လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အမေရိကန်မှာ ဆက်လက်ဖြစ်ပွား

Atlanta မြို့မှာ လူမည်းအမျိုးသား Rayshard Brooks သေနတ်နဲ့ပစ်သတ်ခံရတဲ့ Wendy စားသောက်ဆိုင်အနီး ဆန္ဒပြနေသူများ။ (ဇွန် ၁၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်မှာ လူမည်းအမျိုးသား George Floyd ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားရာကနေ ဆန္ဒပြပွဲတွေ အမေရိကန်နိုင်ငံတဝန်း အပါအဝင် လန်ဒန်နဲ့ ပဲရစ်မြို့တွေမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြတဲ့သူတွေက နောက်ထပ် လူမည်းအမျိုးသား ၂ ယောက် သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု Atlanta မြို့မှာ သောကြာနေ့က လူမည်းအမျိုးသား Rayshard Brooks သေဆုံးခဲ့တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တဲ့ ရဲအရာရှိကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ Atlanta ရဲတပ်ဖွဲ့က ဒီနေ့အစောပိုင်းမှာပဲ ကြေညာလိုက်ပါတယ်။

Atlanta မြို့တော်ဝန် Keisha Lance Bottoms က အဲဒီရဲအရာရှိကို အလုပ်ကနေ ချက်ချင်းထုတ်ပစ်ဖို့ မနေ့ညနေက သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုခဲ့သလို ရဲတပ်ဖွဲ့အကြီးအကဲ Erika Shields ရဲ့ ရာထူးက နုတ်ထွက်စာကို လက်ခံခဲ့ကြောင်းလည်း ကြေညာခဲ့ပါတယ်။

Atlanta မြို့က ဆန္ဒပြတဲ့သူ ၁၅၀ လောက်ဟာ Rayshard Brooks သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ Wendy စားသောက်ဆိုင် အပြင်ဘက်မှာ ဆန္ဒပြခဲ့တာကြောင့် လွန်ခဲ့တဲ့ ၃ ပတ်က George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး Atlanta မြို့မှာ တဖြည်းဖြည်း ငြိမ်သက်လာနေတဲ့ ဆန္ဒပြပွဲတွေလည်း ပြန်ပြီး အားကောင်းလာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Palmadale မှာလည်း ပြီးခဲ့တဲ့ ဗုဒ္̔ဓဟူးနေ့က အသက် ၂၄ နှစ်အရွယ် Robert Fuller ဆိုတဲ့ လူမည်းအမျိုးသားတဦး မြို့တော်ခန်းမနားက သစ်ပင်တပင်မှာ ကြိုးဆွဲချ သေဆုံးနေတာနဲ့ ပတ်သက်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပြီး လူ ရာပေါင်းများစွာ မနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

သေဆုံးသူဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဖြစ်ပုံရပေမယ့် အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ အေမရိကန္မွာ ဆက္လက္ျဖစ္ပြား

အေမရိကန္မွာ လူမည္းအမ်ိဳးသား George Floyd ရဲကဖမ္းဆီးထားစဥ္ ေသဆုံးသြားရာကေန ဆႏၵျပပြဲေတြ အေမရိကန္ႏိုင္ငံတဝန္း အပါအဝင္ လန္ဒန္နဲ႔ ပဲရစ္ၿမိဳ႕ေတြမွာလည္း ဆက္လက္ျဖစ္ပြားေနၿပီး ဆႏၵျပတဲ့သူေတြက ေနာက္ထပ္ လူမည္းအမ်ိဳးသား ၂ ေယာက္ ေသဆုံးခဲ့တဲ့ ကိစၥကိုလည္း အာ႐ုံစိုက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု Atlanta ၿမိဳ႕မွာ ေသာၾကာေန႔က လူမည္းအမ်ိဳးသား Rayshard Brooks ေသဆုံးခဲ့တဲ့အထိ ေသနတ္နဲ႔ပစ္ခဲ့တဲ့ ရဲအရာရွိကို အလုပ္က ထုတ္ပစ္လိုက္တယ္လို႔ Atlanta ရဲတပ္ဖြဲ႕က ဒီေန႔အေစာပိုင္းမွာပဲ ေၾကညာလိုက္ပါတယ္။

Atlanta ၿမိဳ႕ေတာ္ဝန္ Keisha Lance Bottoms က အဲဒီရဲအရာရွိကို အလုပ္ကေန ခ်က္ခ်င္းထုတ္ပစ္ဖို႔ မေန႔ညေနက သတင္းစာရွင္းလင္းပြဲအတြင္း ေတာင္းဆိုခဲ့သလို ရဲတပ္ဖြဲ႕အႀကီးအကဲ Erika Shields ရဲ႕ ရာထူးက ႏုတ္ထြက္စာကို လက္ခံခဲ့ေၾကာင္းလည္း ေၾကညာခဲ့ပါတယ္။

Atlanta ၿမိဳ႕က ဆႏၵျပတဲ့သူ ၁၅၀ ေလာက္ဟာ Rayshard Brooks ေသနတ္နဲ႔ ပစ္ခံလိုက္ရတဲ့ Wendy စားေသာက္ဆိုင္ အျပင္ဘက္မွာ ဆႏၵျပခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ ၃ ပတ္က George Floyd ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး Atlanta ၿမိဳ႕မွာ တျဖည္းျဖည္း ၿငိမ္သက္လာေနတဲ့ ဆႏၵျပပြဲေတြလည္း ျပန္ၿပီး အားေကာင္းလာခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ Palmadale မွာလည္း ၿပီးခဲ့တဲ့ ဗုဒ̔ၶဟူးေန႔က အသက္ ၂၄ ႏွစ္အ႐ြယ္ Robert Fuller ဆိုတဲ့ လူမည္းအမ်ိဳးသားတဦး ၿမိဳ႕ေတာ္ခန္းမနားက သစ္ပင္တပင္မွာ ႀကိဳးဆြဲခ် ေသဆုံးေနတာနဲ႔ ပတ္သက္ၿပီး အျပည့္အဝ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုၿပီး လူ ရာေပါင္းမ်ားစြာ မေန႔က ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ေသဆုံးသူဟာ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြြားတာ ျဖစ္ပုံရေပမယ့္ အေလာင္းကို ခြဲစိတ္စစ္ေဆးဖို႔ စီစဥ္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/protests-in-us/5462125.html
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အမေရိကန်မှာ ဆက်လက်ဖြစ်ပွား လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အမေရိကန်မှာ ဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.