၇၃ကြိမ်မြောက်အာဇာနည်နေ့ အာဇာနည်ဗိမာန်တစ်နေရာကိုပဲအများပြည်သူဝင်ခွင့်ပြုမယ်

၇၁ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား

(Unicode)⤵⤵⤵လာမယ့်ဇူလိုင် ၁၉ ရက်နေ့မှာကျရောက်မယ့် ၇၃ ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်အချို့နဲ့အတူကျင်းပသွားဖို့စီစဉ်နေတယ် လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။

ဒီနှစ်အခြေအနေအရ အာဇာနည်ဗိမာန်တစ်နေရာတည်းကိုသာ အများပြည်သူကိုဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး အတွင်းဝန်ရုံးနဲ့ဗိုလ်ချုပ်ပြတိုက်ကိုတော့ပိတ်ထားဖို့ ယာယီဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

' ' ဒုသမ္မတ ၁ ရဲ့အစည်းအဝေးမှာ ပြည်သူကို ၁၀ ဦး တစ်ဖွဲ့စီ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်းခွင့်ပြုဖို့တော့စီစဉ်ထားပါတယ်။ တစ်ခြားနေရာတွေကိုတော့ အများပြည်သူလေ့လာခွင့်ကိုပိတ်ထားမယ်။ ဝင်ခွင့်မပြုပါဘူး။ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်ခြေတော့ရှိပါတယ်။''လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဦးသန်းက ဘီဘီစီကိုဇွန် ၂၁ ရက်ကပြောပါတယ်။
၂၀၁၈အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းအချို့
ဒါအပြင် အာဇာနည်ဗိမာန်ကိုအာဇာနည် ၁၉ ဦးရဲ့ မိသားစုဝင်အရေအတွက်ကို တစ်မိသားစုကို ၄ဦးနှုန်းနဲ့သာ လူဦးရေကန့်သတ်ပြီးတက်ရောက်ခွင့်ပြုဖို့ အကြမ်းဖျင်းလျာထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်အုန်းကဘီဘီစီကိုပြောထားပါတယ်။

' ' အတွင်းဝန်ရုံးက အလံတင်အခမ်းအနားကိုလည်း လူအရေအတွက်အကန့်အသတ်နဲ့ပဲလုပ်သွားမယ်။ အရင်နှစ်တွေကတော့ ကျောင်းသားတွေအယောက် ၂၀၀ လောက်ပါတယ်။ ဒီနှစ်တော့ ပါတော့မှာမဟုတ်ဘူး။ တိုင်းပြည်ပြည်ပြုလွှတ်တော်အစည်းအဝေးခမ်းမကိုလည်း ဒီနှစ်မှာတော့ပိတ်ထားမယ်။ ဗိုလ်ချုပ်ပြတိုက်နဲ့အတွင်းဝန်ရုံးကအစီအစဉ်တွေကိုတော့ မြန်မာ့အသံကနေ ပြသဖို့အမျိုးသားပြတိုက်ကနေစီစဉ်နေတယ်''လို့ ဦးစိန်အုန်းကပြောပြပါတယ်။

အာဇာနည်နေ့အထိမ်းအမှတ်နဲ့ပတ်သက်ပြီး နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ အာဇာနည်ခေါင်းဆောင်များအတွက်ရည်စူးဆွမ်းကပ်ပွဲကိုတော့ ရန်ကုန်မြို့တော်ခန်းမမှာဆက်ကျင်းပသွားဖို့ရှိပြီး လူစုလူဝေးမဖြစ်စေဖို့ လူအရေအတွက်အကန့်အသတ်နဲ့သာ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
၇၃ႀကိမ္ေျမာက္အာဇာနည္ေန႔ အာဇာနည္ဗိမာန္တစ္ေနရာကိုပဲအမ်ားျပည္သူဝင္ခြင့္ျပဳမယ္

လာမယ့္ဇူလိုင္ ၁၉ ရက္ေန႔မွာက်ေရာက္မယ့္ ၇၃ ႀကိမ္ေျမာက္အာဇာနည္ေန႔အခမ္းအနားကို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကန႔္သတ္ခ်က္အခ်ိဳ႕နဲ႔အတူက်င္းပသြားဖို႔စီစဥ္ေနတယ္ လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေနသိရပါတယ္။

