သတ္တုတွင်းညွှန်မှူးအမှု အဂတိကော်မရှင် ပြင်ဆင်ချက်တက်မယ်


(Unicode)⤵⤵⤵
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၅၆ အရ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့မှုအတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြင်ဆင်ချက် တက်သွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

ဒီအမှုကိုကော်မရှင်က အဂတိတိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ နဲ့ တရားစွဲခဲ့ပေမယ့် မန္တလေးတိုင်းတရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၅၆ နဲ့ပဲ အမိန့်ချခဲ့တာကြောင့် ပြည်ထောင်စုတရားလွှတ်တော်ကို ပြင်ဆင်မှုတက်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

ကျပ်သိန်း ၇၀ ကျော် လာဘ်စားခဲ့လို့ ဆိုပြီး အမှတ် ၂၊ သတ္တုတွင်းဦးစီးဌာနရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၉ ဧပြီ ၁ ရက်နေ့မှာ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။

ဦးသံဒိုင်ဟာ အဂတိလိုက်စားမှုများ တွေ့ရှိရတယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ကော်မရှင် အနေနဲ့ အမှုတစ်ခုကို စစ်ဆေးရင် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ခိုင်လုံမှ တရားစွဲဖို့ ဆုံးဖြတ်တယ်လို့ ဆို
တရားလိုပြသက်သေ ၁၂ ဦးကို စစ်ဆေးခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ စွဲချက်တင်ခဲ့ ပေမယ့် တရားခံနဲ့ တရားခံပြသက်သေ ၁၂ ဦးကို ထပ်မံစစ်ဆေးချက်အရ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၅၆ နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးချက်များအရ ဦးသံဒိုင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ကို ကျူးလွန်ခြင်း မပေါ်ပေါက်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၅၆ နဲ့ တစ်မှုလျှင် အလုပ်မဲ့ထောင်ဒဏ် ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်ခံရပြီး နှစ်မှုအတွက် ထောင်တစ်နှစ် ချမှတ်ခံရကာ ချုပ်ရက်နဲစေ့နေပြီဖြစ်လို့ အမိန့်ချတဲ့နေ့မှာပဲ ပြန်လွတ်လာခဲ့ပါတယ်။

အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ဟာ အပန်းဖြေခရီး သွားခဲ့တုန်းက ဟိုတယ်အခန်းခ သိန်း ၄၀ ကျော်နဲ့ ကိုယ်ပိုင်မြေကွက်ကို မြေညှိမြေရှင်းရာ ကုန်ကျငွေ ကျပ်သိန်း ၃၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း ၇၀ ကျော်ကို ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားခဲ့တယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဘီဘီစီကို ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ နိုင်ငံ့ဝန်ထမ်းတွေကို တိုင်တဲ့စာတွေက ၈,၀၀၀ နီးပါး ရှိတယ်လို့ဆို
တိုင်ကြားစာရရှိတဲ့အချိန်ကို ကော်မရှင်က ပြောဆိုခြင်းမရှိပေမယ့် တိုင်ကြားစာရရှိတဲ့အချိန်ကစပြီး တိုင်ကြားစာကို ချက်ချင်းစိစစ်ကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို ပြုလုပ်ခဲ့တယ်လို့ ဦးကျော်စိုးက ဆိုပါတယ်။

ဦးသံဒိုင်ကို ငွေပေးတဲ့ ကုမ္ပဏီဟာ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်ထုတ်လုပ်ခွင့် ရရှိခဲ့တဲ့ နဲ့ပတ်သက်ဖွယ် ရှိတယ်လို့လည်း ယူဆမှုတွေ ရှိခဲ့ပါတယ်။

အဂတိကော်မရှင်က ဦးသံဒိုင်အမှုမှာ အဂတိပုဒ်မနဲ့ တရားစွဲဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်နဲ့ အမှုဖွင့်ခဲ့တာလို့လည်း ဘီဘီစီကို ပြောပါတယ်။

ဒီအမှုဟာ အဂတိအမှု မြောက်ကြောင်းအထောက်ထားတွေ သက်သေတွေ စာရွက်စာတမ်းတွေနဲ့ တင်ပြခဲ့တာဖြစ်ပြီး အခုတရားရုံးက ချမှတ်တဲ့ အမိန့်ပေါ်မှာ စိစစ်ပြီးပြန်လည်ပြင်ဆင်ပြီးတော့ ပြင်ဆင်ချက်တက်သွားမယ်၊ပြင်ဆင်ချက်တက်ဖို့လည်း လုပ်နေပါပြီ လို့လည်း ဦးကျော်စိုးက ပြောပါတယ်။

