တရုတ်လေကြောင်းလိုင်းတွေ ကန် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တော့မည်

တရုတ်လေကြောင်းလိုင်းတခုဖြစ်တဲ့ China Eastern Airlines
(Unicode)⤵⤵⤵
တရုတ်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ်တွေ အမေရိကန်နိုင်ငံတွင်းဝင်ရောက် ခွင့်ကို ဇွန်လ ၁၆ရက်နေ့က စပြီး ပိတ်မယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံတွင်း အမေရိကန် လေကြောင်းလိုင်းခရီးစဉ်တွေပြန်လည် ဝင်ရောက်ခွင့်ရဖို့ ဖိအားပေးတဲ့ အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ခရီးသွားလာခွင့်ဆိုင်ရာ နှစ်နိုင်ငံ သဘောတူထားတဲ့ လက်ရှိသဘောတူစာချုပ်ကို တရုတ်နိုင်ငံဘက်က ချိုးဖောက်တဲ့ အတွက် အခုလိုကြေညာရတာဖြစ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်လေကြောင်းလိုင်းတွေဖြစ်တဲ့ United နဲ့ Delta လေကြောင်းလိုင်းတို့ ဇွန်လ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ ခရီးစဉ်တွေ ပြန်လည် စတင်ဖို့ မေတ္တာရပ်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့တယ်လို့ သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့ ဘယ်အချိန်မှာ စည်းကမ်း သတ်မှတ်ချက်တွေပြန်လည် ပြင်ဆင်မလဲဆိုတာ ကိုလည်း တရုတ်ဘက်က အကြောင်းမပြန်ဘူးလို့ ပြောပါတယ်။

အမေရိကန် လေကြောင်းလိုင်းတွေ တရုတ်နိုင်ငံ ခရီးစဉ်တွေပြန် စဖို့ တောင်းဆိုချက်ဟာ ကပ်ရောဂါကာလအတွင်း တရုတ်လေယာဉ် တွေကို အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် ပြုထားတဲ့ အချိန်မှာထွက်ပေါ်လာတာ ဖြစ်ပြီး ကမ္ဘာ့ စီးပွါးရေး အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုတိုးလာစေပါတယ်။

တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ ၁၄ ရက် အတွင်းသွားရောက်ခဲ့သူ အမေရိကန်နိုင်ငံသားမဟုတ်သူတွေကို အမေရိကန်ကို လာရောက်ခွင့်ကို ကပ်ရောဂါကြောင့် ပိတ်ပင်ထားခဲ့ပေမဲ့ တရုတ်လေကြောင်းခရီးစဉ်တွေကိုတော့ တင်းကြပ်တဲ့စည်းမျဉ်းတွေချမှတ်မထားခဲ့ပါဘူး။ အမေ ရိကန် လေကြောင်းလိုင်း ကုမ္မဏီကြီးတချို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တရုတ်ခရီးစဉ်တွေကို ဖေဖော်ဝါရီလကစပြီး ရပ်နားထား တာပါ။

အခုလို အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် Delta လေကြောင်းလိုင်းက ထောက်ခံခဲ့ပါတယ်။ ဝါရှင်တန် ဒီစီက တရုတ်နိုင်ငံ သံရုံးကတော့ တစုံတရာ ပြောကြားတာ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ေလေၾကာင္းလိုင္းေတြ ကန္ အတြင္း ဝင္ေရာက္ခြင့္ ပိတ္ပင္ေတာ့မည္

တ႐ုတ္ေလေၾကာင္းလိုင္း ခရီးသည္ တင္ေလယာဥ္ေတြ အေမရိကန္ႏိုင္ငံတြင္းဝင္ေရာက္ ခြင့္ကို ဇြန္လ ၁၆ရက္ေန႔က စၿပီး ပိတ္မယ္လို႔ အေမရိကန္ အစိုးရက ဗုဒၶဟူးေန႔က ေၾကညာလိုက္ပါတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံတြင္း အေမရိကန္ ေလေၾကာင္းလိုင္းခရီးစဥ္ေတြျပန္လည္ ဝင္ေရာက္ခြင့္ရဖို႔ ဖိအားေပးတဲ့ အေနနဲ႔ လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။

