အီးယူက မြန်မာအထည်ချုပ်အလုပ်သမား ၁၃,၀၀၀ နီးပါးကို ငွေကြေးထောက်ပံ့ပေးခဲ့


(Unicode)⤵⤵⤵
မြန်မာနိုင်ငံအတွင်း COVID 19 ကြောင့် အလုပ်ဆုံးရှုံးရတဲ့ အထည်ချုပ် အလုပ်သမားတွကို အကူအညီပေးဖို့ ဥရောပ သမဂ္ဂအဖွဲ့ EU ရဲ့ မြန်ကူ အရေး ပေါ် အကူအညီ ရန်ပုံငွေ အစီအစဉ်အရ မေလကစပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ရာမှာ ဇွန်လ ၂ ရက်နေ့အထိ အလုပ်သမား ၁၂၉၀၀ ကျော်ကို မြန်မာ ကျပ်ငွေ သန်း ၁၀၀၀ ကျော် ပေးအပ်ခဲ့ပြီ ဖြစ်ပါတယ်။ အထောက်အပံ့ရသူတွေ အထဲ ရန်ကုန်၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေး ဒေသကြီးတွေနဲ့ တစ်ခြား ဒေသတွေ အမျိုးသမီး အလုပ်သမား ၁၁၀၀၀ ကျော်ပါဝင် ပါတယ်။

COVID 19 ကြောင့် အလုပ်ဆုံးရှုံးရတဲ့ အမျိုးသမီး အထည်ချုပ် အလုပ်သမား အများစုကို အကူအညီပေးဖို့ အမေရိကန် ဒေါ်လာ ၅.၅ သန်း နဲ့ ညီမျှတဲ့ EU ရဲ့ အရေးပေါ် အကူအညီပေးရေး ရန်ပုံငွေ အစီအစဉ်ဟာ ဧပြီလအတွင်းမှာ စတင်ခဲ့တာပါ။

“လူမှု အဖွဲ့ အစည်းတစ်ရပ်ရဲ့ စစ်မှန်တဲ့ အင်အားဟာ အကာအကွယ် အမဲ့ဆုံးဖြစ်နေသူတွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာကို ကြည့်ပြီး တိုင်းတာရပါမယ်” လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ EU သံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။

EU ရဲ့ အရေးပေါ် အကူအညီပေးရေး ရန်ပုံငွေ အထောက်အပံ့ ရလိုတာကြောင့် လျှောက်ထားသူ အထည်ချုပ် အလုပ်သမား ၂၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ သူတို့တတွေဟာ မကြာသေးခင်က COVID-19 ကြောင့် အလုပ်ဆုံးရှုံးခဲ့သူ အထည်ချုပ်၊ အထည်အလိပ်နဲ့ ဖိနပ်စက်ရုံ ၁၂၂ ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦးအပါအဝင် အတည်ပြုလူနာ ၂၃၂ ဦး ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၂ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲ စစ်ဆေးပြီးစီးခဲ့တဲ့ နမူနာပေါင်း ၇၈၂ ခုထဲကနေ အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိကြောင်းအင်္ဂါနေ့ည ၈ နာရီ အချိန် ထုတ်ပြန်ထားပါတယ်။

အတည်ပြုလူနာသစ် ၄ ဦးမှာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့သူ ရန်ကုန်တိုင်းက အမျိုးသမီး ၁ ဦး၊ တရုတ်နိုင်ငံကို သွားရောက်ခဲ့သူ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့က အမျိုးသား ၁ ဦးနဲ့ မလေးရှားကို သွားရောက်ခဲ့သူ ချင်းပြည်နယ် မင်းတပ်မြို့က အမျိုးသား ၁ ဦးဖြစ်ပြီး အသွားအလာ ကန့်သတ်ခံထား ရသူတွေဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့က လူနာအမျိုးသမီး ၁ ဦးကတော့ ခရီးသွားရာဇဝင် မရှိသလို အသွားအလာ ကန့်သတ်ထားခြင်း ရှိ၊ မရှိ ဖော်ပြမထားပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------
(Zawgyi)⤵⤵⤵
အီးယူက ျမန္မာအထည္ခ်ဳပ္အလုပ္သမား ၁၃,၀၀၀ နီးပါးကို ေငြေၾကးေထာက္ပံ့ေပးခဲ့

