ကပ်ရောဂါအန္တရာယ် ဆက်သတိထားနေဖို့ မြန်မာတာဝန်ရှိသူတွေ တိုက်တွန်း

ရန်ကုန်မြို့ထဲရှိ လမ်းတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၂၅၊ ၂၀၂၀)
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အတည်ပြုလူနာ သိပ်မတွေ့ရတော့ပေမဲ့ ကပ်ရောဂါအန္တရာယ်ကို ဆက်လက် သတိထားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Myanmar State Counsellor Office - ဇွန် ၂၃၊ ၂၀၂၀)
COVID-19 ရောဂါကြောင့် သေဆုံးသူ ခြောက် ဦး အပါအဝင် ကူးစက်သူ ၃၀၀ လောက် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ နည်းပါးတာတွေ့ရပြီး၊ ဒီရက်ပိုင်းအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်လည်း အတည်ပြုလူနာတွေထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေ များပါတယ်။ ဒီလိုပြည်တွင်းမှာ ကူးစက်မှုတွေ သိပ်မတွေ့ရဘူး ဆိုပေမဲ့လည်း ကပ်ရောဂါကာလ အဆုံးမသတ်သေးတာကြောင့် သတိထားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက တိုက်တွန်းနေတာပါ။

ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့ ဒေသန္တရအမိန့်တွေ စတင်ထုတ်ပြန်ခါစမှာ လိုက်နာမှုတွေ အားကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ပေါ့လျော့လာကြတာ တွေ့ရတဲ့အတွက်လည်း ကျန်းမာရေးသတိရှိကြဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်က Facebook လူမှုကွန်ယက်ကနေ ဒီကနေ့ တွေ့ဆုံရာမှာ သတိပေးလိုက်ပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက နည်းနည်း စိတ်ပူလာတယ်။ ပြည်သူတွေကပေါ့လာတယ်ပေါ့နော်။ ပြည်သူတွေက မဖြစ်တော့ပါဘူး၊ သူတို့မဖြစ်တော့ပါဘူး၊ အခုလောက်ဆိုရင်တော့ ဒီအန္တရာယ်ကြီးကလွန်သွားပြီလို့ ထင်နေတယ်။ မလွန်သေးဘူးဆိုတာကို အဲဒါကိုသဘောပေါက်ဖို့ လိုပါတယ်။”

ကိုဗစ်ကပ်ရောဂါကို ကျော်ဖြတ်နိုင်ဖို့ ဆောင်ရန်ရှောင်ရန်အချက်တွေထဲက အခြေခံအကျဆုံး အချက်လေးချက်ကိုလည်း ပြည်သူတွေ ဆက်ပြီးလိုက်နာဖို့ကို ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက အခုလိုတိုက်တွန်းထားပါတယ်။

“ကိုဗစ်က မပြီးသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့က ကာကွယ်ဆေး မပေါ်မီကာလအတွင်း New Normal ဖြစ်တဲ့ ဒီအချက်လေးချက်ပေါ့ - အပြင်ထွက်ရင် Mask တပ်တာတို့၊ လူစုလူဝေးနေရာရှောင်ကြဉ်ပြီး တခြားသူတွေနဲ့တတ်နိုင်သမျှ နီးနီးကပ်ကပ်မနေတာ၊ လက်ကိုစက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ ဆေးတာပေါ့နော်။ ဒီအချက်တွေကို ကျနော်တို့က ကျန်းမာရေးအသိ သတိကိုထားပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာလျှင် ရောဂါကူးစက်မှုက ထိခိုက်မှုအနည်းဆုံးနဲ့ ကျနော်တို့ကကျော်ဖြတ်ပြီးတော့ ဒီကမ္ဘာပေါ်မှာ ကာကွယ်ဆေးတွေထိုးနှံနိုင်တဲ့အချိန်အထိ ကျနော်တို့အားလုံးလည်းအတူတကွ ထိုးနှံလို့ရပြီးတော့ ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။”

အတည်ပြုလူနာအများဆုံးတွေ့ရှိခဲ့တဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၀ ခုနဲ့ စစ်ကိုင်းတိုင်းကမြို့နယ် တစ် ခု။ စုစုပေါင်း မြို့နယ် ၁၁ ခုလုံးက ပြည်သူတွေကို မိမိနေအိမ်မှာသာ နေထိုင်ရေးအစီအစဉ် (Stay at Home) ကနေ ပယ်ဖျက်လိုက်ပါပြီ။ ဒါပေမဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
ကပ္ေရာဂါအႏၲရာယ္ ဆက္သတိထားေနဖို႔ ျမန္မာတာဝန္ရွိသူေတြ တိုက္တြန္း

