ရွှေ့ပြောင်းလုပ်သားနေထိုင်ခွင့် ထိုင်းအစိုးရ သက်တမ်းတိုး

(Coronavirus ရောဂါဖြစ်ပွားပြီး အလုပ်အကိုင်ဆုံးရှုံးခဲ့တဲ့ မြန်မာအလုပ်သမားများ‌တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အစားအစာများ အခမဲ့ပေးနေတာကို ၂၀၂၀၊ ဧပြီ ၂၃ ရက်နေ့က တွေ့ရစဉ်) Photo: REUTERS
(Unicode)⤵⤵⤵
 မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ခွင့်သက်တမ်းကို ဇူလိုင် ၃၁ ရက်ထိ ထိုင်းအစိုးရက ရက်တိုးပေးလိုက်ပါတယ်။

covid-19 ကူးစက်ပြန့်ပွားတာကို ကာကွယ်ရေး အထောက်အကူ အပြင် အခြေအနေ တိုးတက်လာပြီးနောက် စီးပွားရေးပြန်အားကောင်းစေဖို့နဲ့ အလုပ်သမား မရှားပါးစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါရှိပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အဆိုတင်ပြီးတဲ့နောက် ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ခွင့် သက်တမ်းတိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့က ဒီလ ၂ ရက်က ဆုံးဖြတ်ခဲ့တာပါ။

ဒီလိုမဆုံးဖြတ်ခင်မှာ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံကနေ ဒီလ ၁ ရက်နေ့က ပြန်ထွက်ခွာရမှာပါ။

ခုဆုံးဖြတ်ချက်အရ အလုပ်လုပ်ကိုင်ခွင့် ရရှိထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အကျုံးဝင်တယ်လို့ ဖနွမ်းပင်ပို့စ်သတင်းမှာ မနေ့ကဖော်ပြပါတယ်။ ဇူလိုင် ၃၁ ရက်ကျော်ရင် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာတဲ့ရက်မှာ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံကပြန်လည်ထွက်ခွာရပါမယ်။

ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဗီဇာသက်တမ်းတိုးဖို့ ထိုင်းအာဏာပိုင်တွေက တစ်စုံတစ်ရာ အချိန် ပိုပေးမယ်လို့ ဖော်ပြပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
ေ႐ႊ႕ေျပာင္းလုပ္သားေနထိုင္ခြင့္ ထိုင္းအစိုးရ သက္တမ္းတိုး

 ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနထိုင္ခြင့္သက္တမ္းကို ဇူလိုင္ ၃၁ ရက္ထိ ထိုင္းအစိုးရက ရက္တိုးေပးလိုက္ပါတယ္။

covid-19 ကူးစက္ျပန႔္ပြားတာကို ကာကြယ္ေရး အေထာက္အကူ အျပင္ အေျခအေန တိုးတက္လာၿပီးေနာက္ စီးပြားေရးျပန္အားေကာင္းေစဖို႔နဲ႔ အလုပ္သမား မရွားပါးေစဖို႔ ရည္႐ြယ္တယ္လို႔ ထိုင္းျပည္သူ႔ဆက္ဆံေရးဌာနက ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ပါရွိပါတယ္။

အလုပ္သမားဝန္ႀကီးဌာနက အဆိုတင္ၿပီးတဲ့ေနာက္ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနထိုင္ခြင့္ သက္တမ္းတိုးေပးဖို႔ ထိုင္းအစိုးရအဖြဲ႕က ဒီလ ၂ ရက္က ဆုံးျဖတ္ခဲ့တာပါ။

ဒီလိုမဆုံးျဖတ္ခင္မွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ထိုင္းႏိုင္ငံကေန ဒီလ ၁ ရက္ေန႔က ျပန္ထြက္ခြာရမွာပါ။

ခုဆုံးျဖတ္ခ်က္အရ အလုပ္လုပ္ကိုင္ခြင့္ ရရွိထားတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ အက်ဳံးဝင္တယ္လို႔ ဖႏြမ္းပင္ပို႔စ္သတင္းမွာ မေန႔ကေဖာ္ျပပါတယ္။ ဇူလိုင္ ၃၁ ရက္ေက်ာ္ရင္ ျပည္ထဲေရးဝန္ႀကီးဌာနက ေၾကညာတဲ့ရက္မွာ ႏိုင္ငံျခားသားေတြ ထိုင္းႏိုင္ငံကျပန္လည္ထြက္ခြာရပါမယ္။

ဒါေပမဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ဗီဇာသက္တမ္းတိုးဖို႔ ထိုင္းအာဏာပိုင္ေတြက တစ္စုံတစ္ရာ အခ်ိန္ ပိုေပးမယ္လို႔ ေဖာ္ျပပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရွှေ့ပြောင်းလုပ်သားနေထိုင်ခွင့် ထိုင်းအစိုးရ သက်တမ်းတိုး ရွှေ့ပြောင်းလုပ်သားနေထိုင်ခွင့် ထိုင်းအစိုးရ သက်တမ်းတိုး Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.