မန္တလေးတိုင်းတရားရုံးက ဦးသံဒိုင်ပေါ်ချမှတ်ခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၅၆ ဟာ ပြည်သူ့ဝန်ထမ်းဟာ လုပ်ငန်းနဲ့သက်ဆိုင်သူဆီက အဖိုးတန် ပစ္စည်းကို အခကြေးငွေ မပေးဘဲ ရယူခဲ့တယ်ဆိုရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ဖြစ်စေ ဒီဒဏ်နှစ် ရပ် စလုံးကိုဖြစ်စေ ကျခံနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ပြင်ဆင်တက်မယ့်ကိစ္စ ကို ဘယ်တော့စမလဲ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကိုတော့ ကော်မ ရှင် ဘက် က ထုတ်ပြောတာမျိုး တော့မရှိသေးပါဘူး။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
သတၱဳတြင္းၫႊန္မႉးအမႈ အဂတိေကာ္မရွင္ ျပင္ဆင္ခ်က္တက္မယ္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲခံထားရတဲ့ အမွတ္ ၂ သတၱဳတြင္းလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးသံဒိုင္ကို ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၅၆ အရ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခဲ့မႈအတြက္ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ ျပင္ဆင္ခ်က္ တက္သြားမယ္လို႔ ေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ေျပာပါတယ္။

ဒီအမႈကိုေကာ္မရွင္က အဂတိတိုက္စားမႈတိုက္ဖ်က္ေရးပုဒ္မ နဲ႔ တရားစြဲခဲ့ေပမယ့္ မႏၲေလးတိုင္းတရား႐ုံးက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၅၆ နဲ႔ပဲ အမိန္႔ခ်ခဲ့တာေၾကာင့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ကို ျပင္ဆင္မႈတက္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

က်ပ္သိန္း ၇၀ ေက်ာ္ လာဘ္စားခဲ့လို႔ ဆိုၿပီး အမွတ္ ၂၊ သတၱဳတြင္းဦးစီးဌာနရဲ႕ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးသံဒိုင္ကို အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္က ၂၀၁၉ ဧၿပီ ၁ ရက္ေန႔မွာ အမႈဖြင့္ အေရးယူခဲ့တာျဖစ္ပါတယ္။

ဦးသံဒိုင္ဟာ အဂတိလိုက္စားမႈမ်ား ေတြ႕ရွိရတယ္ ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ၫႊန္ၾကားေရးမႉး ဦးစိန္တင္က တရားလိုျပဳလုပ္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ နဲ႔ ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

တရားလိုျပသက္ေသ ၁၂ ဦးကို စစ္ေဆးခဲ့ၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ စြဲခ်က္တင္ခဲ့ ေပမယ့္ တရားခံနဲ႔ တရားခံျပသက္ေသ ၁၂ ဦးကို ထပ္မံစစ္ေဆးခ်က္အရ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၁၅၆ နဲ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

စစ္ေဆးခ်က္မ်ားအရ ဦးသံဒိုင္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ကို က်ဴးလြန္ျခင္း မေပၚေပါက္တဲ့အတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၅၆ နဲ႔ တစ္မႈလွ်င္ အလုပ္မဲ့ေထာင္ဒဏ္ ေျခာက္လစီ က်ခံေစရန္ အမိန္႔ခ်မွတ္ခံရၿပီး ႏွစ္မႈအတြက္ ေထာင္တစ္ႏွစ္ ခ်မွတ္ခံရကာ ခ်ဳပ္ရက္နဲေစ့ေနၿပီျဖစ္လို႔ အမိန္႔ခ်တဲ့ေန႔မွာပဲ ျပန္လြတ္လာခဲ့ပါတယ္။

