ပုဏ္ဏားကျွန်းမြို့အနီး မိုင်းပေါက်ကွဲ၊ အရပ်သား သေဆုံး ထိခိုက်မှုရှိ

ဒဏ်ရာရရှိခဲ့သူ ဆိုင်ကယ်ကယ်ရီသမား ကို ပုဏ္ဏားကျွန်းဆေးရုံကနေ စစ်တွေ ဆေးရုံကြီးကို လွှဲပြောင်းထား
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ အနီးဆုံးနေရာတစ်ခုဖြစ်တဲ့ ရေဖြူကန်ကျေးရွာအနီး ကင်းချောင်း တံတားနားမှာ ဇွန်လ ၂ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ က ပြောပါတယ်။

"မိုင်းပေါက်ကွဲတာ ဟုတ်တယ်၊ နှစ်ချက်ပေါက်တယ်လို့ သိရတယ်၊ အဲ့ဒီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြတ်တာတော့ သိတယ်။ အရပ်သားတစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်" လို့ ပုဏ္ဏားကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဘီဘီစီကို အတည်ပြုပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကင်းချောင်းတံတားအနီးမှာ မိုင်းနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တပ်မတော်စစ်ကြောင်းကို အေအေဘက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်က တိုက်ပွဲတွေဟာ မြို့တွေ အနီးအနား အထိ ရောက်ရှိနေသလို အရပ်သား ထိခိုက်မှုတွေလည်း နေ့စဉ်လိုလို ရှိနေ
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ရန်ကုန်စစ်တွေကားလမ်း၊ ပုဏ္ဏားကျွန်း-ကွန်းတောင်လမ်းပိုင်း ၊ ပုဏ္ဏားကျွန်းမြို့ရဲ့ အနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းမပေါ်မှာ သွားလာနေတဲ့ အရပ်သားနှစ်ဦးကိုပါ ထိခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပုဏ္ဏား ကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ခဲ့သူနှစ်ဦးမှာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့နယ် နားဋောင်းကျကျေးရွာသား အသက် ၃၇ နှစ်အရွယ် ဦးဇော်မင်းဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ပုဏ္ဏားကျွန်းမြို့သစ်၊ ဂူဝကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးဝင်းနိုင်စိုး ဖြစ်တယ်လို့ သိရပါတယ်။

"မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်၊ ကျွန်တော်တို့ထမင်းစားနေတုန်းအချိန်မှာပါ၊ ပေါက်သံကြားတော့ အမြောက်တို့ လက်နက်ကြီးတို့ ပစ်တယ်ထင်တာ၊ နောက်ပိုင်းမှ သတင်းတွေကြားရတာက အဲ့ဒီ ကင်းချောင်းတံတားနားမှာ မိုင်းနှစ်လုံးကွဲတယ်လို့ သိရတယ်၊ အထိခိုက်တော့ရှိတယ်လို့သိရပါတယ်"လို့ ပုဏ္ဏားကျွန်းမြို့ခံ နောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီနှစ်ဦးတို့ဟာ ဆိုင်ကယ်နဲ့အတူစီးလာကြတာဖြစ်ပြီး ဦးဝင်းနိုင်စိုးမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်ကာ သူ့ရဲ့ဆိုင်ကယ်နဲ့ ဦးဇော်မင်းဦးကို ပုဏ္ဏားကျွန်း မြို့ကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ခရီးသည် ဦးဇော်မင်းဦး ကတော့ ဒဏ်ရာရပြီး မကြာခင်သေဆုံးသွားခဲ့ကြောင်း၊ ကယ်ရီသမား ဦးဝင်းနိုင်စိုး မှာ လက်မောင် မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံကို ရောက်ရှိခဲ့တဲ့ ဒေသခံ နောက်တစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဆိုသလိုရှိနေပါတယ်။
ပေါက်ကွဲမှုအတွင်း သေဆုံးသူနဲ့ ဒဏ်ရာရရှိခဲ့သူနှစ်ဦးစလုံးကို ပုဏ္ဏားကျွန်းဆေးရုံသို့ပို့ဆောင်ထားရှိပြီး ဒဏ်ရာရရှိခဲ့တဲ့ ဦးဝင်းနိုင်စိုး ကို စစ်တွေ ပြည်နယ် ဆေးရုံကြီးကို ထပ်ဆင့် လွှဲပြောင်းခဲ့လို့ ညနေပိုင်း ၃ နာရီ ဝန်းကျင်မှာ ပုဏ္ဏားကျွန်း က စတင် ထွက်ခွာ သွားနေပြီလို့ အဲဒီ ဒေသခံက ပြောပါတယ်။

