ထိုင်းမှာ စစ်ပြီးမှ ပြန်လာသူတွေ ပြည်တွင်းမှာပြန်စစ်ချိန် ပိုးတွေ့တဲ့အပေါ် နှစ်နိုင်ငံပူးပေါင်းအဖြေရှာနေ

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ တွေ့ရသည့် ဝတ်စုံပြည့်ဝတ်ထားသော ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
ပြည်တော်ပြန်ပိုးတွေ့သူ ၂၃ ဦးပါအဖွဲ့ထဲက ၁၉ ဦးဟာ ထိုင်းနိုင်ငံမှာ Quarantine ၁၄ ရက်ဝင်ခဲ့ပြီး COVID - 19 Negative အဖြေထွက်ထားသူတွေပါ။ ဒါပေမဲ့ ပြည်တွင်းရောက်ပြီး ၅ ရက်အကြာမှာ ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုနိုင်ခဲ့လို့ ရောဂါဘယ်လိုကူးစက်ခဲ့သလဲ အကြောင်းရင်းကို ရှာဖွေနိုင်ဖို့ နှစ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့တဲ့ လူနာသစ် ၂၃ ဦးဟာ ထိုင်းနိုင်ငံမှာ လဝကဥပဒေနဲ့ အကျဉ်းကျခံထားရတဲ့ ၃၅ ဦးပါ အဖွဲ့ထဲကဖြစ်တယ်လို့ မြဝတီနယ်စပ်ဂိတ်တာဝန်ရှိသူတွေထံက သိရပါတယ်။ သူတို့ကို နှစ်နိုင်ငံတာဝန်ရှိသူတွေက ဇွန်လ ၈ ရက်နေ့မှာ လွှဲပြောင်းလက်ခံခဲ့ကြပြီး ဘားအံမြို့က မူးယစ်ဆေးဖြတ်စခန်းမှာ Quarantine ထားခဲ့တာပါ။ Q ဝင်ပြီး ၅ ရက်အကြာမှာ အဲဒီထဲက ၂၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ သက်ဆိုင်ရာဆေးရုံတွေဆီ အသီးသီးလွှဲပြောင်းခဲ့ကြသလို ကျန်တဲ့ ၁၂ ဦးကိုလည်း သီးခြားထား စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီထဲက ၁၉ ဦးဟာ COVID - 19 Negative အဖြေထွက်ထားပြီးမှ နယ်စပ်ဂိတ်ကနေတဆင့် လွှဲပြောင်းပေးခဲ့သူတွေဖြစ်တယ်လို့ ကိုဗစ်နဲ ပတ်သက်ပြီး ထိုင်းနိုင်ငံက ပြောခွင့်ရပုဂ္ဂိုလ် Dr Taweesin Visanuyothin က ပြီးခဲ့တဲ့ ၂၂ ရက်နေ့တုန်းက ပြောခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးက ကျန်းမာရေးတာဝန်ရှိသူတွေ အချင်းချင်း ပုံမှန်အဆက်အသွယ်ရှိနေသလို အခုလိုအခြေအနေမျိုးမှာလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်တွင်းကိုဗစ်ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကို ဝင်သွားပြီးတဲ့ဟာကို သူတို့က စိတ်မဝင်စားတော့ဘူး။ သူတို့ဘက်မှာ ဘယ်သူတွေနဲ့ ထိတွေ့ခဲ့တယ်ဆိုတဲ့ History ကို ဒီလူတွေဆီကပြန်သိချင်တာ။ ဘာကြောင့်လည်းဆိုတော့ သူတို့နိုင်ငံတွေမှာ ဒီလူတွေသွားခဲ့လာခဲ့တဲ့ ရာဇဝင်ရှိရင် သူတို့မှာလည်း Contact Tracing ပြန်လိုက်ရတာပေါ့နော်။ နည်းပညာအရတော့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေက သူတို့နဲ့ ကျနော်တို့နဲ့ တူတယ်ပေါ့။ အဲတော့ သူတို့က ဒီလူတွေကိုပြန်မေးချင်တယ်။”

