တောင်ကိုရီးယားနဲ့ ဆက်ဆံရေးရုံး မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး

နှစ်နိုင်ငံ ဆက်ဆံရေးရုံး ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးများကို တောင်ကိုရီးယားနိုင်ငံ နယ်စပ်ရှိ Paju မြို့ဘက်ကတွေ့ရတဲ့ မြင်ကွင်း။ (ဇွန် ၁၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
မြောက်ကိုရီးယားက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ခြိမ်းခြောက်ပြောဆိုထားတဲ့အတိုင်း တောင်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ နှစ် နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ဒီကနေ့မနက် ၃ နာရီလောက်က နယ်စပ်အနားမှာ ပေါက်ကွဲသံကြားရပြီး မီးခိုးတွေတွေ့ရတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြတာပါ။ ဒီနောက် မကြာခင်မှာ နှစ်နိုင်ငံ ဆက်ဆံရေးရုံးဖောက်ခွဲ ဖျက်ဆီးခံရကြောင်း တောင်ကိုရီးယားက အတည်ပြုပါတယ်။

အထပ် ၄ ထပ်ပါ ရုံးအဆောက်အအုံတခုလုံးကို ဖျက်ဆီးလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းတွေကလည်း နောက်ပိုင်းမှာ ပြောပါတယ်။ ဇန်နဝါရီလ နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်တဲ့ အချိန်ကတည်းက တောင်ကိုရီးယား ဝန်ထမ်းတွေ နယ်စပ် နှစ်နိုင်ငံဆက်ဆံရေးရုံးမှာ မရှိကြပါဘူး။

၂၀၁၈ ကတည်းက ဆောက်ထားတဲ့ ဒီရုံးကို ဖျက်ဆီးပစ်ဖို့ ပြီးခဲ့တဲ့ အပတ်ထဲ မြောက်ကိုရီးယားက အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ မိုးပျံပူဖောင်းတွေ အသုံးပြုပြီး မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ စာတွေနဲ့ တခြားပစ္စည်းတွေ ပစ်လွှတ်နေတဲ့ အပေါ် တောင်ကိုရီးယား အစိုးရက ထိထိရောက်ရောက်မတားဆီးနိုင်တဲ့ အတွက် မြောက်ကိုရီးယားဘက်က ဒေါသထွက်နေတာပါ။

အရင်ကလည်း စီးပွါးရေးနဲ့ တခြား လိုက်လျောမှုတွေရဖို့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာတဲ့ အခြေအနေရောက်အောင် မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တာမျိုးတွေ ရှိပါတယ်။ လတ်တလော မှာတော့ တောင်ကိုရီးယားက နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ဖို့ ပြင်းထန်တဲ့ ဆန္ဒ မပြတဲ့အတွက် မြောက်ကိုရီးယားက မခံရပ်နိုင်ဖြစ်နေတာပါ။ မြောက်ကိုရီးယားက အမေရိကန်နဲ့ ရပ်တန့်နေတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ တောင်ကိုရီးယားကို အခုလို ခြိမ်းခြောက်နေတယ်လို့ ထင်မြင်ယူဆကြပါတယ် ရှင်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားနဲ႔ ဆက္ဆံေရး႐ုံး ေျမာက္ကိုရီးယား ေဖာက္ခြဲဖ်က္ဆီး

ႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံး ေဖာက္ခြဲဖ်က္ဆီးခံရတာေၾကာင့္ ထြက္ေပၚလာတဲ့ မီးခိုးမ်ားကို ေတာင္ကိုရီးယားႏိုင္ငံ နယ္စပ္ရွိ Paju ၿမိဳ႕ဘက္ကေတြ႕ရတဲ့ ျမင္ကြင္း။ (ဇြန္ ၁၆၊ ၂၀၂၀)

