စစ်မဲ့ဇုန်ကို စစ်တပ်လွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ကင်ဂျုံအွန်းအလွန်ခေါင်းဆောင်တစ်ယောက်အဖြစ် ကင်ရိဂျုံကိုပြောကြပါတယ်။
(Unicode)⤵⤵⤵
တောင်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်သတ်မှတ်ထားတဲ့နေရာကို မြောက်ကိုရီးယားဘက်က စစ်တပ်တွေ ဝင်ဖို့ အသင့်ပြင်ထားတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တောင်ကိုးရီးးယားဘက်က မြောက်ကိုရီးယားကို ဝါဒဖြန့်စာတွေပေးပို့တယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက် ခုလို အခြေအနေတွေဖြစ်လာတာပါ။

နှစ်နိုင်ငံကြားမှာ နယ်စပ်ဖြတ်ကျော်ပြီး ဝါဒဖြန့်မှုတွေကြောင့် တင်းမာမှုတွေက မြင့်တက်နေပါတယ်။

ဒီသတင်းပတ်ကုန်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမ ကင်ရိဂျုံက စစ်တပ်ကို ဒီကိစ္စအတွက် အဆင်သင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

စစ်တပ်အနေနဲ့ ရှေ့တန်းကို သူတို့ရဲ့ ခံတပ်အဖြစ် အသွင်းပြောင်းဖို့ အသင့်ဖြစ်နေသလို သတိဝိရိယရှိရှိနဲ့ နိုးနိုးကြားကြားဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း တာင်မြောက်နိုင်ငံအဖြစ် ခွဲခြားထားတဲ့ နယ်စပ်မျဉ်းတစ်လျှောက် ကြားခံဒေသတစ်ခုကို စစ်မဲ့ဇုန်လို့ သတ်မှတ်ခဲ့တာပါ။

တောင်ကိုးယားစစ်တပ်ကလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က စစ်အင်အားလျှော့ချထားတဲ့ ဒေသတွေကို စစ်တပ်စေလွှတ်ဖို့ လုပ်ငန်းစဉ်အတွက် လေ့လာနေတယ်လို့ ပြောကြားထားပါတယ်။

အစိုးရက ညွှန်ကြားချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ စစ်တပ်အနေနဲ့ အသင့်ပြင်ထားတယ်လို့လည်း ဆိုပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
စစ္မဲ့ဇုန္ကို စစ္တပ္လႊတ္မယ္လို႔ ေျမာက္ကိုရီးယားၿခိမ္းေျခာက္

ေတာင္ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံၾကား စစ္မဲ့ဇုန္သတ္မွတ္ထားတဲ့ေနရာကို ေျမာက္ကိုရီးယားဘက္က စစ္တပ္ေတြ ဝင္ဖို႔ အသင့္ျပင္ထားတယ္လို႔ ေျမာက္ကိုရီးယားက သတိေပးလိုက္ပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ေတာင္ကိုးရီးးယားဘက္က ေျမာက္ကိုရီးယားကို ဝါဒျဖန႔္စာေတြေပးပို႔တယ္ဆိုတဲ့သတင္းေတြ ထြက္လာၿပီးတဲ့ေနာက္ ခုလို အေျခအေနေတြျဖစ္လာတာပါ။

ႏွစ္ႏိုင္ငံၾကားမွာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ဝါဒျဖန႔္မႈေတြေၾကာင့္ တင္းမာမႈေတြက ျမင့္တက္ေနပါတယ္။

ဒီသတင္းပတ္ကုန္ပိုင္းမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းရဲ႕ ညီမ ကင္ရိဂ်ဳံက စစ္တပ္ကို ဒီကိစၥအတြက္ အဆင္သင့္ျပင္ဆင္ထားဖို႔ အမိန႔္ေပးခဲ့ပါတယ္။

စစ္တပ္အေနနဲ႔ ေရွ႕တန္းကို သူတို႔ရဲ႕ ခံတပ္အျဖစ္ အသြင္းေျပာင္းဖို႔ အသင့္ျဖစ္ေနသလို သတိဝိရိယရွိရွိနဲ႔ ႏိုးႏိုးၾကားၾကားျဖစ္ေအာင္ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

ကိုရီးယားစစ္ပြဲအၿပီး ၁၉၅၀ ျပည့္လြန္ႏွစ္ေတြအတြင္း တာင္ေျမာက္ႏိုင္ငံအျဖစ္ ခြဲျခားထားတဲ့ နယ္စပ္မ်ဥ္းတစ္ေလွ်ာက္ ၾကားခံေဒသတစ္ခုကို စစ္မဲ့ဇုန္လို႔ သတ္မွတ္ခဲ့တာပါ။

ေတာင္ကိုးယားစစ္တပ္ကလည္း ၿပီးခဲ့တဲ့အဂၤါေန႔က စစ္အင္အားေလွ်ာ့ခ်ထားတဲ့ ေဒသေတြကို စစ္တပ္ေစလႊတ္ဖို႔ လုပ္ငန္းစဥ္အတြက္ ေလ့လာေနတယ္လို႔ ေျပာၾကားထားပါတယ္။

အစိုးရက ၫႊန္ၾကားခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ဖို႔ စစ္တပ္အေနနဲ႔ အသင့္ျပင္ထားတယ္လို႔လည္း ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53059763
စစ်မဲ့ဇုန်ကို စစ်တပ်လွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက် စစ်မဲ့ဇုန်ကို စစ်တပ်လွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက် Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.