ပြည်ပကပြန်လာသူတွေထဲမှာ ကိုဗစ်ရောဂါပိုး မရှိကြောင်း တဘက်နိုင်ငံမှာ စစ်ဆေးခဲ့ပြီးဖြစ်ပေမယ့်လည်း မြန်မာပြည်ထဲဝင်သူတိုင်းဟာ သတ်မှတ်ထားတဲ့နေရာတွေမှာ သီးခြားနေထိုင်တာနဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စစ်ဆေးခံရမှာဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“ဟိုဘက်မှာ ဘယ်လိုပဲစစ်ခဲ့တယ်ပြောပြော Quarantine ဝင်ခဲ့တယ်ပဲပြောပြော ကျနော်တို့အနေနဲ့ကတော့ ပြန်လည်ပြီးတော့ စစ်ရတဲ့အနေအထား ရှိတာပေါ့နော်။ ဒီလိုစစ်မှပဲ စောစောသိ စောစောဖယ်ထုတ်ပေါ့နော်။ အဲတော့ ကျနော်တို့ဘက်ကတော့ ခုနကပြောတဲ့ ဟိုဘက်မှာ Quarantine ဝင်ခဲ့သည်ဖြစ်စေ မဝင်ခဲ့သည်ဖြစ်စေ Positive ဖြစ်ခဲ့သည်ဖြစ်စေ Negative ဖြစ်ခဲ့သည်ဖြစ်စေ ကျနော်တို့က ပြန်စစ်မှာပဲ။ နောက်တခုက ကိုဗစ်ရောဂါရဲ့သဘာဝကိုက နည်းနည်းမာယာများတာပေါ့နော်။ စစ်တိုင်းလည်း သူကမတွေ့ဘူး။ ပထမတကြိမ်စစ်လို့ မတွေ့ပေမဲ့ ဒုတိယတကြိမ်စစ်တော့မှ တွေ့တာပေါ့နော်။ ရက်အနေအထားရင့်တာတို့ ခန္ဓာကိုယ်ရဲ့ခုခံအားနဲ့ ပိုးနဲ့တုံ့ပြန်မှုပေါ့။ လူနာတွေထဲမှာတောင် ရှိတယ်လေ Positvie ဖြစ်လိုက်၊ Negative ဖြစ်လိုက်နဲ့။”

ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးပေမဲ့ ပြည်တွင်းမှာ နိုင်ငံတော်အဆင့်ကနေ ကျေးလက်ဒေသအထိ အားလုံးဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့လို့ ဒီလိုအခြေအနေမှာ ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် ရောဂါထိန်းချုပ်နိုင်ခဲ့ပြီလို့ ယူဆရတဲ့ တရုတ်နိုင်ငံမှာလည်း ကူးစက်မှုတွေ ရှိလာနေလို့ ပြည်သူတွေမပေါ့ဆဖို့ တိုက်တွန်းထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာ ၂၉၂ ဦးထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုး ကင်းစင်လာသူ ၂၀၄ ဦး အထိ ရှိထားပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းမွာ စစ္ၿပီးမွ ျပန္လာသူေတြ ျပည္တြင္းမွာျပန္စစ္ခ်ိန္ ပိုးေတြ႕တဲ့အေပၚ ႏွစ္ႏိုင္ငံပူးေပါင္းအေျဖရွာေန

