ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းအလွန်မှာ ဖြစ်လာရတဲ့ လူမှုဘဝပုံစံသစ်တွေ

နယူးယောက်မှာ မိသားစုဆွေမျိုးတွေ ပြန်တွေ့တဲ့အခါ ပလစ်စတစ်စ ကြားခံလို့ ပွေ့ဖက်ကြရပါတယ်။
(Unicode)⤵⤵⤵
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာကြီး ပြောင်းလဲခဲ့လေပြီ။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ လူတိုင်းကို တစ်နည်းတစ်ဖုံအားဖြင့် ထိခိုက်ခဲ့သည်။ ဘဝတွေကို ပြောင်းလဲခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်ဖို့ နိုင်ငံ အသီးသီးမှာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့သည်။ လူတွေ ပုံစံသစ်ဖြင့်နေရထိုင်ရ စည်းကမ်းတွေကို လိုက်နာလာရသည်။

အခုတော့ အဲဒီလို ချထားတဲ့ စည်းမျဉ်းတွေကို လျှော့ပေါ့စပြုလာချိန်မှာ ကမ္ဘာ့နေရာအသီးသီးမှာ နေထိုင်ပုံ လူမှုဘဝပုံစံသစ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို စုစည်းဖော်ပြလိုက်ပါသည်။

ယင်းနေထိုင်မှု ပုံစံသစ်များမှာ အနာဂတ်လူမှုဘဝပုံမှန်ဖြစ်လာမည့် ပုံစံများ ဖြစ်သွားနိုင်ပါသည်။

စာသင်ခန်းတွေ
ကလေးချင်းလည်း ချဲချဲထိုင်လို့ ကစားကွင်းထဲက စာသင်ခန်း
လူချင်း ခပ်ခွာခွာနေကြဖို့ စည်းကမ်းတွေ ဆက်ရှိနေချိန်မှာ စာသင်ကျောင်းတွေ၊ မူကြိုတွေကို ပြန်ဖွင့်ရတာဟာ ဆရာတွေအတွက်ရော ကျောင်းသူ ကျောင်းသားတွေ ကလေးငယ်တွေအတွက်ပါ စိန်ခေါ်ချက်ကြီးတစ်ခုပါ။

အရင်တုန်းက သိခဲ့ကြတဲ့ စာသင်ခန်းတွေရဲ့ ပုံစံမျိုးလည်း မဟုတ်တော့ဘဲ အခန်းတွင်းနေရာချထားမှုတွေကို ပြောင်းလဲခဲ့ကြရပါတယ်။

ပိုပြီးခက်တာကတော့ ငယ်ရွယ်လွန်းသေးတဲ့ ကလေးသူငယ်တွေကို အချင်းချင်း မထိတွေ့ဘဲ နေကြရအောင် ခွဲထားဖို့ပါပဲ။

အီတလီက အီဗာရီးယားမြို့မှာတော့ မူလတန်းကြိုကျောင်းနှစ်ခုမှာ ကျောင်းပန်းခြံတွေကို စာသင်ခန်းတွေအဖြစ်ပြောင်းလဲပြီး ဖွင့်ခဲ့တာတွေ့နိုင်ပါတယ်။ ဒီနည်းက အလုပ်ဖြစ်ရင် တခြားကျောင်းတွေလည်း နမူနာယူလိုက်လုပ်လာကြနိုင်ပါတယ်။

ပန်းခြံတွေ
နယူးယောက် ဘရွတ်ကလင်းပန်းခြံထဲက သတ်မှတ်နေရာတွေမှာ နေနေကြရတဲ့ အပန်းဖြေသူတွေ
ပန်းခြံထဲမှာ လမ်းလျှောက်နေတုန်း ကိုယ့်ဘေးနားကို မိသားစုလိုက် လူအုပ်ကြီးရောက်လာ ပြေးလွှားဆော့ကစားနေတာတွေ၊ အပြေးသမားတွေကလည်း ကိုယ့်ကို လှစ်ကနဲ ဖြတ်ကျော်ပြေးသွားကြတဲ့ နေ့မျိုးတွေကို မှတ်မိနေကြဦးမှာပါ။

အခုလော့ခ်ဒေါင်းကာလ အလွန်မှာတော့ အဲဒီပုံစံမျိုးတွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး။