ျမန္မာႏိုင္ငံအတြင္း COVID 19 ေၾကာင့္ အလုပ္ဆုံးရႈံးရတဲ့ အထည္ခ်ဳပ္ အလုပ္သမားတြကို အကူအညီေပးဖို႔ ဥေရာပ သမဂၢအဖြဲ႕ EU ရဲ႕ ျမန္ကူ အေရး ေပၚ အကူအညီ ရန္ပုံေငြ အစီအစဥ္အရ ေမလကစၿပီး ေထာက္ပံ့ေငြေတြ ေပးအပ္ခဲ့ရာမွာ ဇြန္လ ၂ ရက္ေန႔အထိ အလုပ္သမား ၁၂၉၀၀ ေက်ာ္ကို ျမန္မာ က်ပ္ေငြ သန္း ၁၀၀၀ ေက်ာ္ ေပးအပ္ခဲ့ၿပီ ျဖစ္ပါတယ္။ အေထာက္အပံ့ရသူေတြ အထဲ ရန္ကုန္၊ ပုသိမ္၊ မႏၲေလး၊ ပဲခူး၊ မေကြး ေဒသႀကီးေတြနဲ႔ တစ္ျခား ေဒသေတြ အမ်ိဳးသမီး အလုပ္သမား ၁၁၀၀၀ ေက်ာ္ပါဝင္ ပါတယ္။

COVID 19 ေၾကာင့္ အလုပ္ဆုံးရႈံးရတဲ့ အမ်ိဳးသမီး အထည္ခ်ဳပ္ အလုပ္သမား အမ်ားစုကို အကူအညီေပးဖို႔ အေမရိကန္ ေဒၚလာ ၅.၅ သန္း နဲ႔ ညီမွ်တဲ့ EU ရဲ႕ အေရးေပၚ အကူအညီေပးေရး ရန္ပုံေငြ အစီအစဥ္ဟာ ဧၿပီလအတြင္းမွာ စတင္ခဲ့တာပါ။

“လူမႈ အဖြဲ႕ အစည္းတစ္ရပ္ရဲ႕ စစ္မွန္တဲ့ အင္အားဟာ အကာအကြယ္ အမဲ့ဆုံးျဖစ္ေနသူေတြအေပၚ ဘယ္လို ဆက္ဆံသလဲဆိုတာကို ၾကည့္ၿပီး တိုင္းတာရပါမယ္” လို႔ ျမန္မာႏိုင္ငံ ဆိုင္ရာ ဥေရာပ သမဂၢ EU သံအမတ္ႀကီး Kristian Schmidt က ေျပာပါတယ္။

EU ရဲ႕ အေရးေပၚ အကူအညီေပးေရး ရန္ပုံေငြ အေထာက္အပံ့ ရလိုတာေၾကာင့္ ေလွ်ာက္ထားသူ အထည္ခ်ဳပ္ အလုပ္သမား ၂၀၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ သူတို႔တေတြဟာ မၾကာေသးခင္က COVID-19 ေၾကာင့္ အလုပ္ဆုံးရႈံးခဲ့သူ အထည္ခ်ဳပ္၊ အထည္အလိပ္နဲ႔ ဖိနပ္စက္႐ုံ ၁၂၂ ႐ုံက အလုပ္သမားေတြ ျဖစ္ပါတယ္။

လတ္တေလာ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦးအပါအဝင္ အတည္ျပဳလူနာ ၂၃၂ ဦး ရွိပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇြန္လ ၂ ရက္ေန႔ ညပိုင္းအထိ ဓာတ္ခြဲ စစ္ေဆးၿပီးစီးခဲ့တဲ့ နမူနာေပါင္း ၇၈၂ ခုထဲကေန အတည္ျပဳလူနာသစ္ ၄ ဦး ေတြ႕ရွိေၾကာင္းအဂၤါေန႔ည ၈ နာရီ အခ်ိန္ ထုတ္ျပန္ထားပါတယ္။

အတည္ျပဳလူနာသစ္ ၄ ဦးမွာ အိႏၵိယႏိုင္ငံကို သြားေရာက္ခဲ့သူ ရန္ကုန္တိုင္းက အမ်ိဳးသမီး ၁ ဦး၊ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့သူ ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕က အမ်ိဳးသား ၁ ဦးနဲ႔ မေလးရွားကို သြားေရာက္ခဲ့သူ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က အမ်ိဳးသား ၁ ဦးျဖစ္ၿပီး အသြားအလာ ကန႔္သတ္ခံထား ရသူေတြျဖစ္ပါတယ္။ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမူဆယ္ၿမိဳ႕က လူနာအမ်ိဳးသမီး ၁ ဦးကေတာ့ ခရီးသြားရာဇဝင္ မရွိသလို အသြားအလာ ကန႔္သတ္ထားျခင္း ရွိ၊ မရွိ ေဖာ္ျပမထားပါဘူး။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/eu-myanmar-funding-to-garment-factory-worker-/5446631.html
အီးယူက မြန်မာအထည်ချုပ်အလုပ်သမား ၁၃,၀၀၀ နီးပါးကို ငွေကြေးထောက်ပံ့ပေးခဲ့ အီးယူက မြန်မာအထည်ချုပ်အလုပ်သမား ၁၃,၀၀၀ နီးပါးကို ငွေကြေးထောက်ပံ့ပေးခဲ့ Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.