စစ်တွေမြို့နယ် အမြင့်ကျွန်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အဖွားအိုတစ်ဦးသေ၊ အမျိုးသမီး(၃)ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၁ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ယနေ့ နံနက် ညဉ့်အချိန် ဝး၂ဝ ခန့်တွင် မင်းချောင်း  တံတားအနီးမှ တပ်မတော်ရေယာဉ်တန်း ဖြတ်သန်းချိန်တွင် ပစ်ခတ်မှုဖြစ်၍ အဖွားအိုတစ်ဦးသေဆုံးပြီး အမျိုးသမီး(၃)ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက်(၉၀)ကျော်အရွယ် ဒေါ်ဂျော်ဂျီမဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၇ တန်းကျောင်းသူ မနန္ဒာဝင်း(၁၄)နှစ်၊ ဦးမောင်ကလိန်(၄၁)နှစ်၊ ဒေါ်မဆန်းရီ(၄၃)နှစ်နှင့် ဒေါ်မိုးနုစိန်(၆ဝ)နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူ မနန္ဒာဝင်း၏ အဒေါ်ဖြစ်သူ မအေးအေးခိုင်က “ မနေ့ညက မင်းချောင်းတံတားဖက်ကနေ ပေါက်သံနှစ်ချက်ကြားတယ်။ အစတုန်းကမိုးခြိမ်းတာထင်တာ။ နောက်မှ လက်နက်ငယ်တွေနဲ့ ပစ်သံတွေ ထပ်ထွက်လာတော့ အိမ်အောက်ကိုပြေးဆင်းကြတယ်။ သေတဲ့ အဖွားမှာက မိသားစုတွေ အိမ်အောက် ပြေးဆင်းတဲ့ အချိန်သူက နောက်ဆုံးက ကျန်ခဲ့တာမှာ အိမ်ကိုလက်နက်ကြီးကျလာပြီး ထိသွားတာ။ ဗိုက်နဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်။  နန္ဒာဝင်း ကတော့ ဝရံတာမှာ အိပ်နေတဲ့အချိန် သူငိုလို့ ကြည့်မှ ပုခုံးနားက လက်ပြန်ကြောမှာသွေးတွေထွက်နေတာ” ဟုပြောသည်။

သေဆုံးသူ ဒေါ်ဂျော်ဂျီမနာရေးကို ရွာသားများ ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း၊ ဒဏ်ရာရရှိသူများအနက် မနန္ဒာဝင်းတွင် ပုခုံးအထက်လက်ပြန်ကြော ကျည်စထိမှန်ဒဏ်ရာ၊ ဦးမောင်ကလိန်တွင် ဘယ်ဖက်နံကြား ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်မဆန်းရီတွင် ပါး၌ ရှပ်ထိဒဏ်ရာ၊ ဒေါ်မိုးနုစိန်တွင် နဖူးရှပ်ထိဒဏ်ရာတို့ ရရှိခဲ့ကြောင်း သူမ ဆက်ပြောသည်။

“မောင်ကလိန်မှာက သူအမျိုးတွေထဲမှာ စစ်သားတစ်ယောက်ရှိလို့ ညတွင်းပဲ ဆေးရုံခေါ်သွားကြတယ်။ အဲဒါတောင် မနက် ၃ နာရီကျော်မှ စစ်တွေမြို့ထဲကို ဝင်ခွင့်ရတယ်လို့ကြားတယ်။ နန္ဒာဝင်းကိုတော့ မနက် ၅ နာရီလောက်မှ ခေါ်သွားတယ်။ ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ ဒဏ်ရာမပြင်းလို့ ဒီမှာပဲ သူနာပြုနဲ့ ဆေးထည့်မယ်ပြောတယ် ”ဟု သူမက ဆက်ပြောသည်။