ပေါက်ကွဲမှုအတွင်း အရပ်သားနှစ်ဦးအပြင် မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ တပ်မတော်စစ်ကြောင်းဘက်ကလည်း ထိခိုက်မှု တချို့ ရှိခဲ့တယ်လို့ ဒေသခံတွေ ကပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော် ဘက်ကို ဆက်သွယ်အတည်ပြုဖို့ ကြိုးစားနေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

" အရပ်သားထိခိုက်တာက မကောင်းဘူးပေါ့၊ ကျွန်တော်တို့အနေနဲ့တော့ ဒီလိုမျိုးမဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ပဲ ဖြစ်စေချင်တယ်"လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနက်ပိုင်းက ကွမ်းတောင်ကျေးရွာဘက်ကအလာ ကုဏ္ဏားကျွန်းမြို့ အဝင်လမ်းမှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ ပေါ်မှာ တပ်မတော်စစ်ကြောင်းတွေ ဇွန်လ ၁ ရက်နေ့က ရောက်ရှိနေပြီး မြို့တွင်းလှည့်လည်သွားလာနေတာတွေကို တွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ပုဏ္ဏားကျွန်းမြို့မှာ ဈေးဆိုင်တွေကို ပိတ်ထားကြပြီး မနက်ပိုင်းမှာတော့ ကားအသွားလာတွေလည်း ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားလာနေသလို တစ်နှစ်ကျော်အကြားတိုက်ပွဲဖြစ်စဉ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း ၁ သိန်း ၆ သောင်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ရင်ဆိုင်နေကြရသလို နေရပ်စွန့်ခွာနေရမှုတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတွေကြောင့် ရခိုင်ဒေသခံ တွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး နှစ်ဖက်အဖွဲ့အစည်းတွေအနနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
ပုဏၰားကြၽန္းၿမိဳ႕အနီး မိုင္းေပါက္ကြဲ၊ အရပ္သား ေသဆုံး ထိခိုက္မႈရွိ

ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္းေဒသ ပုဏၰားကြၽန္းၿမိဳ႕ေပၚနဲ႔ အနီးဆုံးေနရာတစ္ခုျဖစ္တဲ့ ေရျဖဴကန္ေက်း႐ြာအနီး ကင္းေခ်ာင္း တံတားနားမွာ ဇြန္လ ၂ ရက္ေန႔ မနက္ ၁၁ နာရီခြဲေလာက္က မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အရပ္သားထိခိုက္ ေသဆုံးမႈ ရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြနဲ႔ ေဒသခံေတြ က ေျပာပါတယ္။

"မိုင္းေပါက္ကြဲတာ ဟုတ္တယ္၊ ႏွစ္ခ်က္ေပါက္တယ္လို႔ သိရတယ္၊ အဲ့ဒီမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ျဖတ္တာေတာ့ သိတယ္။ အရပ္သားတစ္ေယာက္ ေသၿပီး တစ္ေယာက္ ဒဏ္ရာရတယ္" လို႔ ပုဏၰားကြၽန္း ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ဘီဘီစီကို အတည္ျပဳပါတယ္။

