မြန်မာ့စီးပွားရေး နာလန်ထူဖို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ ဘီလီယံကျော်ရရှိ

 ပြည်ပက ပြန်လာသူတွေရဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်အသုံးချဖို့စီစဉ်နေတယ်လို့ ဆို
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို တတိယလေးလပတ်မှာအများဆုံးရင်ဆိုင်ရဖို့ရှိပြီး အဲဒီ အတွက် အစိုးရက ပြင်ဆင်ထားတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ကြာင့် ဖြစ်ပေါ်လာတဲ့စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးအတွက် ဝန်ကြီး ဦးသောင်းထွန်း၊ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့နဲ့ ဇွန်လ ၁၆ ရက်က ပြုလုပ်တဲ့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ဆွေးနွေးခန်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ပထမလေးလလောက်ဟာ သိပ်ပြီးထိခိုက်မှုမရှိဘူးပေမယ့် အဲဒီပထမ လေးလပတ်က အကျိုးဆက်တွေကို ဒုတိယလေးလပတ်ထဲမှာ နည်းနည်း သိသာလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် နောက်လာမယ့် တတိယလေးလပတ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်နိုင်ပြီး အဲဒီအတွက် လည်း အစိုးရက ပြင်ဆင်ထားတယလို့ ပြည်သူကိုအသိပေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပြင်ဆင်ထားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် နောက်ထပ် ရင်ဆိုင်စရာတွေရှိသေးပြီး စိုးရိမ်စရာ၊ ကြောက်စရာမဟုတ်ဘဲ ပြည်သူတွေ ရှင်သန်ရေးနဲ့ လုံခြုံရေးအတွက် စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရဲ့ကောင်းကျိုးအနေနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ အဆင်မပြေတဲ့ ညွှန်ကြားချက် လုပ်ထုံး လုပ်နည်းတွေကို မြန်မြန်ပြောင်းဖို့ စဉ်းစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့အချိန်တည်းက မြန်မာမှာ ဒီနှစ် ဇန်နဝါရီလကစလို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအစီအမံတွေ စခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလဆန်းကစလို့လေဆိပ်နဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ အပူချိန်တိုင်းစက်တွေနဲ့ ခရီးသွားတွေကို စိစစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာကို မတ်လ ၂၃ ရက်မှာစတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင် မတ် ၁၃ ရက်တည်းက လူစုလူဝေးနဲ့ပွဲလမ်းသဘင်အခမ်းအနားတွေ မပြုလုပ်ဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအပါအဝင် ကဏ္ဍမျိုးစုံမှာ ရောဂါထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့ရတာရှိသလို ကိုဗစ်ကြောင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် မြန်မာနိုင်ငံသားအများအပြား ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အဲဒီကာလတုန်းက အခြေအနေတွေကို နောက်လာမယ့် တတိယလေးလပတ်ကာလတွေမှာ ပိုပြီး ရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်တယ်ဆိုတဲ့သဘော ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတာဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်ရဲ့ သက်ရောက်မှုတွေကို သိသိသာသာရင်ဆိုင်ရဖို့ရှိတဲ့အခြေအနေဖြစ်ပါတယ်။

ပြည်တော်ပြန်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း

ကိုဗစ်ကြောင့် ပြည်တော်ပြန်လာရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကျွမ်းကျင်မှုတွေကိုလည်း နိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ဖို့ စီစဉ်နေတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

အဲဒီလို စီစဉ်တဲ့အနေရာမှာ အစိုးရဌာနဆိုင်ရာတော်တော်များများ ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ပြန်လာသူတွေထဲမှာ တချို့က လုပ်ငန်းအဆင်ပြေတဲ့အခါ ပြန်သွားချင်တဲ့သူတွေရှိသလို မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ ဆက်နေချင်တဲ့သူတွေရှိတာကိုလည်း သိထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့မှာ ဘယ်လိုကျွမ်းကျင်မှုတွေရှိတယ်ဆိုတာနဲ့ စားဝတ်နေရေးအရ ပံ့ပိုးပေးနိုင်မယ့် အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမယ့် အခြေအနေတွေကို ကဏ္ဍအသီးသီးနဲ့ ညှိယူပြီး စဉ်းစားနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနဲ့ တရုတ်လို့ မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နယ်စပ် ဝင်ပေါက်တွေ ကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား သောင်းနဲ့ချီ ရှိနေသလို လေကြောင်းက တစ်ဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေလည်းရှိနေပါတယ်။