ကလေးကစားကွင်းတွေ ပိတ်ထားလို့ ပန်းခြံလာသူတွေလည်း လူချင်းခွာခွာနေရမယ့် စည်းကမ်းတွေအတိုင်း လိုက်နာကြရမှာပါ။

အမေရိကန်ပြည်ထောင်စု ဘရွတ်ကလင်းက ဒိုမီနိုပန်းခြံမှာ လူတွေဟာ မြက်ခင်းပေါ်ဆွဲထားတဲ့ စက်ဝိုင်းတွေထဲမှာ နေပြီး ပျော်ပွဲစားထွက်ကြ နေပူစာလှုံကြလုပ်ကြရပါတယ်။ ခပ်ခွာခွာလေးတွေပေါ့။

လုပ်ငန်းခွင်
ပန်းတွေလေလံဆွဲဝယ်ဖို့ လာကြသူတွေလည်း သီးခြားမှန်ခန်းလေးတွေထဲ ထိုင်ကြရပါတယ်။
လော့ခ်ဒေါင်းချထားချိန်မှာ လူအတော်များများက အိမ်ကနေပဲ အလုပ်လုပ်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စည်းဝေး ဆွေးနွေးတဲ့အခါ ဗီဒီယိုအွန်လိုင်းကနေ စကားပြောကြပါတယ်။

ဒီလိုနဲ့ ရုံးတွေပြန်ဖွင့်လာတဲ့အခါမှာတော့ ကိုဗစ်က တွန်းပို့ခဲ့တဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရုံးတွေမှာလည်း ပြင်ဆင်လာရပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်က ပန်းတွေ လေလံတင်ရောင်းချတဲ့ ကုန်လှောင်ရုံတစ်ခုမှာတော့ ပလပ်စတစ်အကာလေးတွေနဲ့ ပိုင်းခြားထားတဲ့ တစ်ကိုယ်စာထိုင် အခန်းလေးတွေ လုပ်ထားပေးတာ တွေ့နိုင်ပါတယ်။

ဈေးဝယ်ထွက်တဲ့အခါ
ကိုယ်တိုင်းကို မှန်နောက်က ယူနေရတဲ့ တေလာဆိုင်တစ်ဆိုင်
ဈေးဆိုင်တွေ ဈေးရုံတွေ သွားရတဲ့ ပုံစံတွေလည်း ပြောင်းသွားပါပြီ။ အွန်လိုင်းကနေ ဈေးဝယ်မှုတွေက တစ်ဟုန်ထိုး တိုးတက်လာပြီး စူပါမားကက်တွေမှာဆိုလည်း ဆိုင်ထဲမှာ လူတွေ စုပြုံမနေဖို့အတွက် ဈေးဝယ်သူတွေကို အပြင်မှာ လူခွာတန်းစီစေပြီးတော့မှ နည်းနည်းချင်း အထဲကို သွင်းတာတွေလုပ်နေပါတယ်။

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့က အပ်ချုပ်ဆိုင်တစ်ခုမှာတော့ မှန်ကာအနောက်ကနေ အင်္ကျီချုပ်လာသူရဲ့ ကိုယ်တိုင်းကို ယူနေတာ တွေ့ရပါတယ်။

စားသောက်ဆိုင်မှာ စားတဲ့အခါ
တန်းစီထိုင်ကြရမယ်ဆိုလည်း ကြားမှာတော့ အကာအရံလေးတွေ ရှိရပါမယ်။
သူငယ်ချင်း မိတ်ဆွေတွေနဲ့ စားသောက်ဆိုင်မှာ သွားစားကြတဲ့ ပုံစံကရော ပြောင်းလဲသွားခဲ့ပြီလား။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆိုင်တစ်ဆိုင်မှာတော့ လာစားသူတွေကြားမှာ ကတ်ထူပြားနဲ့ ပလတ်စတစ်တွေ ကာပြီး ခွဲထားတာတွေ့ရပါမယ်။

စားသောက်ဆိုင် အများစုမှာ ထိုင်နေသူတွေကြား၊ စားပွဲတွေကြားမှာ ပလပ်စတစ်အကြည်တွေနဲ့ ကာရံပိုင်းခြားထားကြပါတယ်။ တချို့ဆိုင်တွေကတော့ ခုံတွေကို ချဲထား နည်းထားကြပါတယ်။