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ အတည္ျပဳလူနာ သိပ္မေတြ႕ရေတာ့ေပမဲ့ ကပ္ေရာဂါအႏၲရာယ္ကို ဆက္လက္ သတိထားၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ က်န္းမာေရးတာဝန္ရွိသူေတြ တိုက္တြန္းေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ေျခာက္ ဦး အပါအဝင္ ကူးစက္သူ ၃၀၀ ေလာက္ ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ ျပည္တြင္းကူးစက္မႈေတြ နည္းပါးတာေတြ႕ရၿပီး၊ ဒီရက္ပိုင္းအတြင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရဆိုရင္လည္း အတည္ျပဳလူနာေတြထဲမွာ ျပည္ပႏိုင္ငံေတြက ျပန္လာသူေတြ မ်ားပါတယ္။ ဒီလိုျပည္တြင္းမွာ ကူးစက္မႈေတြ သိပ္မေတြ႕ရဘူး ဆိုေပမဲ့လည္း ကပ္ေရာဂါကာလ အဆုံးမသတ္ေသးတာေၾကာင့္ သတိထားၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက တိုက္တြန္းေနတာပါ။

ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ က်န္းမာေရးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြနဲ႔ ေဒသႏၲရအမိန႔္ေတြ စတင္ထုတ္ျပန္ခါစမွာ လိုက္နာမႈေတြ အားေကာင္းခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ေပါ့ေလ်ာ့လာၾကတာ ေတြ႕ရတဲ့အတြက္လည္း က်န္းမာေရးသတိရွိၾကဖို႔ အတိုင္ပင္ခံပုဂၢိဳလ္က Facebook လူမႈကြန္ယက္ကေန ဒီကေန႔ ေတြ႕ဆုံရာမွာ သတိေပးလိုက္ပါတယ္။

“က်န္းမာေရးဝန္ႀကီးဌာနက နည္းနည္း စိတ္ပူလာတယ္။ ျပည္သူေတြကေပါ့လာတယ္ေပါ့ေနာ္။ ျပည္သူေတြက မျဖစ္ေတာ့ပါဘူး၊ သူတို႔မျဖစ္ေတာ့ပါဘူး၊ အခုေလာက္ဆိုရင္ေတာ့ ဒီအႏၲရာယ္ႀကီးကလြန္သြားၿပီလို႔ ထင္ေနတယ္။ မလြန္ေသးဘူးဆိုတာကို အဲဒါကိုသေဘာေပါက္ဖို႔ လိုပါတယ္။”

ကိုဗစ္ကပ္ေရာဂါကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြထဲက အေျခခံအက်ဆုံး အခ်က္ေလးခ်က္ကိုလည္း ျပည္သူေတြ ဆက္ၿပီးလိုက္နာဖို႔ကို က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက အခုလိုတိုက္တြန္းထားပါတယ္။

“ကိုဗစ္က မၿပီးေသးပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ က်ေနာ္တို႔က ကာကြယ္ေဆး မေပၚမီကာလအတြင္း New Normal ျဖစ္တဲ့ ဒီအခ်က္ေလးခ်က္ေပါ့ - အျပင္ထြက္ရင္ Mask တပ္တာတို႔၊ လူစုလူေဝးေနရာေရွာင္ၾကဥ္ၿပီး တျခားသူေတြနဲ႔တတ္ႏိုင္သမွ် နီးနီးကပ္ကပ္မေနတာ၊ လက္ကိုစကၠန႔္ ၂၀ ၾကာ ဆပ္ျပာနဲ႔ ေဆးတာေပါ့ေနာ္။ ဒီအခ်က္ေတြကို က်ေနာ္တို႔က က်န္းမာေရးအသိ သတိကိုထားၿပီးေတာ့ ေဆာင္႐ြက္ဖို႔လိုပါတယ္။ ဒါမွသာလွ်င္ ေရာဂါကူးစက္မႈက ထိခိုက္မႈအနည္းဆုံးနဲ႔ က်ေနာ္တို႔ကေက်ာ္ျဖတ္ၿပီးေတာ့ ဒီကမာၻေပၚမွာ ကာကြယ္ေဆးေတြထိုးႏွံႏိုင္တဲ့အခ်ိန္အထိ က်ေနာ္တို႔အားလုံးလည္းအတူတကြ ထိုးႏွံလို႔ရၿပီးေတာ့ ဒီကပ္ေရာဂါႀကီးကို ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။”

အတည္ျပဳလူနာအမ်ားဆုံးေတြ႕ရွိခဲ့တဲ့ ရန္ကုန္တိုင္းက ၿမိဳ႕နယ္ ၁၀ ခုနဲ႔ စစ္ကိုင္းတိုင္းကၿမိဳ႕နယ္ တစ္ ခု။ စုစုေပါင္း ၿမိဳ႕နယ္ ၁၁ ခုလုံးက ျပည္သူေတြကို မိမိေနအိမ္မွာသာ ေနထိုင္ေရးအစီအစဥ္ (Stay at Home) ကေန ပယ္ဖ်က္လိုက္ပါၿပီ။ ဒါေပမဲ့ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးအတြက္ အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကိုေတာ့ ဇူလိုင္လ ၁၅ ရက္ေန႔အထိ ရက္တိုးသတ္မွတ္ထားပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid/5482959.html
ကပ်ရောဂါအန္တရာယ် ဆက်သတိထားနေဖို့ မြန်မာတာဝန်ရှိသူတွေ တိုက်တွန်း ကပ်ရောဂါအန္တရာယ် ဆက်သတိထားနေဖို့ မြန်မာတာဝန်ရှိသူတွေ တိုက်တွန်း Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.