အစိုးရကို UMFCCI ဘာတွေ အကြံပြုလဲ

ကိုဗစ်ကြောင့် မြန်မာနိုင်ငံမှာ ကျန်းမာရေးအရ လူ့အသက်ဆုံးရှုံးမှုမများပေမယ့် စီးပွားရေးအရ နစ်နာထိခိုက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြခဲ့ပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများထိခိုက်မှုအတွက် အစိုးရက မတ်လအတွင်းမှာ ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေအတွက် ကျပ် ၁၀၀ ဘီလျံထုတ်ချေးပေးတာ အထိုက်အလျောက်အကျိုးရှိတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေးကုစားမှုအစီအစဉ်ကနေ ကျပ် ၂၀၀ ဘီလျံကနေ ၅၀၀ ဘီလျံထိ တိုးပြီး ထုတ်ချေးပေးဖို့ကိုလည်း အမြန်ဆုံးလုပ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

ကိုဗစ်နဲ့ ကိုဗစ်အလွန်ကာလအတွက် လုပ်ဆောင်ရမယ့်အချက်တွေကိုလည်း ဦးဇော်မင်းဝင်းက အခုလိုအကြံပြုပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်တွေပုံမှန်လည်ပတ်ဖို့နဲ့ အလုပ်အကိုင်တွေဖော်ဆောင်ဖို့၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးပြုတဲ့စီမံကိန်းတွေအကောင် အထည်ဖော်ရာမှာ လိုအပ်တဲ့ချေးငွေတွေကို အာမခံပေးဖို့၊ ကာလလတ်နဲ့ ကာလရှည်စီးပွားရေးအစီအမံတွေမှာ ပုဂ္ဂလိကကဏ္ဍအကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပို့ကုန်တိုးမြှင့်ရေးကိုအားပေးဖို့ ပို့ကုန်တိုးမြှင့်ရေးအဖွဲ့ကို အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဖွဲ့စည်းဖို့၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်ဖို့၊ မျှတတဲ့ယှဉ်ပြိုင်မှုဝန်းကျင်ကို ဖန်တီးပေးဖို့နဲ့ စီးပွားရေးစီမံကိန်းအတွက် အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ အမြဲထိတွေ့တဲ့အစီအစဉ်ထားရှိရေးအတွက် Public private Partnership ပုံစံ ဆွေးနွေးမှုတွေများ များလုပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေဖြစ်ပါတယ်။

ကိုဗစ်အလွန် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအလားအလာ

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့နိုင်ငံရဲ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ ငွေကြေးပမာဏလိုအပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထံက ချေးငွေတွေရရှိထား တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းကပြောပါတယ်။
အခုနှစ် မေလထိ ရှစ်လတာအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့
အဲဒီအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့IMF က အမေရိကန်ဒေါ်လာသန်း ၇၀၀၊ ဂျပန်က အမေရိကန်ဒေါ်လာ သန်း၂၇၀၊ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀ စုစုပေါင်း ကန်ဒေါ်လာ ၁.၂၅ ဘီလျံ ရရှိထားပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ပိုမို ဝင်ရောက်လာဖို့အရေးကြီးတာကြောင့် တာဝန်ယူမှုရှိ၊ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့လိုတယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးနိုင်တဲ့ စက်မှုဇုန်တွေတည်ထောင်ဖို့ ထိုင်းနဲ့ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့တယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။

စင်ကာပူကလည်း အလာတူတင်ပြလာတာရှိပြီး ဒါကို စိစစ်ခွင့်ပြုဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် အရင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၅ ဘီလီယံ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် မေလထိ ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့ဖြစ်တာကြောင့်ကိုဗစ်ကာလအလွန်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ်စီးဝင်လာမယ်လို့မျှော်လင့်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

BBC Burmese
----------------------------
(Zawgyi)⤵⤵⤵
ျမန္မာ့စီးပြားေရး နာလန္ထူဖို႔ ေခ်းေငြ အေမရိကန္ေဒၚလာ ၁ ဒႆမ ၂၅ ဘီလီယံေက်ာ္ရရွိ