အဲ့ဒီေပါက္ကြဲမႈဟာ မနက္ပိုင္း ၁၁ နာရီခြဲေလာက္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကင္းေခ်ာင္းတံတားအနီးမွာ မိုင္းႏွစ္လုံး ဆက္တိုက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ တပ္မေတာ္စစ္ေၾကာင္းကို ေအေအဘက္ကေန တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာဟာ ရန္ကုန္စစ္ေတြကားလမ္း၊ ပုဏၰားကြၽန္း-ကြန္းေတာင္လမ္းပိုင္း ၊ ပုဏၰားကြၽန္းၿမိဳ႕ရဲ႕ အေနာက္ဘက္ ႏွစ္ဖာလုံခန႔္အကြာမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး လမ္းမေပၚမွာ သြားလာေနတဲ့ အရပ္သားႏွစ္ဦးကိုပါ ထိခိုက္ခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ပုဏၰား ကြၽန္းၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ထိခိုက္ခဲ့သူႏွစ္ဦးမွာ တစ္ဦးေသဆုံးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ကာ ေသဆုံးသူဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္ နားေဋာင္းက်ေက်း႐ြာသား အသက္ ၃၇ ႏွစ္အ႐ြယ္ ဦးေဇာ္မင္းဦးျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူမွာ ပုဏၰားကြၽန္းၿမိဳ႕သစ္၊ ဂူဝေက်း႐ြာက အသက္ ၄၂ ႏွစ္အ႐ြယ္ ဦးဝင္းႏိုင္စိုး ျဖစ္တယ္လို႔ သိရပါတယ္။

"မနက္ပိုင္း ၁၁ နာရီခြဲေလာက္မွာ ေပါက္ကြဲသံတစ္ခုၾကားလိုက္ရတယ္၊ ကြၽန္ေတာ္တို႔ထမင္းစားေနတုန္းအခ်ိန္မွာပါ၊ ေပါက္သံၾကားေတာ့ အေျမာက္တို႔ လက္နက္ႀကီးတို႔ ပစ္တယ္ထင္တာ၊ ေနာက္ပိုင္းမွ သတင္းေတြၾကားရတာက အဲ့ဒီ ကင္းေခ်ာင္းတံတားနားမွာ မိုင္းႏွစ္လုံးကြဲတယ္လို႔ သိရတယ္၊ အထိခိုက္ေတာ့ရွိတယ္လို႔သိရပါတယ္"လို႔ ပုဏၰားကြၽန္းၿမိဳ႕ခံ ေနာက္တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အဲ့ဒီႏွစ္ဦးတို႔ဟာ ဆိုင္ကယ္နဲ႔အတူစီးလာၾကတာျဖစ္ၿပီး ဦးဝင္းႏိုင္စိုးမွာ ဆိုင္ကယ္ကယ္ရီသမားျဖစ္ကာ သူ႔ရဲ႕ဆိုင္ကယ္နဲ႔ ဦးေဇာ္မင္းဦးကို ပုဏၰားကြၽန္း ၿမိဳ႕ကို လာေရာက္ပို႔ေဆာင္ခဲ့တာျဖစ္ေၾကာင္းနဲ႔ ခရီးသည္ ဦးေဇာ္မင္းဦး ကေတာ့ ဒဏ္ရာရၿပီး မၾကာခင္ေသဆုံးသြားခဲ့ေၾကာင္း၊ ကယ္ရီသမား ဦးဝင္းႏိုင္စိုး မွာ လက္ေမာင္ မိုင္းစ ထိမွန္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဆး႐ုံကို ေရာက္ရွိခဲ့တဲ့ ေဒသခံ ေနာက္တစ္ဦးကေျပာပါတယ္။

ေပါက္ကြဲမႈအတြင္း ေသဆုံးသူနဲ႔ ဒဏ္ရာရရွိခဲ့သူႏွစ္ဦးစလုံးကို ပုဏၰားကြၽန္းေဆး႐ုံသို႔ပို႔ေဆာင္ထားရွိၿပီး ဒဏ္ရာရရွိခဲ့တဲ့ ဦးဝင္းႏိုင္စိုး ကို စစ္ေတြ ျပည္နယ္ ေဆး႐ုံႀကီးကို ထပ္ဆင့္ လႊဲေျပာင္းခဲ့လို႔ ညေနပိုင္း ၃ နာရီ ဝန္းက်င္မွာ ပုဏၰားကြၽန္း က စတင္ ထြက္ခြာ သြားေနၿပီလို႔ အဲဒီ ေဒသခံက ေျပာပါတယ္။