ကပွဲ ဖျော်ဖြေပွဲတွေ
ကားထဲကမထွက်ဘဲ လာကြည့်ကြတဲ့ ဂီတဖျော်ဖြေပွဲ
ကိုရိုနာကြောင့် လူချင်းမတွေ့ မဆုံကြရလို့ ဘဝတွေဟာ ငြီးငွေ့သွေ့ခြောက်သွားရတဲ့ အချိန်တွေမှာလည်း ကိုယ်ကြိုက်တာကို ကိုယ်လုပ်နိုင် ခံစားနိုင်ပါသေးတယ်။ ဥပမာ ဂီတဖျော်ဖြေပွဲကို ကြည့်ရှုချင်တယ်ဆိုပါစို့၊ တီထွင်ကြံဆမှုတော့ လိုပါတယ်။

ဒါပေမယ့် ပရိသတ်တွေ စုဝေးပြီး ရုံထဲလာ နားဆင်ကြည့်ရှုတာမျိုး လုပ်လို့ မရသေးတော့ ဂီတဖျော်ဖြေပွဲတွေကတော့ ပုံစံတစ်မျိုးနဲ့ လုပ်နေရဦးမှာပါ။ ဥပမာ အခု မြင်ရတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန်မြို့က ပွဲကို ကြည့်ပါ။

ဒီမှာ ကေပေါ့ပ်၊ အင်ဒီးနဲ့ ဂန္တဝင်ဂီတတွေကို သုံးရက်တာ ဖျော်ဖြေပေးခဲ့ပါတယ်။ အိမ်ထဲအောင်းနေရတာ ကြာနေတဲ့ ပရိသတ်တွေအတွက်တော့ အခွင့်ကောင်းပါ၊ သူတို့ကလည်း သူတို့ကားတွေထဲကနေ လူချင်းခွာခွာ အန္တရာယ်ကင်းကင်း လာအားပေးခဲ့ကြပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ - ေလာ့ခ္ေဒါင္းအလြန္မွာ ျဖစ္လာရတဲ့ လူမႈဘဝပုံစံသစ္ေတြ

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻႀကီး ေျပာင္းလဲခဲ့ေလၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ပိုးသည္ ကမာၻေပၚရွိ လူတိုင္းကို တစ္နည္းတစ္ဖုံအားျဖင့္ ထိခိုက္ခဲ့သည္။ ဘဝေတြကို ေျပာင္းလဲခဲ့သည္။

ဗိုင္းရပ္စ္ကူးစက္မႈကို တားဆီးႏိုင္ဖို႔ ႏိုင္ငံ အသီးသီးမွာ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ခဲ့သည္။ လူေတြ ပုံစံသစ္ျဖင့္ေနရထိုင္ရ စည္းကမ္းေတြကို လိုက္နာလာရသည္။

အခုေတာ့ အဲဒီလို ခ်ထားတဲ့ စည္းမ်ဥ္းေတြကို ေလွ်ာ့ေပါ့စျပဳလာခ်ိန္မွာ ကမာၻ႔ေနရာအသီးသီးမွာ ေနထိုင္ပုံ လူမႈဘဝပုံစံသစ္ေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ဓာတ္ပုံမ်ားကို စုစည္းေဖာ္ျပလိုက္ပါသည္။

ယင္းေနထိုင္မႈ ပုံစံသစ္မ်ားမွာ အနာဂတ္လူမႈဘဝပုံမွန္ျဖစ္လာမည့္ ပုံစံမ်ား ျဖစ္သြားႏိုင္ပါသည္။

စာသင္ခန္းေတြ

လူခ်င္း ခပ္ခြာခြာေနၾကဖို႔ စည္းကမ္းေတြ ဆက္ရွိေနခ်ိန္မွာ စာသင္ေက်ာင္းေတြ၊ မူႀကိဳေတြကို ျပန္ဖြင့္ရတာဟာ ဆရာေတြအတြက္ေရာ ေက်ာင္းသူ ေက်ာင္းသားေတြ ကေလးငယ္ေတြအတြက္ပါ စိန္ေခၚခ်က္ႀကီးတစ္ခုပါ။