ေျမာက္ကိုရီးယားက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ၿခိမ္းေျခာက္ေျပာဆိုထားတဲ့အတိုင္း ေတာင္ကိုရီးယားႏိုင္ငံနဲ႔ နယ္စပ္မွာရွိတဲ့ ႏွစ္ ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေဖာက္ခြဲဖ်က္ဆီးလိုက္ပါတယ္။ ဒီကေန႔မနက္ ၃ နာရီေလာက္က နယ္စပ္အနားမွာ ေပါက္ကြဲသံၾကားရၿပီး မီးခိုးေတြေတြ႕ရတယ္လို႔ ေတာင္ကိုရီးယားသတင္းေတြမွာ ေဖာ္ျပတာပါ။ ဒီေနာက္ မၾကာခင္မွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးေဖာက္ခြဲ ဖ်က္ဆီးခံရေၾကာင္း ေတာင္ကိုရီးယားက အတည္ျပဳပါတယ္။

အထပ္ ၄ ထပ္ပါ ႐ုံးအေဆာက္အအုံတခုလုံးကို ဖ်က္ဆီးလိုက္ေၾကာင္း ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေတြကလည္း ေနာက္ပိုင္းမွာ ေျပာပါတယ္။ ဇန္နဝါရီလ ေႏွာင္းပိုင္း ကို႐ိုနာဗိုင္းရပ္စ္ စတင္ကူးစက္တဲ့ အခ်ိန္ကတည္းက ေတာင္ကိုရီးယား ဝန္ထမ္းေတြ နယ္စပ္ ႏွစ္ႏိုင္ငံဆက္ဆံေရး႐ုံးမွာ မရွိၾကပါဘူး။

၂၀၁၈ ကတည္းက ေဆာက္ထားတဲ့ ဒီ႐ုံးကို ဖ်က္ဆီးပစ္ဖို႔ ၿပီးခဲ့တဲ့ အပတ္ထဲ ေျမာက္ကိုရီးယားက အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ထြက္ေျပးလြတ္ေျမာက္ခဲ့တဲ့ တက္ႂကြလႈပ္ရွားသူေတြက နယ္စပ္ကေန မိုးပ်ံပူေဖာင္းေတြ အသုံးျပဳၿပီး ေျမာက္ကိုရီးယားကို ဆန႔္က်င္တဲ့ စာေတြနဲ႔ တျခားပစၥည္းေတြ ပစ္လႊတ္ေနတဲ့ အေပၚ ေတာင္ကိုရီးယား အစိုးရက ထိထိေရာက္ေရာက္မတားဆီးႏိုင္တဲ့ အတြက္ ေျမာက္ကိုရီးယားဘက္က ေဒါသထြက္ေနတာပါ။

အရင္ကလည္း စီးပြါးေရးနဲ႔ တျခား လိုက္ေလ်ာမႈေတြရဖို႔ အတြက္ ႏွစ္ႏိုင္ငံ ဆက္ဆံေရး တင္းမာတဲ့ အေျခအေနေရာက္ေအာင္ ေျမာက္ကိုရီးယားက လုပ္ေဆာင္ခဲ့တာမ်ိဳးေတြ ရွိပါတယ္။ လတ္တေလာ မွာေတာ့ ေတာင္ကိုရီးယားက ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးတိုးျမႇင့္တည္ေဆာက္ဖို႔ ျပင္းထန္တဲ့ ဆႏၵ မျပတဲ့အတြက္ ေျမာက္ကိုရီးယားက မခံရပ္ႏိုင္ျဖစ္ေနတာပါ။ ေျမာက္ကိုရီးယားက အေမရိကန္နဲ႔ ရပ္တန႔္ေနတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္စႏိုင္ဖို႔ ဖိအားေပးတဲ့ အေနနဲ႔ ေတာင္ကိုရီးယားကို အခုလို ၿခိမ္းေျခာက္ေနတယ္လို႔ ထင္ျမင္ယူဆၾကပါတယ္ ရွင္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/Korea-tension/5464603.html
တောင်ကိုရီးယားနဲ့ ဆက်ဆံရေးရုံး မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေးရုံး မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.