ေပါက္ကြဲမႈအတြင္း အရပ္သားႏွစ္ဦးအျပင္ မိုင္းခြဲတိုက္ခိုက္ခံလိုက္ရတဲ့ တပ္မေတာ္စစ္ေၾကာင္းဘက္ကလည္း ထိခိုက္မႈ တခ်ိဳ႕ ရွိခဲ့တယ္လို႔ ေဒသခံေတြ ကေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ ဘက္ကို ဆက္သြယ္အတည္ျပဳဖို႔ ႀကိဳးစားေနေပမယ့္ အတည္ျပဳလို႔ မရေသးပါဘူး။

" အရပ္သားထိခိုက္တာက မေကာင္းဘူးေပါ့၊ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ ဒီလိုမ်ိဳးမျဖစ္ေစခ်င္ဘူး။ ေအးေအးခ်မ္းခ်မ္းနဲ႔ပဲ ျဖစ္ေစခ်င္တယ္"လို႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ေျပာပါတယ္။

အဲ့ဒီစစ္ေၾကာင္းဟာ မနက္ပိုင္းက ကြမ္းေတာင္ေက်း႐ြာဘက္ကအလာ ကုဏၰားကြၽန္းၿမိဳ႕ အဝင္လမ္းမွာ တိုက္ခိုက္ခံလိုက္ရတာျဖစ္ၿပီး ပုဏၰားကြၽန္းၿမိဳ႕ ေပၚမွာ တပ္မေတာ္စစ္ေၾကာင္းေတြ ဇြန္လ ၁ ရက္ေန႔က ေရာက္ရွိေနၿပီး ၿမိဳ႕တြင္းလွည့္လည္သြားလာေနတာေတြကို ေတြ႕ေနရတယ္လို႔ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ေတြအရ သိရပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့အတြက္ ပုဏၰားကြၽန္းၿမိဳ႕မွာ ေဈးဆိုင္ေတြကို ပိတ္ထားၾကၿပီး မနက္ပိုင္းမွာေတာ့ ကားအသြားလာေတြလည္း ရပ္တန႔္သြားခဲ့တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း ႏွစ္ဖက္တိုက္ခိုက္မႈေတြအတြင္း အရပ္သားထိခိုက္ေသဆုံးမႈေတြ မ်ားျပားလာေနသလို တစ္ႏွစ္ေက်ာ္အၾကားတိုက္ပြဲျဖစ္စဥ္အတြင္း ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရတဲ့ စစ္ေဘးဒုကၡသည္အေရအတြက္ဟာလည္း ၁ သိန္း ၆ ေသာင္းေက်ာ္အထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္ပြဲေတြအတြင္း အရပ္သားထိခိုက္ေသဆုံးမႈေတြနဲ႔ရင္ဆိုင္ေနၾကရသလို ေနရပ္စြန႔္ခြာေနရမႈေတြ၊ ေက်း႐ြာေတြ မီးရႈိ႕ဖ်က္ဆီးခံရေတြေၾကာင့္ ရခိုင္ေဒသခံ ေတြအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရၿပီး ႏွစ္ဖက္အဖြဲ႕အစည္းေတြအနနဲ႔ ၿငိမ္းခ်မ္းေရးကိစၥေတြကို ညႇိႏႈိင္းေဆာင္႐ြက္ၾကဖို႔လိုအပ္တယ္လို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52891371
ပုဏ္ဏားကျွန်းမြို့အနီး မိုင်းပေါက်ကွဲ၊ အရပ်သား သေဆုံး ထိခိုက်မှုရှိ ပုဏ္ဏားကျွန်းမြို့အနီး မိုင်းပေါက်ကွဲ၊ အရပ်သား သေဆုံး ထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.