ဒီႏွစ္အေျခအေနအရ အာဇာနည္ဗိမာန္တစ္ေနရာတည္းကိုသာ အမ်ားျပည္သူကိုဝင္ေရာက္ခြင့္ျပဳမွာျဖစ္ၿပီး အတြင္းဝန္႐ုံးနဲ႔ဗိုလ္ခ်ဳပ္ျပတိုက္ကိုေတာ့ပိတ္ထားဖို႔ ယာယီဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။

' ' ဒုသမၼတ ၁ ရဲ႕အစည္းအေဝးမွာ ျပည္သူကို ၁၀ ဦး တစ္ဖြဲ႕စီ က်န္းမာေရးဝန္ႀကီးဌာနကၫႊန္ၾကားထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြအတိုင္းခြင့္ျပဳဖို႔ေတာ့စီစဥ္ထားပါတယ္။ တစ္ျခားေနရာေတြကိုေတာ့ အမ်ားျပည္သူေလ့လာခြင့္ကိုပိတ္ထားမယ္။ ဝင္ခြင့္မျပဳပါဘူး။ အေျခအေနအခ်ိန္အခါေပၚမူတည္ၿပီးေတာ့ ေျပာင္းလဲႏိုင္ေျခေတာ့ရွိပါတယ္။''လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉးဦးသန္းက ဘီဘီစီကိုဇြန္ ၂၁ ရက္ကေျပာပါတယ္။

ဒါအျပင္ အာဇာနည္ဗိမာန္ကိုအာဇာနည္ ၁၉ ဦးရဲ႕ မိသားစုဝင္အေရအတြက္ကို တစ္မိသားစုကို ၄ဦးႏႈန္းနဲ႔သာ လူဦးေရကန႔္သတ္ၿပီးတက္ေရာက္ခြင့္ျပဳဖို႔ အၾကမ္းဖ်င္းလ်ာထားတယ္လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးေကာ္မတီဝင္ ဦးစိန္အုန္းကဘီဘီစီကိုေျပာထားပါတယ္။

' ' အတြင္းဝန္႐ုံးက အလံတင္အခမ္းအနားကိုလည္း လူအေရအတြက္အကန႔္အသတ္နဲ႔ပဲလုပ္သြားမယ္။ အရင္ႏွစ္ေတြကေတာ့ ေက်ာင္းသားေတြအေယာက္ ၂၀၀ ေလာက္ပါတယ္။ ဒီႏွစ္ေတာ့ ပါေတာ့မွာမဟုတ္ဘူး။ တိုင္းျပည္ျပည္ျပဳလႊတ္ေတာ္အစည္းအေဝးခမ္းမကိုလည္း ဒီႏွစ္မွာေတာ့ပိတ္ထားမယ္။ ဗိုလ္ခ်ဳပ္ျပတိုက္နဲ႔အတြင္းဝန္႐ုံးကအစီအစဥ္ေတြကိုေတာ့ ျမန္မာ့အသံကေန ျပသဖို႔အမ်ိဳးသားျပတိုက္ကေနစီစဥ္ေနတယ္''လို႔ ဦးစိန္အုန္းကေျပာျပပါတယ္။

အာဇာနည္ေန႔အထိမ္းအမွတ္နဲ႔ပတ္သက္ၿပီး ႏွစ္စဥ္ျပဳလုပ္ေလ့ရွိတဲ့ အာဇာနည္ေခါင္းေဆာင္မ်ားအတြက္ရည္စူးဆြမ္းကပ္ပြဲကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာဆက္က်င္းပသြားဖို႔ရွိၿပီး လူစုလူေဝးမျဖစ္ေစဖို႔ လူအေရအတြက္အကန႔္အသတ္နဲ႔သာ ျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53039784
၇၃ကြိမ်မြောက်အာဇာနည်နေ့ အာဇာနည်ဗိမာန်တစ်နေရာကိုပဲအများပြည်သူဝင်ခွင့်ပြုမယ် ၇၃ကြိမ်မြောက်အာဇာနည်နေ့ အာဇာနည်ဗိမာန်တစ်နေရာကိုပဲအများပြည်သူဝင်ခွင့်ပြုမယ် Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.