ျပည္ေတာ္ျပန္ပိုးေတြ႕သူ ၂၃ ဦးပါအဖြဲ႕ထဲက ၁၉ ဦးဟာ ထိုင္းႏိုင္ငံမွာ Quarantine ၁၄ ရက္ဝင္ခဲ့ၿပီး COVID - 19 Negative အေျဖထြက္ထားသူေတြပါ။ ဒါေပမဲ့ ျပည္တြင္းေရာက္ၿပီး ၅ ရက္အၾကာမွာ ဓာတ္ခြဲစစ္ေဆးၿပီး အတည္ျပဳႏိုင္ခဲ့လို႔ ေရာဂါဘယ္လိုကူးစက္ခဲ့သလဲ အေၾကာင္းရင္းကို ရွာေဖြႏိုင္ဖို႔ ႏွစ္ႏိုင္ငံ က်န္းမာေရးတာဝန္ရွိသူေတြ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ၿပီးခဲ့တဲ့ ၁၉ ရက္ေန႔က ဓာတ္ခြဲအတည္ျပဳေတြ႕ရွိခဲ့တဲ့ လူနာသစ္ ၂၃ ဦးဟာ ထိုင္းႏိုင္ငံမွာ လဝကဥပေဒနဲ႔ အက်ဥ္းက်ခံထားရတဲ့ ၃၅ ဦးပါ အဖြဲ႕ထဲကျဖစ္တယ္လို႔ ျမဝတီနယ္စပ္ဂိတ္တာဝန္ရွိသူေတြထံက သိရပါတယ္။ သူတို႔ကို ႏွစ္ႏိုင္ငံတာဝန္ရွိသူေတြက ဇြန္လ ၈ ရက္ေန႔မွာ လႊဲေျပာင္းလက္ခံခဲ့ၾကၿပီး ဘားအံၿမိဳ႕က မူးယစ္ေဆးျဖတ္စခန္းမွာ Quarantine ထားခဲ့တာပါ။ Q ဝင္ၿပီး ၅ ရက္အၾကာမွာ အဲဒီထဲက ၂၃ ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့လို႔ သက္ဆိုင္ရာေဆး႐ုံေတြဆီ အသီးသီးလႊဲေျပာင္းခဲ့ၾကသလို က်န္တဲ့ ၁၂ ဦးကိုလည္း သီးျခားထား စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီထဲက ၁၉ ဦးဟာ COVID - 19 Negative အေျဖထြက္ထားၿပီးမွ နယ္စပ္ဂိတ္ကေနတဆင့္ လႊဲေျပာင္းေပးခဲ့သူေတြျဖစ္တယ္လို႔ ကိုဗစ္နဲ ပတ္သက္ၿပီး ထိုင္းႏိုင္ငံက ေျပာခြင့္ရပုဂၢိဳလ္ Dr Taweesin Visanuyothin က ၿပီးခဲ့တဲ့ ၂၂ ရက္ေန႔တုန္းက ေျပာခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ႏိုင္ငံအသီးသီးက က်န္းမာေရးတာဝန္ရွိသူေတြ အခ်င္းခ်င္း ပုံမွန္အဆက္အသြယ္ရွိေနသလို အခုလိုအေျခအေနမ်ိဳးမွာလည္း ထိုင္းႏိုင္ငံတာဝန္ရွိသူေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ျပည္တြင္းကိုဗစ္ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကို ဝင္သြားၿပီးတဲ့ဟာကို သူတို႔က စိတ္မဝင္စားေတာ့ဘူး။ သူတို႔ဘက္မွာ ဘယ္သူေတြနဲ႔ ထိေတြ႕ခဲ့တယ္ဆိုတဲ့ History ကို ဒီလူေတြဆီကျပန္သိခ်င္တာ။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ႏိုင္ငံေတြမွာ ဒီလူေတြသြားခဲ့လာခဲ့တဲ့ ရာဇဝင္ရွိရင္ သူတို႔မွာလည္း Contact Tracing ျပန္လိုက္ရတာေပါ့ေနာ္။ နည္းပညာအရေတာ့ လုပ္ေနတဲ့လုပ္ငန္းစဥ္ေတြက သူတို႔နဲ႔ က်ေနာ္တို႔နဲ႔ တူတယ္ေပါ့။ အဲေတာ့ သူတို႔က ဒီလူေတြကိုျပန္ေမးခ်င္တယ္။”

