နယ်စပ်က ခိုးဝင်လာသူမရှိအောင် ကရင်ပြည်နယ်အဖွဲ့ပေါင်းစုံ စုပေါင်းတားဆီးနေ


(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ဇွန်လ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၂၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ပြောဆိုတဲ့အတွက် ဒါဟာ စံချိန်တင် တွေ့ရှိမှုဖြစ်ပါတယ်။ အဲဒီလူအားလုံးဟာ ထိုင်းကတဆင့် ကရင်ပြည်နယ်ကို ဖြတ်ပြီး ပြန်လာသူတွေပါ။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်ကစပြီး မလေးရှားနဲ့ ထိုင်းကနေ ကုန်းလမ်းခရီးနဲ့ ပြန်လာသူတွေဟာ ကရင်ပြည်နယ်က တဆင့် ပြည်တွင်းကို ဝင်ရောက်ကြရတာဖြစ်ပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အခုအချိန်ထိ သူတို့ပြည်နယ်ကို ပြည်ပက ပြန်လည်ဝင်ရောက်လာသူ ၁ သိန်းကျော်ပြီဖြစ်ပြီး  အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူ ၂၃ ဦးကို ဓာတ်ခွဲခန်းက အဖြေသိရတာနဲ့ ရန်ကုန်ကို အမြန်ဆုံးပို့ဆောင်ခဲ့ပါတယ်။ ရောဂါပိုးတွေ့ရသူတွေနဲ့ ထိတွေ့ခဲ့တဲ့  သူတို့ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကိုပါ တာဝန်က ရပ်နားပြီး သီခြားနေထိုင်ဖို့ စီစဉ်ပေးရတဲ့အတွက် ဝန်ထမ်းအင်အား နည်းပါးမှုကို စိုးရိမ်နေရတယ်လို့  RFA ကို မနေ့ညက ပြောပါတယ်။

“ ထိုင်းအစိုးရ တက်ခ်ခရိုင် အာဏာပိုင်တွေက မြန်မာအစိုးရကို အကြောင်းကြားတယ်။ ကျမတို့နိုင်ငံသားဟုတ် မဟုတ် သူတို့ဘက်ကို သွားစစ်တယ်။ ဟုတ်တယ်ဆိုမှ ပြန်ခေါ်လာတယ်။ ရခိုင်က ၇ ယောက်၊တနင်္သာရီက ၇ ယောက်၊ မွန်က ၄ ယောက်၊ ရန်ကုန်တို့ ပဲခူးတို့က ပါတယ်၊ ကျမတို့  ကရင်ပြည်နယ်က ၁ ယောက်ပဲပါတယ်။ ကော့ကရိတ်က။ သူတို့ကို စပြီးမြန်မာပြည်ဝင်ထဲက မူးယစ်ဆေးဝါးဖြတ်တဲ့စခန်းမှာ  သီးသန့် သွားထားတယ် ။ အဲဒီကမှ ကျန်းမာရေးစစ်ဆေးတဲ့ နှာခေါင်း အာခေါင်တို့ဖတ်တွေကို ရန်ကုန်ပို့တယ်။  ပိုးတွေ့တဲ့ စာရင်းကို ည ၁ နာရီခွဲမှာရတယ်။ မနက် ၇ နာရီမှာ အရေးပေါ်အစည်းအဝေးထိုင်ပြီး မနက် ၉ နာရီမှာ ရန်ကုန်က လာခေါ်သွားတယ်။ အားလုံးကို ပို့လိုက်တယ်။  ဒီမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလဲ  သူတို့နဲ့အတူ နေခဲ့ရတာဆိုတော့ သူတို့ကိုလဲ ဒီနေ့ quarantine ပြန်ထားရတယ်။ အဲဒီတော့ ကျမတို့ အင်အားထပ်နည်းသွားတာပေါ့။ ဝန်ထမ်းတွေကလည်း လနဲ့ချီပြီး တာဝန်ယူနေရတာဖြစ်လို့ အရမ်းပင်ပန်းနေကြပါပြီ”