အမွတ္ ၂ သတၱဳတြင္းလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးသံဒိုင္ဟာ အပန္းေျဖခရီး သြားခဲ့တုန္းက ဟိုတယ္အခန္းခ သိန္း ၄၀ ေက်ာ္နဲ႔ ကိုယ္ပိုင္ေျမကြက္ကို ေျမညႇိေျမရွင္းရာ ကုန္က်ေငြ က်ပ္သိန္း ၃၀ ေက်ာ္၊ စုစုေပါင္း က်ပ္သိန္း ၇၀ ေက်ာ္ကို ရာထူးတာဝန္ကို အလြဲသုံးစားျပဳကာ အဂတိလိုက္စားခဲ့တယ္ဆိုတာကို စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ဘီဘီစီကို ေျပာခဲ့ပါတယ္။

တိုင္ၾကားစာရရွိတဲ့အခ်ိန္ကို ေကာ္မရွင္က ေျပာဆိုျခင္းမရွိေပမယ့္ တိုင္ၾကားစာရရွိတဲ့အခ်ိန္ကစၿပီး တိုင္ၾကားစာကို ခ်က္ခ်င္းစိစစ္ကာ စုံစမ္းစစ္ေဆးေရးလုပ္ငန္းေတြကို ျပဳလုပ္ခဲ့တယ္လို႔ ဦးေက်ာ္စိုးက ဆိုပါတယ္။

ဦးသံဒိုင္ကို ေငြေပးတဲ့ ကုမၸဏီဟာ ရမည္းသင္းၿမိဳ႕နယ္ မိုးထိမိုးမိေဒသမွာ ေ႐ႊတူးေဖာ္ထုတ္လုပ္ခြင့္ ရရွိခဲ့တဲ့ နဲ႔ပတ္သက္ဖြယ္ ရွိတယ္လို႔လည္း ယူဆမႈေတြ ရွိခဲ့ပါတယ္။

အဂတိေကာ္မရွင္က ဦးသံဒိုင္အမႈမွာ အဂတိပုဒ္မနဲ႔ တရားစြဲဖို႔ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံးရဲ႕ အႀကံျပဳခ်က္နဲ႔ အမႈဖြင့္ခဲ့တာလို႔လည္း ဘီဘီစီကို ေျပာပါတယ္။

ဒီအမႈဟာ အဂတိအမႈ ေျမာက္ေၾကာင္းအေထာက္ထားေတြ သက္ေသေတြ စာ႐ြက္စာတမ္းေတြနဲ႔ တင္ျပခဲ့တာျဖစ္ၿပီး အခုတရား႐ုံးက ခ်မွတ္တဲ့ အမိန္႔ေပၚမွာ စိစစ္ၿပီးျပန္လည္ျပင္ဆင္ၿပီးေတာ့ ျပင္ဆင္ခ်က္တက္သြားမယ္၊ျပင္ဆင္ခ်က္တက္ဖို႔လည္း လုပ္ေနပါၿပီ လို႔လည္း ဦးေက်ာ္စိုးက ေျပာပါတယ္။

မႏၲေလးတိုင္းတရား႐ုံးက ဦးသံဒိုင္ေပၚခ်မွတ္ခဲ့တဲ့ ရာဇသတ္ႀကီးပုဒ္မ ၁၅၆ ဟာ ျပည္သူ႔ဝန္ထမ္းဟာ လုပ္ငန္းနဲ႔သက္ဆိုင္သူဆီက အဖိုးတန္ ပစၥည္းကို အခေၾကးေငြ မေပးဘဲ ရယူခဲ့တယ္ဆိုရင္ ေငြဒဏ္ သို႔မဟုတ္ ေထာင္ဒဏ္ျဖစ္ေစ ဒီဒဏ္ႏွစ္ ရပ္ စလုံးကိုျဖစ္ေစ က်ခံႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။ျပင္ဆင္တက္မယ့္ကိစၥ ကို ဘယ္ေတာ့စမလဲ ဘယ္လို လုပ္ေဆာင္မလဲ ဆိုတာကိုေတာ့ ေကာ္မ ရွင္ ဘက္ က ထုတ္ေျပာတာမ်ိဳး ေတာ့မရွိေသးပါဘူး။

BBC Burmese
https://www.bbc.com/burmese/burma-53013532
သတ္တုတွင်းညွှန်မှူးအမှု အဂတိကော်မရှင် ပြင်ဆင်ချက်တက်မယ် သတ္တုတွင်းညွှန်မှူးအမှု အဂတိကော်မရှင် ပြင်ဆင်ချက်တက်မယ် Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.