ႏိုင္ငံတကာ ခရီးသြားလာခြင့္ဆိုင္ရာ ႏွစ္ႏိုင္ငံ သေဘာတူထားတဲ့ လက္ရွိသေဘာတူစာခ်ဳပ္ကို တ႐ုတ္ႏိုင္ငံဘက္က ခ်ိဳးေဖာက္တဲ့ အတြက္ အခုလိုေၾကညာရတာျဖစ္ေၾကာင္း အေမရိကန္ သယ္ယူပို႔ေဆာင္ ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အေမရိကန္ေလေၾကာင္းလိုင္းေတြျဖစ္တဲ့ United နဲ႔ Delta ေလေၾကာင္းလိုင္းတို႔ ဇြန္လ ၁ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ေတြ ျပန္လည္ စတင္ဖို႔ ေမတၱာရပ္ခံခ်က္ကို တ႐ုတ္ႏိုင္ငံက ျငင္းပယ္ခဲ့တယ္လို႔ သယ္ယူပို႔ေဆာင္ ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အေမရိကန္ေလေၾကာင္းလိုင္းေတြ ျပန္လည္ေျပးဆြဲႏိုင္ဖို႔ ဘယ္အခ်ိန္မွာ စည္းကမ္း သတ္မွတ္ခ်က္ေတြျပန္လည္ ျပင္ဆင္မလဲဆိုတာ ကိုလည္း တ႐ုတ္ဘက္က အေၾကာင္းမျပန္ဘူးလို႔ ေျပာပါတယ္။

အေမရိကန္ ေလေၾကာင္းလိုင္းေတြ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ေတြျပန္ စဖို႔ ေတာင္းဆိုခ်က္ဟာ ကပ္ေရာဂါကာလအတြင္း တ႐ုတ္ေလယာဥ္ ေတြကို အေမရိကန္ႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ ျပဳထားတဲ့ အခ်ိန္မွာထြက္ေပၚလာတာ ျဖစ္ၿပီး ကမာၻ႔ စီးပြါးေရး အင္အားႀကီး ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ပိုတိုးလာေစပါတယ္။

တ႐ုတ္ႏိုင္ငံကို လြန္ခဲ့တဲ့ ၁၄ ရက္ အတြင္းသြားေရာက္ခဲ့သူ အေမရိကန္ႏိုင္ငံသားမဟုတ္သူေတြကို အေမရိကန္ကို လာေရာက္ခြင့္ကို ကပ္ေရာဂါေၾကာင့္ ပိတ္ပင္ထားခဲ့ေပမဲ့ တ႐ုတ္ေလေၾကာင္းခရီးစဥ္ေတြကိုေတာ့ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြခ်မွတ္မထားခဲ့ပါဘူး။ အေမ ရိကန္ ေလေၾကာင္းလိုင္း ကုမၼဏီႀကီးတခ်ိဳ႕က ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ တ႐ုတ္ခရီးစဥ္ေတြကို ေဖေဖာ္ဝါရီလကစၿပီး ရပ္နားထား တာပါ။

အခုလို အေမရိကန္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ Delta ေလေၾကာင္းလိုင္းက ေထာက္ခံခဲ့ပါတယ္။ ဝါရွင္တန္ ဒီစီက တ႐ုတ္ႏိုင္ငံ သံ႐ုံးကေတာ့ တစုံတရာ ေျပာၾကားတာ မရွိေသးပါဘူး။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/china-airline-us-bar-to-entering-the-country/5448652.html
တရုတ်လေကြောင်းလိုင်းတွေ ကန် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တော့မည် တရုတ်လေကြောင်းလိုင်းတွေ ကန် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တော့မည် Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.