ထိုင်းနိုင်ငံကနေ မကြာခင်က ပြန်လာသူတဦးဖြစ်တဲ့ မွန်ပြည်နယ် မုပ္ပလင်မြို့သူ မအေးနွဲ့က သူတို့ မိသားစု ၁၄ ရက်ကြာ နေအိမ်ကနေ အပြင်မထွက်ဘဲ သီးခြားနေထိုင်ခဲ့ပြီးနောက် အခုတော့ အများသူငါလို လွတ်လပ်စွာ သွားလာနိုင်ပြီလို့ ဆိုပါတယ်။

“ ကျမတို့ကို အိမ်မှာပဲထားတာ ၁၄ ရက် အပြင်မထွက်ရဘူး။ ငွေမရှိလည်း ဘယ်သူမှတော့ အစားအစာ လာမပေးပါဘူး။ ကိုယ့်ဖာသာစားရတာ။ မိသားစုတွေ တဦးနဲ့တဦး ခွာပြီးနေရတယ်၊ သမီးကြီးက အိမ်ခန်းထဲမှာနေတယ်။ ကျမ အမျိုးသားက ဘုရားစင်အောက်မှာအိပ်တယ်။  ကျမနဲ့ နောက်ကလေးတယောက်က ကပြင်မှာ အိပ်ရတယ်။ အခုတော့ Mytel တကဒ်ရယ်၊ quarantine ဝင်ပြီးကြောင်း စာရွက်တရွက်ရယ် လူကြီးတွေက လာပို့သွားတယ်”

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အခုလို ပြည်ပက ပြန်လာသူတွေ နယ်ခြားကနေ တရားမဝင် ခိုးဝင်လို့ မရအောင် အောင်မြင်စွာ ဆောင်ရွက်နိုင်တာဟာ သူတို့ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ ညီညွတ်တဲ့အတွက်ပဲလို့လည်း RFA ကို ပြောပါတယ်။

"နယ်ခြားစောင့်တပ်ရော  တပ်မတော်ကရော နောက်ပြီးတော့ ကျမတို့  ငြိမ်းချမ်းရေးတပ်ဖွဲ့တွေရော ပြန်လာသူတွေ တရားမဝင်အပေါက်တွေက လုံးဝ ဝင်လို့မရအောင် ကူညီတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း ဒီ့အပြင်အချိန်တွေမှာသာ ပြောရဆိုရ ခက်ချင်ခက်တာ။ အခု ကိုဗစ်ဖြစ်တဲ့အခါမှာတော့  သူတို့အသိစိတ်နဲ့သူတို့ ဝိုင်းပြီး ကျမတို့ကို ကာကွယ်စောင့်ရှောက်ပေးတယ်။ နောက်ပြီး ကျေးရွာတွေကလည်း  သူတို့ရွာမှာ ခိုးပြန်လာတဲ့သူတွေကို သူတို့မိသားစုတွေကိုယ်တိုင်က ကျမတို့ကို သတင်းလာပို့တယ်။ ကျမတို့ ကရင်ပြည်နယ်အစိုးရက တပြည်လုံးကို ပြန်ဝင်လာတဲ့သူတွေအကုန်လုံးကို ဒီကနေ့အထိ ထိန်းချုပ်ကိုင်တွယ်ထားနိုင်လို့သာ။ နို့မို့ဆိုရင် တပြည်လုံးကို ပြန့်မှာ။ အခုလဲ ၂၃ ယောက်လေ။ ဒီ ၂၃ ယောက်ကို မစစ်ဆေးနိုင်ခဲ့ဘူးဆိုရင် သူတို့ဖာသာသူတို့ ရခိုင်ပြည်နယ် ပြန်သွားမယ်။ တနင်္သာရီပြန်သွားမယ်ဆိုရင် အကုန်ပြန့်ကုန်မှာပေါ့"

