေရးဌာန (CDC) ရဲ႕ေရာဂါေဗဒပညာရွင္ က ေျပာပါတယ္။

အခုအခါ အဲဒီေစ်းက ေစ်းဝန္ထမ္း တစ္ေသာင္းေလာက္ကို ပိုးရွိမရွိ စစ္ဖို႔ လုပ္ေနပါတယ္။

ေဘဂ်င္းၿမိဳ႕နဲ႔ တ႐ုတ္ႏိုင္ငံက ေနရာအမ်ားစုမွာ ပုံမွန္ သြားလာလႈပ္ရွားမႈေတြ စလုပ္ေနခ်ိန္မွာပဲ အခုလိုကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈသစ္ေတြ ျဖစ္လာခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္မႈေတြ ခ်ထားဆဲ ျဖစ္ေပမဲ့ လူေတြ သတိႀကီးႀကီးနဲ႔ အလုပ္ခြင္ ျပန္ဝင္ေနၾကၿပီး ေက်ာင္းသူေက်ာင္းသားေတြလည္း ေက်ာင္းျပန္တက္ေနၾကခ်ိန္ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53050792
ဘေဂျင်းမှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ် ဘေဂျင်းမှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ် Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.