မိုးကြိုးပစ်ခံရလို့ မြိတ်လေတပ်စခန်းမှာ ငါးဦး သေဆုံး

မိုးကြိုးပစ်မှုကြောင့်ငါးဦးသေဆုံးပြီး တခြားနေရာတွေမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဒေသခံအမတ်ကပြောပါတယ်။
(Unicode)⤵⤵⤵
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်လေတပ်စခန်းအတွင်းကို မိုးကြိုးပစ်ခံရလို့ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဥက္ကာမင်းက ဘီဘီစီကိုအတည်ပြုပါတယ်။

ဇွန်လ ၃ ရက် ညနေပိုင်းက မြိတ်မှာမိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးတွေပစ်တာတွေရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ မြိတ်လေတပ်စခန်းဌာနချုပ်ဧရိယာ အတွင်း ခုလို မိုးကြိုးပစ်ခံရတာလို့ သူက ဆက်ပြောပါတယ်။

"ကျွန်တော်တို့ အခု ဒီကိစ္စကို ကူညီပေးနိုင်ဖို့ စာရင်းတွေတောင်းထားပါတယ်။ သေဆုံးတာကတော့ အမျိုးသမီးတွေချည်းပါပဲ။ စစ်သည်မိသားစုဝင်တွေပါ။ ကလေးက အသက် ငါးနှစ်အရွယ်ပါ။ ကျန်တဲ့အမျိုးသမီးတွေကတော့ အသက် ၃၀ ဝန်းကျင်တွေပါပဲ။ ကြားသိရသလောက်တော့ ဘောလုံးကန်တာကို ကြည့်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်" လို့ ဦးဥက္ကာမင်းကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိပြီး အမှတ် ၅ တပ်မတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
မိုးႀကိဳးပစ္ခံရလို႔ ၿမိတ္ေလတပ္စခန္းမွာ ငါးဦး ေသဆုံး

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ေလတပ္စခန္းအတြင္းကို မိုးႀကိဳးပစ္ခံရလို႔ အသက္ငါးႏွစ္အ႐ြယ္ ကေလးတစ္ဦးအပါအဝင္ ငါးဦးေသဆုံးသြားတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ဦးဥကၠာမင္းက ဘီဘီစီကိုအတည္ျပဳပါတယ္။

ဇြန္လ ၃ ရက္ ညေနပိုင္းက ၿမိတ္မွာမိုးသည္းထန္စြာ႐ြာသြန္းၿပီး မိုးႀကိဳးေတြပစ္တာေတြရွိခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္ဧရိယာ အတြင္း ခုလို မိုးႀကိဳးပစ္ခံရတာလို႔ သူက ဆက္ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ အခု ဒီကိစၥကို ကူညီေပးႏိုင္ဖို႔ စာရင္းေတြေတာင္းထားပါတယ္။ ေသဆုံးတာကေတာ့ အမ်ိဳးသမီးေတြခ်ည္းပါပဲ။ စစ္သည္မိသားစုဝင္ေတြပါ။ ကေလးက အသက္ ငါးႏွစ္အ႐ြယ္ပါ။ က်န္တဲ့အမ်ိဳးသမီးေတြကေတာ့ အသက္ ၃၀ ဝန္းက်င္ေတြပါပဲ။ ၾကားသိရသေလာက္ေတာ့ ေဘာလုံးကန္တာကို ၾကည့္ေနတုန္း ျဖစ္တယ္လို႔ သိရပါတယ္" လို႔ ဦးဥကၠာမင္းကေျပာပါတယ္။

ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕လည္း ရွိၿပီး အမွတ္ ၅ တပ္မေတာ္ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ေဒသတြင္းသတင္းေတြမွာေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52908548
မိုးကြိုးပစ်ခံရလို့ မြိတ်လေတပ်စခန်းမှာ ငါးဦး သေဆုံး မိုးကြိုးပစ်ခံရလို့ မြိတ်လေတပ်စခန်းမှာ ငါးဦး သေဆုံး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.