ပြည်ပက ပြန်လာသူတွေကို သူတို့ ကရင်ပြည်နယ်ကနေ မြန်မာပြည်အနှံ့ကို ပို့ဆောင်ပေးရာမှာ လမ်းတလျှောက် ပျောက်ဆုံးခြင်း မရှိအောင် လုံခြုံရေးတပ်ဖွဲ့တွေ လိုက်ပါနေကြောင်း၊ အရင်လတွေက တရက်ကို ကားအစီး ၁ဝဝ ကျော်နဲ့ နေ့စဉ်ပို့ခဲ့ပြီး လက်ရှိမှာတော့ နေ့စဉ် ကား အစီး ၄ဝ ခန့်နဲ့ ပို့ပေးနေကြောင်းလည်း ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ ပြည်ပက ပြန်လာသူ ၁ဝဝဝ ခန့်ကို နေ့စဉ် ကျွေးမွေးစောင့်ရှောက်ထားရပြီး  ပြည်နယ်သူ ပြည်နယ်သား စေတနာ့ဝန်ထမ်း ၄ဝဝ ခန့်ကလည်း ပါဝင်ကူညီနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဟာ အရေးကြီးတဲ့နေရာတခု အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

ခင်မောင်စိုး / RFA Burmese
--------------------------------------------

(Zawgyi)⤵⤵⤵
နယ္စပ္က ခိုးဝင္လာသူမရွိေအာင္ ကရင္ျပည္နယ္အဖြဲ႕ေပါင္းစုံ စုေပါင္းတားဆီးေန

ျမန္မာႏိုင္ငံမွာ ဇြန္လ ၁၉ ရက္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားသူ ၂၃ ဦး ထပ္မံေတြ႕ရွိရတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက  ထုတ္ျပန္ေျပာဆိုတဲ့အတြက္ ဒါဟာ စံခ်ိန္တင္ ေတြ႕ရွိမႈျဖစ္ပါတယ္။ အဲဒီလူအားလုံးဟာ ထိုင္းကတဆင့္ ကရင္ျပည္နယ္ကို ျဖတ္ၿပီး ျပန္လာသူေတြပါ။

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားခ်ိန္ကစၿပီး မေလးရွားနဲ႔ ထိုင္းကေန ကုန္းလမ္းခရီးနဲ႔ ျပန္လာသူေတြဟာ ကရင္ျပည္နယ္က တဆင့္ ျပည္တြင္းကို ဝင္ေရာက္ၾကရတာျဖစ္ပါတယ္။ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ က အခုအခ်ိန္ထိ သူတို႔ျပည္နယ္ကို ျပည္ပက ျပန္လည္ဝင္ေရာက္လာသူ ၁ သိန္းေက်ာ္ၿပီျဖစ္ၿပီး  အခုေနာက္ဆုံး ဗိုင္းရပ္စ္ပိုးေတြ႕ရွိရသူ ၂၃ ဦးကို ဓာတ္ခြဲခန္းက အေျဖသိရတာနဲ႔ ရန္ကုန္ကို အျမန္ဆုံးပို႔ေဆာင္ခဲ့ပါတယ္။ ေရာဂါပိုးေတြ႕ရသူေတြနဲ႔ ထိေတြ႕ခဲ့တဲ့  သူတို႔ျပည္နယ္က က်န္းမာေရးဝန္ထမ္းေတြကိုပါ တာဝန္က ရပ္နားၿပီး သီျခားေနထိုင္ဖို႔ စီစဥ္ေပးရတဲ့အတြက္ ဝန္ထမ္းအင္အား နည္းပါးမႈကို စိုးရိမ္ေနရတယ္လို႔  RFA ကို မေန႔ညက ေျပာပါတယ္။