ျပည္ပကျပန္လာသူေတြထဲမွာ ကိုဗစ္ေရာဂါပိုး မရွိေၾကာင္း တဘက္ႏိုင္ငံမွာ စစ္ေဆးခဲ့ၿပီးျဖစ္ေပမယ့္လည္း ျမန္မာျပည္ထဲဝင္သူတိုင္းဟာ သတ္မွတ္ထားတဲ့ေနရာေတြမွာ သီးျခားေနထိုင္တာနဲ႔ ဗိုင္းရပ္စ္ပိုးရွိ၊ မရွိ စစ္ေဆးခံရမွာျဖစ္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက VOA ကိုေျပာပါတယ္။

“ဟိုဘက္မွာ ဘယ္လိုပဲစစ္ခဲ့တယ္ေျပာေျပာ Quarantine ဝင္ခဲ့တယ္ပဲေျပာေျပာ က်ေနာ္တို႔အေနနဲ႔ကေတာ့ ျပန္လည္ၿပီးေတာ့ စစ္ရတဲ့အေနအထား ရွိတာေပါ့ေနာ္။ ဒီလိုစစ္မွပဲ ေစာေစာသိ ေစာေစာဖယ္ထုတ္ေပါ့ေနာ္။ အဲေတာ့ က်ေနာ္တို႔ဘက္ကေတာ့ ခုနကေျပာတဲ့ ဟိုဘက္မွာ Quarantine ဝင္ခဲ့သည္ျဖစ္ေစ မဝင္ခဲ့သည္ျဖစ္ေစ Positive ျဖစ္ခဲ့သည္ျဖစ္ေစ Negative ျဖစ္ခဲ့သည္ျဖစ္ေစ က်ေနာ္တို႔က ျပန္စစ္မွာပဲ။ ေနာက္တခုက ကိုဗစ္ေရာဂါရဲ႕သဘာဝကိုက နည္းနည္းမာယာမ်ားတာေပါ့ေနာ္။ စစ္တိုင္းလည္း သူကမေတြ႕ဘူး။ ပထမတႀကိမ္စစ္လို႔ မေတြ႕ေပမဲ့ ဒုတိယတႀကိမ္စစ္ေတာ့မွ ေတြ႕တာေပါ့ေနာ္။ ရက္အေနအထားရင့္တာတို႔ ခႏၶာကိုယ္ရဲ႕ခုခံအားနဲ႔ ပိုးနဲ႔တုံ႔ျပန္မႈေပါ့။ လူနာေတြထဲမွာေတာင္ ရွိတယ္ေလ Positvie ျဖစ္လိုက္၊ Negative ျဖစ္လိုက္နဲ႔။”

ကိုဗစ္ကပ္ေရာဂါ မၿပီးဆုံးေသးေပမဲ့ ျပည္တြင္းမွာ ႏိုင္ငံေတာ္အဆင့္ကေန ေက်းလက္ေဒသအထိ အားလုံးဝိုင္းဝန္းေဆာင္႐ြက္ႏိုင္ခဲ့လို႔ ဒီလိုအေျခအေနမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့တာလို႔ ဆိုပါတယ္။ ဒါေပမဲ့ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ အပါအဝင္ ေရာဂါထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီလို႔ ယူဆရတဲ့ တ႐ုတ္ႏိုင္ငံမွာလည္း ကူးစက္မႈေတြ ရွိလာေနလို႔ ျပည္သူေတြမေပါ့ဆဖို႔ တိုက္တြန္းထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ ထုတ္ျပန္ၿပီးခ်ိန္အထိဆို ဓာတ္ခြဲအတည္ျပဳလူနာ ၂၉၂ ဦးထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုး ကင္းစင္လာသူ ၂၀၄ ဦး အထိ ရွိထားပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid/5475241.html
ထိုင်းမှာ စစ်ပြီးမှ ပြန်လာသူတွေ ပြည်တွင်းမှာပြန်စစ်ချိန် ပိုးတွေ့တဲ့အပေါ် နှစ်နိုင်ငံပူးပေါင်းအဖြေရှာနေ ထိုင်းမှာ စစ်ပြီးမှ ပြန်လာသူတွေ ပြည်တွင်းမှာပြန်စစ်ချိန် ပိုးတွေ့တဲ့အပေါ် နှစ်နိုင်ငံပူးပေါင်းအဖြေရှာနေ Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.