လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့

Photo by လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
(Unicode)⤵⤵⤵
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မတ်ချီနူ ရွာ အနီးတွင် ပုတ်ပွနေသည့် အမျိုးသမီး ရုပ်အလောင်း (၂)လောင်းကို ယနေ့မနက်ပိုင်းက တွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီး အလောင်း ၂ လောင်း သည် လားရှိုးမြို့နယ် တာပုံကျေးရွာ အုပ်စု မတ်ချီနူ ရွာသွားလမ်းဘေးရှိခြုံတခုထဲတွင်း တွေ့ရှိကြောင်း၊ သေဆုံးသူများ၏အလောင်းမှာ ပုတ်ပွနေပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သေချာ မသိရှိရကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ နောက် အလောင်းက ပုတ်ပွပြီး နံနေတော့ ဒဏ်ရာရထားတာလားဆိုတာလည်း ကျနော်တို့ သေချာမသိရဘူး” ဟု စိုင်းဝသုန်ထွန်း က ပြောသည်။
Photo by လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
အမျိုးသမီး ၂ ဦး၏အလောင်းအား သွားရောက် သယ်ဆောင်ရသည့်လမ်းသည် မိုးရွာထားသဖြင့် သွားလာရလွန်စွာခက်ခဲကြောင်း၊ ရောက်ရှိသွားသည့် အချိန်တွင် အမျိုးသမီး ၂ဦး၏ ရုပ်အလောင်းသည် ညိုပုတ်ပျက်စီးနေကြောင်း၊ အသက်အရွယ်အရ အသက် ၄၀ကျော် နှင့် ၅၀ ဝန်းကျင်ခန့်ရှိကြကြောင်း၊ လက်ရှိမှာ လားရှိုးမြို့ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

ထို ပုတ်ပွနေသည့် အမျိုးသမီး ၂ဦးသည် ညဝတ်စုံ ဝမ်းဆက် ဝတ်ဆင်ထားပြီး၊ အမျိုးသမီး ၂ဦး လက်ကို နောက်ပြန်ကြိုးတုတ်ထားသည့် အနေအထားနှင့် ခြုံပုတ်ထဲသို့ စွန့်ပစ်ထားသည့် အလောင်းဖြစ်သည် ဟု သိရသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး မြို့နယ် အတွင်း ယခုရက်ပိုင်းလုယက်မှုများမကြာခဏဖြစ်ပွားကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
---------------------------------------------
(Zawgyi)⤵⤵⤵
လားရႈိးၿမိဳ႕နယ္ အတြင္း ပုတ္ပြေနသည့္ အမ်ိဳးသမီးအေလာင္း ၂ ေလာင္းေတြ႕

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ မတ္ခ်ီႏူ ႐ြာ အနီးတြင္ ပုတ္ပြေနသည့္ အမ်ိဳးသမီး ႐ုပ္အေလာင္း (၂)ေလာင္းကို ယေန႔မနက္ပိုင္းက ေတြ႕ရွိေၾကာင္း စုံစမ္းသိရသည္။

အဆိုပါ အမ်ိဳးသမီး အေလာင္း ၂ ေလာင္း သည္ လားရႈိးၿမိဳ႕နယ္ တာပုံေက်း႐ြာ အုပ္စု မတ္ခ်ီႏူ ႐ြာသြားလမ္းေဘးရွိၿခဳံတခုထဲတြင္း ေတြ႕ရွိေၾကာင္း၊ ေသဆုံးသူမ်ား၏အေလာင္းမွာ ပုတ္ပြေနၿပီျဖစ္သျဖင့္ မည္သူမည္ဝါျဖစ္ေၾကာင္း ေသခ်ာ မသိရွိရေၾကာင္း လားရႈိးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႕မွ စိုင္းဝသုန္ထြန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

“ ဘာေၾကာင့္ အသတ္ခံရတယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးဘူး။ ေနာက္ အေလာင္းက ပုတ္ပြၿပီး နံေနေတာ့ ဒဏ္ရာရထားတာလားဆိုတာလည္း က်ေနာ္တို႔ ေသခ်ာမသိရဘူး” ဟု စိုင္းဝသုန္ထြန္း က ေျပာသည္။

အမ်ိဳးသမီး ၂ ဦး၏အေလာင္းအား သြားေရာက္ သယ္ေဆာင္ရသည့္လမ္းသည္ မိုး႐ြာထားသျဖင့္ သြားလာရလြန္စြာခက္ခဲေၾကာင္း၊ ေရာက္ရွိသြားသည့္ အခ်ိန္တြင္ အမ်ိဳးသမီး ၂ဦး၏ ႐ုပ္အေလာင္းသည္ ညိဳပုတ္ပ်က္စီးေနေၾကာင္း၊ အသက္အ႐ြယ္အရ အသက္ ၄၀ေက်ာ္ ႏွင့္ ၅၀ ဝန္းက်င္ခန႔္ရွိၾကေၾကာင္း၊ လက္ရွိမွာ လားရႈိးၿမိဳ႕ ရင္ခြဲ႐ုံကို ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ထို ပုတ္ပြေနသည့္ အမ်ိဳးသမီး ၂ဦးသည္ ညဝတ္စုံ ဝမ္းဆက္ ဝတ္ဆင္ထားၿပီး၊ အမ်ိဳးသမီး ၂ဦး လက္ကို ေနာက္ျပန္ႀကိဳးတုတ္ထားသည့္ အေနအထားႏွင့္ ၿခဳံပုတ္ထဲသို႔ စြန႔္ပစ္ထားသည့္ အေလာင္းျဖစ္သည္ ဟု သိရသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိး ၿမိဳ႕နယ္ အတြင္း ယခုရက္ပိုင္းလုယက္မႈမ်ားမၾကာခဏျဖစ္ပြားေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17122
လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.