ကိုဗစ္-၁၉ ကပ္ေရာဂါရဲ႕ သက္ေရာက္မႈေတြကို တတိယေလးလပတ္မွာအမ်ားဆုံးရင္ဆိုင္ရဖို႔ရွိၿပီး အဲဒီ အတြက္ အစိုးရက ျပင္ဆင္ထားတယ္လို႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ ၾကာင့္ ျဖစ္ေပၚလာတဲ့စီးပြားေရးသက္ေရာက္မႈေတြအေပၚ ကုစားေရးအတြက္ ဝန္ႀကီး ဦးေသာင္းထြန္း၊ စီမံဘ႑ာဒုတိယဝန္ႀကီး ဦးဆက္ေအာင္နဲ႔ UMFCCI ဥကၠ႒ ဦးေဇာ္မင္းဝင္းတို႔နဲ႔ ဇြန္လ ၁၆ ရက္က ျပဳလုပ္တဲ့ ဗီဒီယိုကြန္ဖရန္းဇင္းနဲ႔ေဆြးေႏြးခန္းမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါစတင္ျဖစ္ပြားတဲ့ ပထမေလးလေလာက္ဟာ သိပ္ၿပီးထိခိုက္မႈမရွိဘူးေပမယ့္ အဲဒီပထမ ေလးလပတ္က အက်ိဳးဆက္ေတြကို ဒုတိယေလးလပတ္ထဲမွာ နည္းနည္း သိသာလာတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒါေၾကာင့္ ေနာက္လာမယ့္ တတိယေလးလပတ္မွာေတာ့ သက္ေရာက္မႈအမ်ားဆုံးျဖစ္ႏိုင္ၿပီး အဲဒီအတြက္ လည္း အစိုးရက ျပင္ဆင္ထားတယလို႔ ျပည္သူကိုအသိေပးလိုေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဘယ္လိုျပင္ဆင္ထားတယ္ဆိုတဲ့အေသးစိတ္ကိုေတာ့ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကား ခဲ့ျခင္းမရွိပါဘူး။

ဒါ့အျပင္ ေနာက္ထပ္ ရင္ဆိုင္စရာေတြရွိေသးၿပီး စိုးရိမ္စရာ၊ ေၾကာက္စရာမဟုတ္ဘဲ ျပည္သူေတြ ရွင္သန္ေရးနဲ႔ လုံၿခဳံေရးအတြက္ စဥ္းစားထားတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ရဲ႕ေကာင္းက်ိဳးအေနနဲ႔ စီးပြားေရးလုပ္ကိုင္ရာမွာ အဆင္မေျပတဲ့ ၫႊန္ၾကားခ်က္ လုပ္ထုံး လုပ္နည္းေတြကို ျမန္ျမန္ေျပာင္းဖို႔ စဥ္းစားသြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္တဲ့အခ်ိန္တည္းက ျမန္မာမွာ ဒီႏွစ္ ဇန္နဝါရီလကစလို႔ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးအစီအမံေတြ စခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီလဆန္းကစလို႔ေလဆိပ္နဲ႔ နယ္စပ္ဝင္ထြက္ေပါက္ေတြမွာ အပူခ်ိန္တိုင္းစက္ေတြနဲ႔ ခရီးသြားေတြကို စိစစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာကို မတ္လ ၂၃ ရက္မွာစေတြ႕ခဲ့တာျဖစ္ပါတယ္။ ဒီမတိုင္ခင္ မတ္ ၁၃ ရက္တည္းက လူစုလူေဝးနဲ႔ပြဲလမ္းသဘင္အခမ္းအနားေတြ မျပဳလုပ္ဖို႔ အစိုးရက ၫႊန္ၾကားခဲ့ပါတယ္။ စီးပြားေရးလုပ္ငန္းေတြအပါအဝင္ က႑မ်ိဳးစုံမွာ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ကန႔္သတ္ခ်က္ေတြနဲ႔ ေဆာင္႐ြက္ခဲ့ရတာရွိသလို ကိုဗစ္ေၾကာင့္ ျပည္ပေရာက္ ေ႐ႊ႕ေျပာင္းလုပ္သားေတြအပါအဝင္ ျမန္မာႏိုင္ငံသားအမ်ားအျပား ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။

အဲဒီကာလတုန္းက အေျခအေနေတြကို ေနာက္လာမယ့္ တတိယေလးလပတ္ကာလေတြမွာ ပိုၿပီး ရင္ဆိုင္သြားရဖို႔ရွိေနတာျဖစ္တယ္ဆိုတဲ့သေဘာ ေဒၚေအာင္ဆန္းစုၾကည္ကေျပာသြားတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီႏွစ္ကုန္ပိုင္းမွာ ကိုဗစ္ရဲ႕ သက္ေရာက္မႈေတြကို သိသိသာသာရင္ဆိုင္ရဖို႔ရွိတဲ့အေျခအေနျဖစ္ပါတယ္။