အမြင့်ကျွန်းကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက “ မနေ့ညက အမြင့်ကျွန်းရဲစခန်းဖက်က အရင် ပစ်ခတ်သံတွေကြားတယ်။ ခဏနတော့ ရွာအနီးမြစ်ထဲကဖြတ်နေတဲ့ နေဗီနှစ်စီးက လာပစ်တာ။ အိမ်တချို့ပျက်စီးသွားတယ် လေးငါးအိမ် လောက်ပါ။ ဒေါ်ဂျော်ဂျီမတို့အိမ်ကိုတော့ ကျွန်တော်သွားကြည့်သေးတယ်။ ခေါင်မိုးတွေပွင့်ထွက်သွားတယ်။ အပြန်အလှန်ပစ်ကြလားဆိုတာတော့မသိဘူး။ ညဆိုတော့ ပစ်သံလောက်ကြားပြီး အိမ်အောက်တွေမှာ ဝပ်နေကြရတာကို” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

စစ်တွေမြို့နယ် ရဲမှူးကြီးအောင်နိုင်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိသေးသဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပါ။

အိမ်စိုးဖြူ / Narinjara
------------------------------------------
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕နယ္ အျမင့္ကြၽန္ေက်း႐ြာတြင္ လက္နက္ႀကီးက်ည္က်၍ အဖြားအိုတစ္ဦးေသ၊ အမ်ိဳးသမီး(၃)ဦးအပါအဝင္ ၄ ဦး ဒဏ္ရာရ

နိရၪၥရာ၊ ဇြန္ ၁ဝ/၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္ အျမင့္ကြၽန္းေက်း႐ြာတြင္ ယေန႔ နံနက္ ညဥ့္အခ်ိန္ ဝး၂ဝ ခန႔္တြင္ မင္းေခ်ာင္း  တံတားအနီးမွ တပ္မေတာ္ေရယာဥ္တန္း ျဖတ္သန္းခ်ိန္တြင္ ပစ္ခတ္မႈျဖစ္၍ အဖြားအိုတစ္ဦးေသဆုံးၿပီး အမ်ိဳးသမီး(၃)ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူမွာ အသက္(၉၀)ေက်ာ္အ႐ြယ္ ေဒၚေဂ်ာ္ဂ်ီမျဖစ္ၿပီး ဒဏ္ရာရရွိသူမ်ားမွာ ၇ တန္းေက်ာင္းသူ မနႏၵာဝင္း(၁၄)ႏွစ္၊ ဦးေမာင္ကလိန္(၄၁)ႏွစ္၊ ေဒၚမဆန္းရီ(၄၃)ႏွစ္ႏွင့္ ေဒၚမိုးႏုစိန္(၆ဝ)ႏွစ္တို႔ ျဖစ္ၾကသည္။

ဒဏ္ရာရရွိသူ မနႏၵာဝင္း၏ အေဒၚျဖစ္သူ မေအးေအးခိုင္က “ မေန႔ညက မင္းေခ်ာင္းတံတားဖက္ကေန ေပါက္သံႏွစ္ခ်က္ၾကားတယ္။ အစတုန္းကမိုးၿခိမ္းတာထင္တာ။ ေနာက္မွ လက္နက္ငယ္ေတြနဲ႔ ပစ္သံေတြ ထပ္ထြက္လာေတာ့ အိမ္ေအာက္ကိုေျပးဆင္းၾကတယ္။ ေသတဲ့ အဖြားမွာက မိသားစုေတြ အိမ္ေအာက္ ေျပးဆင္းတဲ့ အခ်ိန္သူက ေနာက္ဆုံးက က်န္ခဲ့တာမွာ အိမ္ကိုလက္နက္ႀကီးက်လာၿပီး ထိသြားတာ။ ဗိုက္နဲ႔ ညာဘက္ေပါင္မွာ ဒဏ္ရာရတယ္။  နႏၵာဝင္း ကေတာ့ ဝရံတာမွာ အိပ္ေနတဲ့အခ်ိန္ သူငိုလို႔ ၾကည့္မွ ပုခုံးနားက လက္ျပန္ေၾကာမွာေသြးေတြထြက္ေနတာ” ဟုေျပာသည္။