အရင္တုန္းက သိခဲ့ၾကတဲ့ စာသင္ခန္းေတြရဲ႕ ပုံစံမ်ိဳးလည္း မဟုတ္ေတာ့ဘဲ အခန္းတြင္းေနရာခ်ထားမႈေတြကို ေျပာင္းလဲခဲ့ၾကရပါတယ္။

ပိုၿပီးခက္တာကေတာ့ ငယ္႐ြယ္လြန္းေသးတဲ့ ကေလးသူငယ္ေတြကို အခ်င္းခ်င္း မထိေတြ႕ဘဲ ေနၾကရေအာင္ ခြဲထားဖို႔ပါပဲ။

အီတလီက အီဗာရီးယားၿမိဳ႕မွာေတာ့ မူလတန္းႀကိဳေက်ာင္းႏွစ္ခုမွာ ေက်ာင္းပန္းၿခံေတြကို စာသင္ခန္းေတြအျဖစ္ေျပာင္းလဲၿပီး ဖြင့္ခဲ့တာေတြ႕ႏိုင္ပါတယ္။ ဒီနည္းက အလုပ္ျဖစ္ရင္ တျခားေက်ာင္းေတြလည္း နမူနာယူလိုက္လုပ္လာၾကႏိုင္ပါတယ္။

ပန္းၿခံေတြ

ပန္းၿခံထဲမွာ လမ္းေလွ်ာက္ေနတုန္း ကိုယ့္ေဘးနားကို မိသားစုလိုက္ လူအုပ္ႀကီးေရာက္လာ ေျပးလႊားေဆာ့ကစားေနတာေတြ၊ အေျပးသမားေတြကလည္း ကိုယ့္ကို လွစ္ကနဲ ျဖတ္ေက်ာ္ေျပးသြားၾကတဲ့ ေန႔မ်ိဳးေတြကို မွတ္မိေနၾကဦးမွာပါ။

အခုေလာ့ခ္ေဒါင္းကာလ အလြန္မွာေတာ့ အဲဒီပုံစံမ်ိဳးေတြကို ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။

ကေလးကစားကြင္းေတြ ပိတ္ထားလို႔ ပန္းၿခံလာသူေတြလည္း လူခ်င္းခြာခြာေနရမယ့္ စည္းကမ္းေတြအတိုင္း လိုက္နာၾကရမွာပါ။

အေမရိကန္ျပည္ေထာင္စု ဘ႐ြတ္ကလင္းက ဒိုမီႏိုပန္းၿခံမွာ လူေတြဟာ ျမက္ခင္းေပၚဆြဲထားတဲ့ စက္ဝိုင္းေတြထဲမွာ ေနၿပီး ေပ်ာ္ပြဲစားထြက္ၾက ေနပူစာလႈံၾကလုပ္ၾကရပါတယ္။ ခပ္ခြာခြာေလးေတြေပါ့။

လုပ္ငန္းခြင္

ေလာ့ခ္ေဒါင္းခ်ထားခ်ိန္မွာ လူအေတာ္မ်ားမ်ားက အိမ္ကေနပဲ အလုပ္လုပ္ၾကပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စည္းေဝး ေဆြးေႏြးတဲ့အခါ ဗီဒီယိုအြန္လိုင္းကေန စကားေျပာၾကပါတယ္။

ဒီလိုနဲ႔ ႐ုံးေတြျပန္ဖြင့္လာတဲ့အခါမွာေတာ့ ကိုဗစ္က တြန္းပို႔ခဲ့တဲ့ အေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႐ုံးေတြမွာလည္း ျပင္ဆင္လာရပါတယ္။

ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳဟန္နက္စဘတ္က ပန္းေတြ ေလလံတင္ေရာင္းခ်တဲ့ ကုန္ေလွာင္႐ုံတစ္ခုမွာေတာ့ ပလပ္စတစ္အကာေလးေတြနဲ႔ ပိုင္းျခားထားတဲ့ တစ္ကိုယ္စာထိုင္ အခန္းေလးေတြ လုပ္ထားေပးတာ ေတြ႕ႏိုင္ပါတယ္။