ျပည္ေတာ္ျပန္ေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္း

ကိုဗစ္ေၾကာင့္ ျပည္ေတာ္ျပန္လာရတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ ကြၽမ္းက်င္မႈေတြကိုလည္း ႏိုင္ငံအတြက္ ျပန္လည္အသုံးခ်ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

အဲဒီလို စီစဥ္တဲ့အေနရာမွာ အစိုးရဌာနဆိုင္ရာေတာ္ေတာ္မ်ားမ်ား ပူးေပါင္းပါဝင္ဖို႔လိုတယ္လို႔ သူက ဆက္ေျပာပါတယ္။

ျပန္လာသူေတြထဲမွာ တခ်ိဳ႕က လုပ္ငန္းအဆင္ေျပတဲ့အခါ ျပန္သြားခ်င္တဲ့သူေတြရွိသလို မျပန္ေတာ့ဘဲ ျမန္မာႏိုင္ငံမွာပဲ ဆက္ေနခ်င္တဲ့သူေတြရွိတာကိုလည္း သိထားတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ သူတို႔မွာ ဘယ္လိုကြၽမ္းက်င္မႈေတြရွိတယ္ဆိုတာနဲ႔ စားဝတ္ေနေရးအရ ပံ့ပိုးေပးႏိုင္မယ့္ အေျခအေန၊ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးေပးမယ့္ အေျခအေနေတြကို က႑အသီးသီးနဲ႔ ညႇိယူၿပီး စဥ္းစားေနပါတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိုင္းနဲ႔ တ႐ုတ္လို႔ ျမန္မာနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ နယ္စပ္ ဝင္ေပါက္ေတြ ကေန ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာလုပ္သား ေသာင္းနဲ႔ခ်ီ ရွိေနသလို ေလေၾကာင္းက တစ္ဆင့္ ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာလုပ္သားေတြလည္းရွိေနပါတယ္။

အစိုးရကို UMFCCI ဘာေတြ အႀကံျပဳလဲ

ကိုဗစ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ က်န္းမာေရးအရ လူ႔အသက္ဆုံးရႈံးမႈမမ်ားေပမယ့္ စီးပြားေရးအရ နစ္နာထိခိုက္မႈရွိေနတယ္လို႔ ျမန္မာႏိုင္ငံကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း ခ်ဳပ္(UMFCCI) ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေဒၚေအာင္ဆန္းစုၾကည္ကိုတင္ျပခဲ့ပါတယ္။

ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားထိခိုက္မႈအတြက္ အစိုးရက မတ္လအတြင္းမွာ ထိခိုက္မႈရွိတဲ့ လုပ္ငန္းေတြအတြက္ က်ပ္ ၁၀၀ ဘီလ်ံထုတ္ေခ်းေပးတာ အထိုက္အေလ်ာက္အက်ိဳးရွိတယ္လို႔ သူက ဆိုပါတယ္။ ဒါ့အျပင္ စီးပြားေရးကုစားမႈအစီအစဥ္ကေန က်ပ္ ၂၀၀ ဘီလ်ံကေန ၅၀၀ ဘီလ်ံထိ တိုးၿပီး ထုတ္ေခ်းေပးဖို႔ကိုလည္း အျမန္ဆုံးလုပ္ေပးဖို႔ သူက တိုက္တြန္းပါတယ္။

ကိုဗစ္နဲ႔ ကိုဗစ္အလြန္ကာလအတြက္ လုပ္ေဆာင္ရမယ့္အခ်က္ေတြကိုလည္း ဦးေဇာ္မင္းဝင္းက အခုလိုအႀကံျပဳပါတယ္။