ေသဆုံးသူ ေဒၚေဂ်ာ္ဂ်ီမနာေရးကို ႐ြာသားမ်ား ဝိုင္းဝန္းလုပ္ေဆာင္ေနၾကေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားအနက္ မနႏၵာဝင္းတြင္ ပုခုံးအထက္လက္ျပန္ေၾကာ က်ည္စထိမွန္ဒဏ္ရာ၊ ဦးေမာင္ကလိန္တြင္ ဘယ္ဖက္နံၾကား က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ေဒၚမဆန္းရီတြင္ ပါး၌ ရွပ္ထိဒဏ္ရာ၊ ေဒၚမိုးႏုစိန္တြင္ နဖူးရွပ္ထိဒဏ္ရာတို႔ ရရွိခဲ့ေၾကာင္း သူမ ဆက္ေျပာသည္။

“ေမာင္ကလိန္မွာက သူအမ်ိဳးေတြထဲမွာ စစ္သားတစ္ေယာက္ရွိလို႔ ညတြင္းပဲ ေဆး႐ုံေခၚသြားၾကတယ္။ အဲဒါေတာင္ မနက္ ၃ နာရီေက်ာ္မွ စစ္ေတြၿမိဳ႕ထဲကို ဝင္ခြင့္ရတယ္လို႔ၾကားတယ္။ နႏၵာဝင္းကိုေတာ့ မနက္ ၅ နာရီေလာက္မွ ေခၚသြားတယ္။ က်န္တဲ့ အမ်ိဳးသမီးႏွစ္ေယာက္ကေတာ့ ဒဏ္ရာမျပင္းလို႔ ဒီမွာပဲ သူနာျပဳနဲ႔ ေဆးထည့္မယ္ေျပာတယ္ ”ဟု သူမက ဆက္ေျပာသည္။

အျမင့္ကြၽန္းေက်း႐ြာမွ အမည္မေဖာ္လိုသူတစ္ဦးက “ မေန႔ညက အျမင့္ကြၽန္းရဲစခန္းဖက္က အရင္ ပစ္ခတ္သံေတြၾကားတယ္။ ခဏနေတာ့ ႐ြာအနီးျမစ္ထဲကျဖတ္ေနတဲ့ ေနဗီႏွစ္စီးက လာပစ္တာ။ အိမ္တခ်ိဳ႕ပ်က္စီးသြားတယ္ ေလးငါးအိမ္ ေလာက္ပါ။ ေဒၚေဂ်ာ္ဂ်ီမတို႔အိမ္ကိုေတာ့ ကြၽန္ေတာ္သြားၾကည့္ေသးတယ္။ ေခါင္မိုးေတြပြင့္ထြက္သြားတယ္။ အျပန္အလွန္ပစ္ၾကလားဆိုတာေတာ့မသိဘူး။ ညဆိုေတာ့ ပစ္သံေလာက္ၾကားၿပီး အိမ္ေအာက္ေတြမွာ ဝပ္ေနၾကရတာကို” ဟု ၎ကေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ သိရွိႏိုင္ရန္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းသို႔ ဆက္သြယ္ရာ ဖုန္းကိုင္ ေျဖဆိုျခင္း မရွိပါ။

စစ္ေတြၿမိဳ႕နယ္ ရဲမႉးႀကီးေအာင္ႏိုင္ဝင္းႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတို႔အား ဖုန္းျဖင့္ ဆက္သြယ္ေသာ္လည္း ဆက္သြယ္မႈမရရွိေသးသျဖင့္ ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး အေသးစိတ္ မသိရေသးပါ။

အိမ္စိုးျဖဴ / Narinjara
https://burmese.narinjara.com/news/detail/5ee0ac9a00c3371e71bc8e64
စစ်တွေမြို့နယ် အမြင့်ကျွန်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အဖွားအိုတစ်ဦးသေ၊ အမျိုးသမီး(၃)ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ စစ်တွေမြို့နယ် အမြင့်ကျွန်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အဖွားအိုတစ်ဦးသေ၊ အမျိုးသမီး(၃)ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.