အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပိုဆိုးလာနေ

အိန္ဒိယနိုင်ငံ ဂျမူးမြို့မှာ ရထားစီးမယ့် ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာနေတဲ့ မြင်ကွင်း။ (ဇွန် ၁၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း COVID-19 ရောဂါကူးစက်မှု အခြေအနေ ဆိုးလာတဲ့ အိန္ဒိယနိုင်ငံမှာ ဒီကနေ့ အများဆုံးဖြစ်ခဲ့ပြီး ၂၄ နာရီအတွင်း ရောဂါကူးစက်သူ ၁၁,၄၅၈ ဦး ရှိပါတယ်။ အခုဆိုရင် အိန္ဒိယမှာ ရောဂါကူးစက်မှု အတည်ပြုထားတာတင်ပဲ ၃ သိန်းကျော်သွားပါပြီ။

နိုင်ငံမှာ ပိုးကူးစက်မှု အများဆုံးဖြစ်တဲ့ Maharashtra ပြည်နယ်မှာတင် ရောဂါပိုးရှိသူ ၁ သိန်းကျော်သွားတာဖြစ်ပြီး မြို့တော် နယူးဒေလီမှာတော့ ပိုးကူးသူ ၂,၀၀၀ တိုးလာပါတယ်။

ဒီလို ပိုးကူးစက်မှု တိုးလာပေမယ့် လူနာတွေ ပြန်နေကောင်းလာတဲ့ အခြေအနေလည်း တိုးတက်မှုရှိပြီး လူနာ ၁၄၇,၀၀၀ ကျော် ပြန်နေကောင်းလာတယ်လို့ အစိုးရက သောကြာနေ့ကပဲ ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးမှုက အခုချိန်ထိဆို ၈,၉၀၀ နား ကပ်လာပြီဖြစ်ပါတယ်။

အိန္ဒိယမှာ ဈေးဆိုင်တွေ၊ ရှော့ပင်းစင်တာတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ပြန်ဖွင့်လှစ်လိုက်တဲ့ အချိန်မှာပဲ အခုလို ပိုးကူးစက်မှုတွေ မြင့်တက်လာတာပါ။

လက်ရှိအနေအထားမှာ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာမှာ စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံဖြစ်ပြီး သောကြာနေ့မှာပဲ ဗြိတိန်နိုင်ငံကို ကျော်တက်သွားတာ ဖြစ်ပါတယ်။

သူ့ရှေ့မှာတော့ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့က ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံးနိုင်ငံတွေအဖြစ် အစဉ်လိုက် ရှိနေပါတယ်။

ကမ္ဘာတဝန်းမှာ လူပေါင်း ၇.၆၆ သန်းကျော် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးခံရပြီးဖြစ်သလို သေဆုံးသူစုစုပေါင်း ၄ သိန်း ၂ သောင်းခွဲဝန်းကျင် ရှိသွားပါပြီ။

၂၀၁၉ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိကတည်းကဆို နိုင်ငံပေါင်း ၂၁၀ ကျော်မှာ ဒီပိုး ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ပိုဆိုးလာေန

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း COVID-19 ေရာဂါကူးစက္မႈ အေျခအေန ဆိုးလာတဲ့ အိႏၵိယႏိုင္ငံမွာ ဒီကေန႔ အမ်ားဆုံးျဖစ္ခဲ့ၿပီး ၂၄ နာရီအတြင္း ေရာဂါကူးစက္သူ ၁၁,၄၅၈ ဦး ရွိပါတယ္။ အခုဆိုရင္ အိႏၵိယမွာ ေရာဂါကူးစက္မႈ အတည္ျပဳထားတာတင္ပဲ ၃ သိန္းေက်ာ္သြားပါၿပီ။

ႏိုင္ငံမွာ ပိုးကူးစက္မႈ အမ်ားဆုံးျဖစ္တဲ့ Maharashtra ျပည္နယ္မွာတင္ ေရာဂါပိုးရွိသူ ၁ သိန္းေက်ာ္သြားတာျဖစ္ၿပီး ၿမိဳ႕ေတာ္ နယူးေဒလီမွာေတာ့ ပိုးကူးသူ ၂,၀၀၀ တိုးလာပါတယ္။

ဒီလို ပိုးကူးစက္မႈ တိုးလာေပမယ့္ လူနာေတြ ျပန္ေနေကာင္းလာတဲ့ အေျခအေနလည္း တိုးတက္မႈရွိၿပီး လူနာ ၁၄၇,၀၀၀ ေက်ာ္ ျပန္ေနေကာင္းလာတယ္လို႔ အစိုးရက ေသာၾကာေန႔ကပဲ ေျပာပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေသဆုံးမႈက အခုခ်ိန္ထိဆို ၈,၉၀၀ နား ကပ္လာၿပီျဖစ္ပါတယ္။

အိႏၵိယမွာ ေစ်းဆိုင္ေတြ၊ ေရွာ့ပင္းစင္တာေတြ၊ စက္႐ုံအလုပ္႐ုံေတြနဲ႔ ဘာသာေရးဆိုင္ရာ အေဆာက္အဦေတြ ျပန္ဖြင့္လွစ္လိုက္တဲ့ အခ်ိန္မွာပဲ အခုလို ပိုးကူးစက္မႈေတြ ျမင့္တက္လာတာပါ။

လက္ရွိအေနအထားမွာ အိႏၵိယႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ကမာၻမွာ စတုတၳေျမာက္ အဆိုးဆုံးႏိုင္ငံျဖစ္ၿပီး ေသာၾကာေန႔မွာပဲ ၿဗိတိန္ႏိုင္ငံကို ေက်ာ္တက္သြားတာ ျဖစ္ပါတယ္။

သူ႔ေရွ႕မွာေတာ့ အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွားႏိုင္ငံတို႔က ကမာၻမွာ ကိို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ အမ်ားဆုံးႏိုင္ငံေတြအျဖစ္ အစဥ္လိုက္ ရွိေနပါတယ္။

ကမာၻတဝန္းမွာ လူေပါင္း ၇.၆၆ သန္းေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးခံရၿပီးျဖစ္သလို ေသဆုံးသူစုစုေပါင္း ၄ သိန္း ၂ ေသာင္းခြဲဝန္းက်င္ ရွိသြားပါၿပီ။

၂၀၁၉ ဒီဇင္ဘာလမွာ တ႐ုတ္ႏိုင္ငံမွာ ေရာဂါပိုး စတင္ေတြ႕ရွိကတည္းကဆို ႏိုင္ငံေပါင္း ၂၁၀ ေက်ာ္မွာ ဒီပိုး ကူးစက္ပ်ံ႕ႏွံ႔ေနတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/india-covid19/5461367.html
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပိုဆိုးလာနေ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပိုဆိုးလာနေ Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.