“ ထိုင္းအစိုးရ တက္ခ္ခ႐ိုင္ အာဏာပိုင္ေတြက ျမန္မာအစိုးရကိို အေၾကာင္းၾကားတယ္။ က်မတို႔ႏိုင္ငံသားဟုတ္ မဟုတ္ သူတို႔ဘက္ကို သြားစစ္တယ္။ ဟုတ္တယ္ဆိုမွ ျပန္ေခၚလာတယ္။ ရခိုင္က ၇ ေယာက္၊တနသၤာရီက ၇ ေယာက္၊ မြန္က ၄ ေယာက္၊ ရန္ကုန္တို႔ ပဲခူးတို႔က ပါတယ္၊ က်မတို႔  ကရင္ျပည္နယ္က ၁ ေယာက္ပဲပါတယ္။ ေကာ့ကရိတ္က။ သူတို႔ကို စၿပီးျမန္မာျပည္ဝင္ထဲက မူးယစ္ေဆးဝါးျဖတ္တဲ့စခန္းမွာ  သီးသန႔္ သြားထားတယ္ ။ အဲဒီကမွ က်န္းမာေရးစစ္ေဆးတဲ့ ႏွာေခါင္း အာေခါင္တို႔ဖတ္ေတြကို ရန္ကုန္ပို႔တယ္။  ပိုးေတြ႕တဲ့ စာရင္းကို ည ၁ နာရီခြဲမွာရတယ္။ မနက္ ၇ နာရီမွာ အေရးေပၚအစည္းအေဝးထိုင္ၿပီး မနက္ ၉ နာရီမွာ ရန္ကုန္က လာေခၚသြားတယ္။ အားလုံးကို ပို႔လိုက္တယ္။  ဒီမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြကလဲ  သူတို႔နဲ႔အတူ ေနခဲ့ရတာဆိုေတာ့ သူတို႔ကိုလဲ ဒီေန႔ quarantine ျပန္ထားရတယ္။ အဲဒီေတာ့ က်မတို႔ အင္အားထပ္နည္းသြားတာေပါ့။ ဝန္ထမ္းေတြကလည္း လနဲ႔ခ်ီၿပီး တာဝန္ယူေနရတာျဖစ္လို႔ အရမ္းပင္ပန္းေနၾကပါၿပီ”

ထိုင္းႏိုင္ငံကေန မၾကာခင္က ျပန္လာသူတဦးျဖစ္တဲ့ မြန္ျပည္နယ္ မုပၸလင္ၿမိဳ႕သူ မေအးႏြဲ႕က သူတို႔ မိသားစု ၁၄ ရက္ၾကာ ေနအိမ္ကေန အျပင္မထြက္ဘဲ သီးျခားေနထိုင္ခဲ့ၿပီးေနာက္ အခုေတာ့ အမ်ားသူငါလို လြတ္လပ္စြာ သြားလာႏိုင္ၿပီလို႔ ဆိုပါတယ္။

“ က်မတို႔ကို အိမ္မွာပဲထားတာ ၁၄ ရက္ အျပင္မထြက္ရဘူး။ ေငြမရွိလည္း ဘယ္သူမွေတာ့ အစားအစာ လာမေပးပါဘူး။ ကိုယ့္ဖာသာစားရတာ။ မိသားစုေတြ တဦးနဲ႔တဦး ခြာၿပီးေနရတယ္၊ သမီးႀကီးက အိမ္ခန္းထဲမွာေနတယ္။ က်မ အမ်ိဳးသားက ဘုရားစင္ေအာက္မွာအိပ္တယ္။  က်မနဲ႔ ေနာက္ကေလးတေယာက္က ကျပင္မွာ အိပ္ရတယ္။ အခုေတာ့ Mytel တကဒ္ရယ္၊ quarantine ဝင္ၿပီးေၾကာင္း စာ႐ြက္တ႐ြက္ရယ္ လူႀကီးေတြက လာပို႔သြားတယ္”

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ က အခုလို ျပည္ပက ျပန္လာသူေတြ နယ္ျခားကေန တရားမဝင္ ခိုးဝင္လို႔ မရေအာင္ ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္တာဟာ သူတို႔ျပည္နယ္မွာရွိတဲ့ အဖြဲ႕အစည္းေပါင္းစုံ ညီၫြတ္တဲ့အတြက္ပဲလို႔လည္း RFA ကို ေျပာပါတယ္။

