မောင်နှမ နှစ်ဦး ကျုံးရေကန်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွား


(Unicode)⤵⤵⤵
 ဇွန်လ(၁၈)ရက်နေ့ နံနက် (၈)နာရီခွဲ အချိန်က တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကမာကလုပ်နယ်မြေရဲစခန်းအပိုင် ကွနှီးကျေးရွာ ကွင်းအမှတ်(၅၈၁)တွင် မောင်နှမ နှစ်ဦး ကျုံးရေကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာသို့ ကမာကလုပ်နယ်မြေ စခန်းမှူး ရဲအုပ်မျိုးကိုကိုနှင့်အဖွဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရာအိမ်မှူးများ သွားရောက် စစ်ဆေးခဲ့ရာ ကွင်းအမှတ်(၅၈၁)နေ ဖခင်ဖြစ်သူ ဦးအေးမင်းထွန်းသည် လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်နေစဥ် မိခင်ဖြစ်သူဒေါ်ဝေဝေမှ တဲတွင် ထမင်း ဟင်းချက်၍ အခြားလုပ်ငန်းများ လုပ်ကိုင်နေစဥ် သမီးဖြစ်သူ မစုသဒ္ဒါပို (၄) နှစ်ကျော်နှင့် သားဖြစ်သူ မောင်ထက်မြတ် (၂)နှစ်ကျော် တို့သည် လယ်တဲနေအိမ် (တဲ)အပြင်ဘက်၌ ဆော့ကစား၍ နေခဲ့ကြောင်း မိခင်ဖြစ်သူမှ သမီးနှင့်သားနှစ်ဦးအား မတွေ့မိ၍ လိုက်လံရှာဖွေရာမှ ၎င်းတို့တဲနှင့် ကိုက်(၁၅၀)အကွာ ဦးသန်းဝင်း လယ်တဲအနီး (အနံ×၂၄-ပေ)(အလျား×၆၀-ပေ) အနက်(၅)ပေခန့် ကျုံးရေကန်အတွင်း မှောက်လျှက်အနေအထားဖြင့် သေဆုံးတွေ့ရှိရကြောင်း သိရှိရသည်။

အဆိုပါကလေးငယ် (၂)ဦး ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မ တာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ကမာကလုပ်နယ်မြေရဲစခန်းမှ သေမှု/သေခင်း အမှတ်စဥ်(၁/၂၀၂၀)ဖြင့်ဖွင့် လှစ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

NoTwo Kyauktan
-----------------------------------------------
(Zawgyi)⤵⤵⤵
ေမာင္ႏွမ ႏွစ္ဦး က်ဳံးေရကန္အတြင္း ေရနစ္ေသဆုံးမႈျဖစ္ပြား

 ဇြန္လ(၁၈)ရက္ေန႔ နံနက္ (၈)နာရီခြဲ အခ်ိန္က ေတာင္ပိုင္းခ႐ိုင္ ေက်ာက္တန္းၿမိဳ႕နယ္ ကမာကလုပ္နယ္ေျမရဲစခန္းအပိုင္ ကြႏွီးေက်း႐ြာ ကြင္းအမွတ္(၅၈၁)တြင္ ေမာင္ႏွမ ႏွစ္ဦး က်ဳံးေရကန္အတြင္း ေရနစ္ေသဆုံးမႈ ျဖစ္ပြားခဲ့သည္။

အခင္းျဖစ္ေနရာသို႔ ကမာကလုပ္နယ္ေျမ စခန္းမႉး ရဲအုပ္မ်ိဳးကိုကိုႏွင့္အဖြဲ႕ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ရာအိမ္မႉးမ်ား သြားေရာက္ စစ္ေဆးခဲ့ရာ ကြင္းအမွတ္(၅၈၁)ေန ဖခင္ျဖစ္သူ ဦးေအးမင္းထြန္းသည္ လယ္ယာလုပ္ငန္းခြင္ လုပ္ကိုင္ေနစဥ္ မိခင္ျဖစ္သူေဒၚေဝေဝမွ တဲတြင္ ထမင္း ဟင္းခ်က္၍ အျခားလုပ္ငန္းမ်ား လုပ္ကိုင္ေနစဥ္ သမီးျဖစ္သူ မစုသဒၵါပို (၄) ႏွစ္ေက်ာ္ႏွင့္ သားျဖစ္သူ ေမာင္ထက္ျမတ္ (၂)ႏွစ္ေက်ာ္ တို႔သည္ လယ္တဲေနအိမ္ (တဲ)အျပင္ဘက္၌ ေဆာ့ကစား၍ ေနခဲ့ေၾကာင္း မိခင္ျဖစ္သူမွ သမီးႏွင့္သားႏွစ္ဦးအား မေတြ႕မိ၍ လိုက္လံရွာေဖြရာမွ ၎တို႔တဲႏွင့္ ကိုက္(၁၅၀)အကြာ ဦးသန္းဝင္း လယ္တဲအနီး (အနံ×၂၄-ေပ)(အလ်ား×၆၀-ေပ) အနက္(၅)ေပခန္႔ က်ဳံးေရကန္အတြင္း ေမွာက္လွ်က္အေနအထားျဖင့္ ေသဆုံးေတြ႕ရွိရေၾကာင္း သိရွိရသည္။

အဆိုပါကေလးငယ္ (၂)ဦး ေရနစ္ေသဆုံးမႈႏွင့္ ပတ္သက္၍ ဓမၼ တာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးေပးရန္ ေက်ာက္တန္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ၿပီး ကမာကလုပ္နယ္ေျမရဲစခန္းမွ ေသမႈ/ေသခင္း အမွတ္စဥ္(၁/၂၀၂၀)ျဖင့္ဖြင့္ လွစ္စစ္ေဆးေဆာင္႐ြက္လ်က္ ရွိေၾကာင္းသိရသည္။

NoTwo Kyauktan
https://www.facebook.com/notwo.kyauktan
မောင်နှမ နှစ်ဦး ကျုံးရေကန်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွား မောင်နှမ နှစ်ဦး ကျုံးရေကန်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.