ေစ်းဝယ္ထြက္တဲ့အခါ

ေစ်းဆိုင္ေတြ ေစ်း႐ုံေတြ သြားရတဲ့ ပုံစံေတြလည္း ေျပာင္းသြားပါၿပီ။ အြန္လိုင္းကေန ေစ်းဝယ္မႈေတြက တစ္ဟုန္ထိုး တိုးတက္လာၿပီး စူပါမားကက္ေတြမွာဆိုလည္း ဆိုင္ထဲမွာ လူေတြ စုၿပဳံမေနဖို႔အတြက္ ေစ်းဝယ္သူေတြကို အျပင္မွာ လူခြာတန္းစီေစၿပီးေတာ့မွ နည္းနည္းခ်င္း အထဲကို သြင္းတာေတြလုပ္ေနပါတယ္။

နယ္သာလန္ႏိုင္ငံ ေရာ့တာဒမ္ၿမိဳ႕က အပ္ခ်ဳပ္ဆိုင္တစ္ခုမွာေတာ့ မွန္ကာအေနာက္ကေန အက်ႌခ်ဳပ္လာသူရဲ႕ ကိုယ္တိုင္းကို ယူေနတာ ေတြ႕ရပါတယ္။

စားေသာက္ဆိုင္မွာ စားတဲ့အခါ

သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ စားေသာက္ဆိုင္မွာ သြားစားၾကတဲ့ ပုံစံကေရာ ေျပာင္းလဲသြားခဲ့ၿပီလား။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ဆိုင္တစ္ဆိုင္မွာေတာ့ လာစားသူေတြၾကားမွာ ကတ္ထူျပားနဲ႔ ပလတ္စတစ္ေတြ ကာၿပီး ခြဲထားတာေတြ႕ရပါမယ္။

စားေသာက္ဆိုင္ အမ်ားစုမွာ ထိုင္ေနသူေတြၾကား၊ စားပြဲေတြၾကားမွာ ပလပ္စတစ္အၾကည္ေတြနဲ႔ ကာရံပိုင္းျခားထားၾကပါတယ္။ တခ်ိဳ႕ဆိုင္ေတြကေတာ့ ခုံေတြကို ခ်ဲထား နည္းထားၾကပါတယ္။

ကပြဲ ေဖ်ာ္ေျဖပြဲေတြ

ကို႐ိုနာေၾကာင့္ လူခ်င္းမေတြ႕ မဆုံၾကရလို႔ ဘဝေတြဟာ ၿငီးေငြ႕ေသြ႕ေျခာက္သြားရတဲ့ အခ်ိန္ေတြမွာလည္း ကိုယ္ႀကိဳက္တာကို ကိုယ္လုပ္ႏိုင္ ခံစားႏိုင္ပါေသးတယ္။ ဥပမာ ဂီတေဖ်ာ္ေျဖပြဲကို ၾကည့္ရႈခ်င္တယ္ဆိုပါစို႔၊ တီထြင္ႀကံဆမႈေတာ့ လိုပါတယ္။

ဒါေပမယ့္ ပရိသတ္ေတြ စုေဝးၿပီး ႐ုံထဲလာ နားဆင္ၾကည့္ရႈတာမ်ိဳး လုပ္လို႔ မရေသးေတာ့ ဂီတေဖ်ာ္ေျဖပြဲေတြကေတာ့ ပုံစံတစ္မ်ိဳးနဲ႔ လုပ္ေနရဦးမွာပါ။ ဥပမာ အခု ျမင္ရတဲ့ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂိုယန္ၿမိဳ႕က ပြဲကို ၾကည့္ပါ။

ဒီမွာ ေကေပါ့ပ္၊ အင္ဒီးနဲ႔ ဂႏၲဝင္ဂီတေတြကို သုံးရက္တာ ေဖ်ာ္ေျဖေပးခဲ့ပါတယ္။ အိမ္ထဲေအာင္းေနရတာ ၾကာေနတဲ့ ပရိသတ္ေတြအတြက္ေတာ့ အခြင့္ေကာင္းပါ၊ သူတို႔ကလည္း သူတို႔ကားေတြထဲကေန လူခ်င္းခြာခြာ အႏၲရာယ္ကင္းကင္း လာအားေပးခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52994929
ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းအလွန်မှာ ဖြစ်လာရတဲ့ လူမှုဘဝပုံစံသစ်တွေ ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းအလွန်မှာ ဖြစ်လာရတဲ့ လူမှုဘဝပုံစံသစ်တွေ Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.