"နယ္ျခားေစာင့္တပ္ေရာ  တပ္မေတာ္ကေရာ ေနာက္ၿပီးေတာ့ က်မတို႔  ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြေရာ ျပန္လာသူေတြ တရားမဝင္အေပါက္ေတြက လုံးဝ ဝင္လို႔မရေအာင္ ကူညီတယ္။ ၿငိမ္းခ်မ္းေရးအဖြဲ႕ေတြကလည္း ဒီ့အျပင္အခ်ိန္ေတြမွာသာ ေျပာရဆိုရ ခက္ခ်င္ခက္တာ။ အခု ကိုဗစ္ျဖစ္တဲ့အခါမွာေတာ့  သူတို႔အသိစိတ္နဲ႔သူတို႔ ဝိုင္းၿပီး က်မတို႔ကို ကာကြယ္ေစာင့္ေရွာက္ေပးတယ္။ ေနာက္ၿပီး ေက်း႐ြာေတြကလည္း  သူတို႔႐ြာမွာ ခိုးျပန္လာတဲ့သူေတြကို သူတို႔မိသားစုေတြကိုယ္တိုင္က က်မတို႔ကို သတင္းလာပို႔တယ္။ က်မတို႔ ကရင္ျပည္နယ္အစိုးရက တျပည္လုံးကို ျပန္ဝင္လာတဲ့သူေတြအကုန္လုံးကို ဒီကေန႔အထိ ထိန္းခ်ဳပ္ကိုင္တြယ္ထားႏိုင္လို႔သာ။ ႏို႔မို႔ဆိုရင္ တျပည္လုံးကို ျပန႔္မွာ။ အခုလဲ ၂၃ ေယာက္ေလ။ ဒီ ၂၃ ေယာက္ကို မစစ္ေဆးႏိုင္ခဲ့ဘူးဆိုရင္ သူတို႔ဖာသာသူတို႔ ရခိုင္ျပည္နယ္ ျပန္သြားမယ္။ တနသၤာရီျပန္သြားမယ္ဆိုရင္ အကုန္ျပန႔္ကုန္မွာေပါ့"

ျပည္ပက ျပန္လာသူေတြကို သူတို႔ ကရင္ျပည္နယ္ကေန ျမန္မာျပည္အႏွံ႔ကို ပို႔ေဆာင္ေပးရာမွာ လမ္းတေလွ်ာက္ ေပ်ာက္ဆုံးျခင္း မရွိေအာင္ လုံၿခဳံေရးတပ္ဖြဲ႕ေတြ လိုက္ပါေနေၾကာင္း၊ အရင္လေတြက တရက္ကို ကားအစီး ၁ဝဝ ေက်ာ္နဲ႔ ေန႔စဥ္ပို႔ခဲ့ၿပီး လက္ရွိမွာေတာ့ ေန႔စဥ္ ကား အစီး ၄ဝ ခန႔္နဲ႔ ပို႔ေပးေနေၾကာင္းလည္း ေဒၚနန္းခင္ေထြးျမင့္ က ေျပာပါတယ္။

WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ရဲ႕ ေထာက္ပံ့ေငြနဲ႔ ျပည္ပက ျပန္လာသူ ၁ဝဝဝ ခန႔္ကို ေန႔စဥ္ ေကြၽးေမြးေစာင့္ေရွာက္ထားရၿပီး  ျပည္နယ္သူ ျပည္နယ္သား ေစတနာ့ဝန္ထမ္း ၄ဝဝ ခန႔္ကလည္း ပါဝင္ကူညီေနတယ္လို႔ ဆိုပါတယ္။

ျမန္မာျပည္သူေတြ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ေရးအတြက္ ကရင္ျပည္နယ္ဟာ အေရးႀကီးတဲ့ေနရာတခု အျဖစ္ ဆက္လက္တည္ရွိေနမွာျဖစ္ပါတယ္။

ခင္ေမာင္စိုး / RFA Burmese
https://www.rfa.org/burmese/news/corona-virus-prevention-in-karen-state-06192020185921.html
နယ်စပ်က ခိုးဝင်လာသူမရှိအောင် ကရင်ပြည်နယ်အဖွဲ့ပေါင်းစုံ စုပေါင်းတားဆီးနေ နယ်စပ်က ခိုးဝင်လာသူမရှိအောင် ကရင်ပြည်နယ်အဖွဲ့ပေါင်းစုံ စုပေါင်းတားဆီးနေ Reviewed by THITHTOOLWIN on 06:35 Rating: 5
Powered by Blogger.