ရွေးကောက်ပွဲကာလ ရခိုင်လုံခြုံရေး ရာနှုန်းပြည့်အာမခံဖို့ ခက်ခဲ

ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်ဖို့အတွက် လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တာဝန် ပေးလာခဲ့ရင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
(Unicode)⤵⤵⤵
တနိုင်ငံလုံးမှာ ရွေးကောက်ပွဲပြုလုပ်ချိန်အတွင်းလုံခြုံရေးကို တပ်မတော်အနေနဲ့ တက်နိုင်သမျှ အကာအကွယ် ပေးနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်စစ်မက် ဖြစ်ပွားရာနေရာမှာတော့ ရာနှုန်းပြည့်ကာကွယ်မှုပေးနိုင်ဖို့အတွက် မသေချာ ဘူးလို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တာဝန် ပေးလာခဲ့ရင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။၏

"ဘယ်နေရာတွေ၊ ဘယ်နေရာတွေကိုတော့ ဘယ်လိုအာမမခံဆိုတာတော့ ၁၀၀ ရာခိုင်နှုန်းကတော့ ဘယ်သူမှ အာမမခံနိုင်ဘူး၊ စစ်တွေလိုနေရာမျိုးမှာ အခုချိန်တောင် ဘဏ်ကိုတောင်မှ ဝင်တိုက်နေတာ ရှိတယ်"လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှိမရှိကိုတော့ လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆုံးဖြတ်တာမျိုးမရှိသေးဘူးလို့ ပြည်နယ် ကော်မရှင်ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဘီဘီစီကိုပြောထားပါတယ်။

ဒါပေမယ့် ပြည်နယ်ကော်မရှင်ခွဲအနေနဲ့တော့ ရွေးကောက်ပွဲဆိုင်ရာ လိုအပ်တဲ့ပစ္စည်းတွေကို မြို့နယ်တိုင်းကို ပေးပို့နေတယ်လို့ သူကဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲအနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေပါ သတ်မှတ်ချက်တွေနဲ့ အညီ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နယ်မြေတွေကို သတ်မှတ်ပိုင်ခွင့်ရှိပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲအနေနဲ့ ရွေးကောက်ပွဲဥပဒေတွေပါ သတ်မှတ်ချက်တွေနဲ့အညီ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နယ်မြေတွေကို သတ်မှတ်ပိုင်ခွင့်ရှိ
ရွေးကောက်ပွဲတရပ်ကျင်းပနိုင်မယ့် ငြိမ်းချမ်းတဲ့၊ လုံခြုံရေးအတွက် စိတ်ချနိုင်တဲ့ အခြေအနေရှိတဲ့ နေရာတွေမှာရွေးကောက်ပွဲကို ကျင်းပပေးဖို့လည်း တာဝန်ရှိတာဖြစ်ပါတယ်။

အခုချိန်ထိတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရက် အတိအကျကို ထုတ်ပြောတာမရှိသေးပေမယ့် ၂၀၂၀ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ပြောထားသလို၊ ရွေးကောက် ပွဲအတွက် ပြင်ဆင်မှုအပိုင်းတွေမှာလည်း အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအပိုင်းက အားနည်းနေတယ်လို့ ဝေဖန်ခံနေရာတာမျိုးလည်းရှိနေပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲကာလ ရခိုင္လုံၿခဳံေရး ရာႏႈန္းျပည့္အာမခံဖို႔ ခက္ခဲ

တႏိုင္ငံလုံးမွာ ေ႐ြးေကာက္ပြဲျပဳလုပ္ခ်ိန္အတြင္းလုံၿခဳံေရးကို တပ္မေတာ္အေနနဲ႔ တက္ႏိုင္သမွ် အကာအကြယ္ ေပးႏိုင္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

ဒါေပမယ့္ ရခိုင္ျပည္နယ္စစ္မက္ ျဖစ္ပြားရာေနရာမွာေတာ့ ရာႏႈန္းျပည့္ကာကြယ္မႈေပးႏိုင္ဖို႔အတြက္ မေသခ်ာ ဘူးလို႔ သူကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔အတြက္ လိုအပ္တဲ့လုံၿခဳံေရး လုပ္ငန္းေတြကို အစိုးရအေနနဲ႔ တာဝန္ ေပးလာခဲ့ရင္ လုပ္ေဆာင္ေပးမွာျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။၏

"ဘယ္ေနရာေတြ၊ ဘယ္ေနရာေတြကိုေတာ့ ဘယ္လိုအာမမခံဆိုတာေတာ့ ၁၀၀ ရာခိုင္ႏႈန္းကေတာ့ ဘယ္သူမွ အာမမခံႏိုင္ဘူး၊ စစ္ေတြလိုေနရာမ်ိဳးမွာ အခုခ်ိန္ေတာင္ ဘဏ္ကိုေတာင္မွ ဝင္တိုက္ေနတာ ရွိတယ္"လို႔ သူကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲေတြျဖစ္ေနတဲ့ ေနရာေတြမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ရွိမရွိကိုေတာ့ လက္ရွိအခ်ိန္ထိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဆုံးျဖတ္တာမ်ိဳးမရွိေသးဘူးလို႔ ျပည္နယ္ ေကာ္မရွင္ခြဲအတြင္းေရးမႉး ဦးသူရိန္ထြဋ္က ဘီဘီစီကိုေျပာထားပါတယ္။

ဒါေပမယ့္ ျပည္နယ္ေကာ္မရွင္ခြဲအေနနဲ႔ေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ လိုအပ္တဲ့ပစၥည္းေတြကို ၿမိဳ႕နယ္တိုင္းကို ေပးပို႔ေနတယ္လို႔ သူကဆိုပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲအေနနဲ႔ ေ႐ြးေကာက္ပြဲ ဥပေဒေတြပါ သတ္မွတ္ခ်က္ေတြနဲ႔ အညီ ေ႐ြးေကာက္ပြဲ ျပဳလုပ္ႏိုင္တဲ့နယ္ေျမေတြကို သတ္မွတ္ပိုင္ခြင့္ရွိပါတယ္။

ေ႐ြးေကာက္ပြဲတရပ္က်င္းပႏိုင္မယ့္ ၿငိမ္းခ်မ္းတဲ့၊ လုံၿခဳံေရးအတြက္ စိတ္ခ်ႏိုင္တဲ့ အေျခအေနရွိတဲ့ ေနရာေတြမွာေ႐ြးေကာက္ပြဲကို က်င္းပေပးဖို႔လည္း တာဝန္ရွိတာျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေ႐ြးေကာက္ပြဲရက္ အတိအက်ကို ထုတ္ေျပာတာမရွိေသးေပမယ့္ ၂၀၂၀ ႏိုဝင္ဘာလအတြင္းမွာ က်င္းပမယ္လို႔ ေျပာထားသလို၊ ေ႐ြးေကာက္ ပြဲအတြက္ ျပင္ဆင္မႈအပိုင္းေတြမွာလည္း အရပ္ဖက္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံမႈအပိုင္းက အားနည္းေနတယ္လို႔ ေဝဖန္ခံေနရာတာမ်ိဳးလည္းရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53160420
ရွေးကောက်ပွဲကာလ ရခိုင်လုံခြုံရေး ရာနှုန်းပြည့်အာမခံဖို့ ခက်ခဲ ရွေးကောက်ပွဲကာလ ရခိုင်လုံခြုံရေး ရာနှုန်းပြည့်အာမခံဖို့ ခက်ခဲ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.