ျပည္တြင္းစီးပြားေရးလုပ္ငန္ေတြပုံမွန္လည္ပတ္ဖို႔နဲ႔ အလုပ္အကိုင္ေတြေဖာ္ေဆာင္ဖို႔၊ ျပည္တြင္း စီးပြားေရးလုပ္ငန္းေတြ လ်င္လ်င္ျမန္ျမန္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အက်ိဳးျပဳတဲ့စီမံကိန္းေတြအေကာင္ အထည္ေဖာ္ရာမွာ လိုအပ္တဲ့ေခ်းေငြေတြကို အာမခံေပးဖို႔၊ ကာလလတ္နဲ႔ ကာလရွည္စီးပြားေရးအစီအမံေတြမွာ ပုဂၢလိကက႑အႀကံျပဳခ်က္ေတြကို ထည့္သြင္းစဥ္းစားေပးဖို႔တို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ပို႔ကုန္တိုးျမႇင့္ေရးကိုအားေပးဖို႔ ပို႔ကုန္တိုးျမႇင့္ေရးအဖြဲ႕ကို အစိုးရနဲ႔ ပုဂၢလိကပူးေပါင္းဖြဲ႕စည္းဖို႔၊ အလုပ္အကိုင္အခြင့္အလမ္းေပးႏိုင္ဖို႔ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြကို ဦးစားေပးျမႇင့္တင္ဖို႔၊ မွ်တတဲ့ယွဥ္ၿပိဳင္မႈဝန္းက်င္ကို ဖန္တီးေပးဖို႔နဲ႔ စီးပြားေရးစီမံကိန္းအတြက္ အစိုးရနဲ႔ ပုဂၢလိက က႑ အၿမဲထိေတြ႕တဲ့အစီအစဥ္ထားရွိေရးအတြက္ Public private Partnership ပုံစံ ေဆြးေႏြးမႈေတြမ်ား မ်ားလုပ္ၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔ စတာေတြျဖစ္ပါတယ္။

ကိုဗစ္အလြန္ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာ

ကိုဗစ္ေၾကာင့္ ထိခိုက္သြားတဲ့ႏိုင္ငံရဲ႕စီးပြားေရး ျပန္လည္ထူေထာင္ဖို႔ ေငြေၾကးပမာဏလိုအပ္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းေတြထံက ေခ်းေငြေတြရရွိထား တယ္လို႔ ဝန္ႀကီး ဦးေသာင္းထြန္းကေျပာပါတယ္။

အဲဒီအတြက္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕IMF က အေမရိကန္ေဒၚလာသန္း ၇၀၀၊ ဂ်ပန္က အေမရိကန္ေဒၚလာ သန္း၂၇၀၊ ကမာၻ႔ဘဏ္က အေမရိကန္ေဒၚလာ သန္း ၂၅၀၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္က အေမရိကန္ေဒၚလာ သန္း ၃၀ စုစုေပါင္း ကန္ေဒၚလာ ၁.၂၅ ဘီလ်ံ ရရွိထားၿပီျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရး ျပန္လည္ဦးေမာ့လာေစဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈအေျမာက္အျမား ပိုမို ဝင္ေရာက္လာဖို႔အေရးႀကီးတာေၾကာင့္ တာဝန္ယူမႈရွိ၊ အရည္အေသြးရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဖိတ္ေခၚဖို႔လိုတယ္လို႔ ဦးေသာင္းထြန္းကေျပာပါတယ္။

အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြကို ဖန္တီးႏိုင္တဲ့ စက္မႈဇုန္ေတြတည္ေထာင္ဖို႔ ထိုင္းနဲ႔ ကိုရီးယားႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က စိစစ္ခြင့္ျပဳခဲ့တယ္လို႔ ဦးေသာင္းထြန္းကေျပာပါတယ္။

စင္ကာပူကလည္း အလာတူတင္ျပလာတာရွိၿပီး ဒါကို စိစစ္ခြင့္ျပဳဖို႔ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ၾကည့္ရင္ အရင္ ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြက္ အေမရိကန္ေဒၚလာ ၄ ဒႆမ ၁၅ ဘီလီယံ ခြင့္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။

အခုႏွစ္ ေမလထိ ရွစ္လတာအတြင္း အေမရိကန္ေဒၚလာ ၄.၃၉ ဘီလီယံ ခြင့္ျပဳေပးခဲ့ျဖစ္တာေၾကာင့္ကိုဗစ္ကာလအလြန္မွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အဆက္မျပတ္စီးဝင္လာမယ္လို႔ေမွ်ာ္လင့္တယ္လို႔ ဦးေသာင္းထြန္းက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53059764
မြန်မာ့စီးပွားရေး နာလန်ထူဖို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ ဘီလီယံကျော်ရရှိ မြန်မာ့စီးပွားရေး နာလန်ထူဖို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ ဘီလီယံကျော်ရရှိ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.