ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတထရမ့် အမိန့်ထုတ်မည်


(Unicode)⤵⤵⤵
အမေရိကန်သမ္မတ Donald Trump က နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှုရှိရေးနဲ့ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဘက်က မျှမျှတတ ဆောင်ရွက်တာမျိုး၊ အန္တရာယ်ကင်းတဲ့ နည်းလမ်းအတိုင်း လုပ်ကိုင်တာမျိုး လိုလားတယ်လို့ ပြောပါတယ်။

ဒါဟာ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရေး ကိစ္စရပ်တွေဖြစ်ပါတယ်လို့လည်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ သမ္မတအမိန့်နဲ့ ပတ်သက်လို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို သမ္မတက အိမ်ဖြူတော်မှာ တနင်္လာနေ့က ဖြေကြားသွားတာပါ။

အမေရိကန်ရဲတပ်ဖွဲ့ အတွင်း ပြုပြင်ပြောင်းလဲရေး တချို့လုပ်ဖို့ ညွှန်ကြားမယ့် သမ္မတ အမိန့် ဒီကနေ့အင်္ဂါနေ့မှာ သမ္မတ Donald Trump လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။ သမ္မတအမိန့်မှာ ရဲတပ်ဖွဲ့အတွက် ပိုပြီးရင်းနှီးမြှုပ်နှံဖို့နဲ့ အကောင်းဆုံး ဆောင်ရွက်နိုင်တဲ့ ရဲအရာရှိတွေကို ဆုချတာမျိုးတွေ ပါဝင်လိမ့်မယ်လို့လည်း အစိုးရအဆင့်မြင့် အရာရှိတဦးက မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

အခြေအနေ တင်းမာမလာအောင် ထိန်းတဲ့ နည်းလမ်းတွေနဲ့ အင်အားသုံးရမယ့် စံသတ်မှတ်ချက်တွေကို လိုက်နာဖို့ ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးမယ့် အဖွဲ့အစည်းတွေ ထူထောင်ဖို့လည်း အဓိကအချက်တခုအနေနဲ့ ပါဝင်မယ်လို့ သမ္မတ အမိန့်နဲ့ ပတ်သက်ပြီး တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စိတ်ကျန်းမာရေး ပြဿနာ၊ ဒါမှမဟုတ် မူးယစ်ဆေးစွဲနေသူတွေလို အကြမ်းဖက်လုပ်ရပ်မဟုတ်တဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရင်းရတဲ့အခါမျိုးမှာ လူမှုဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတာမျိုးလည်း ပါဝင်မှာပါ။

အမေရိကန်ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကွန်ဂရက် လွှတ်တော်မှာလည်း ပြင်ဆင်နေပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆာင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် တရားရေးကော်မတီမှာ ဒီကနေ့ ကြားနာရာမှာတော့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေ ထွက်ဆိုကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------
(Zawgyi)⤵⤵⤵
ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရး သမၼတထရမ့္ အမိန႔္ထုတ္မည္

အေမရိကန္သမၼတ Donald Trump က ႏိုင္ငံတြင္း တရားဥပေဒ စိုးမိုးမႈရွိေရးနဲ႔ ဥပေဒစိုးမိုးေရး တာဝန္ရွိသူေတြဘက္က မွ်မွ်တတ ေဆာင္႐ြက္တာမ်ိဳး၊ အႏၲရာယ္ကင္းတဲ့ နည္းလမ္းအတိုင္း လုပ္ကိုင္တာမ်ိဳး လိုလားတယ္လို႔ ေျပာပါတယ္။

ဒါဟာ တရားဥပေဒစိုးမိုးေရး၊ တရားမွ်တမႈရွိေရး ကိစၥရပ္ေတြျဖစ္ပါတယ္လို႔လည္း ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရးနဲ႔ သမၼတအမိန႔္နဲ႔ ပတ္သက္လို႔ သတင္းေထာက္ရဲ႕ ေမးျမန္းခ်က္ကို သမၼတက အိမ္ျဖဴေတာ္မွာ တနလၤာေန႔က ေျဖၾကားသြားတာပါ။

အေမရိကန္ရဲတပ္ဖြဲ႕ အတြင္း ျပဳျပင္ေျပာင္းလဲေရး တခ်ိဳ႕လုပ္ဖို႔ ၫႊန္ၾကားမယ့္ သမၼတ အမိန႔္ ဒီကေန႔အဂၤါေန႔မွာ သမၼတ Donald Trump လက္မွတ္ေရးထိုးဖို႔ စီစဥ္ထားပါတယ္။ သမၼတအမိန႔္မွာ ရဲတပ္ဖြဲ႕အတြက္ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံဖို႔နဲ႔ အေကာင္းဆုံး ေဆာင္႐ြက္ႏိုင္တဲ့ ရဲအရာရွိေတြကို ဆုခ်တာမ်ိဳးေတြ ပါဝင္လိမ့္မယ္လို႔လည္း အစိုးရအဆင့္ျမင့္ အရာရွိတဦးက မေန႔တုန္းကပဲ ေျပာဆိုခဲ့တာပါ။

အေျခအေန တင္းမာမလာေအာင္ ထိန္းတဲ့ နည္းလမ္းေတြနဲ႔ အင္အားသုံးရမယ့္ စံသတ္မွတ္ခ်က္ေတြကို လိုက္နာဖို႔ ရဲတပ္ဖြဲ႕ကို ေလ့က်င့္ေပးမယ့္ အဖြဲ႕အစည္းေတြ ထူေထာင္ဖို႔လည္း အဓိကအခ်က္တခုအေနနဲ႔ ပါဝင္မယ္လို႔ သမၼတ အမိန႔္နဲ႔ ပတ္သက္ၿပီး တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

စိတ္က်န္းမာေရး ျပႆနာ၊ ဒါမွမဟုတ္ မူးယစ္ေဆးစြဲေနသူေတြလို အၾကမ္းဖက္လုပ္ရပ္မဟုတ္တဲ့ ကိစၥေတြကို ကိုင္တြယ္ ေျဖရင္းရတဲ့အခါမ်ိဳးမွာ လူမႈဝန္ထမ္းေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔ တိုက္တြန္းတာမ်ိဳးလည္း ပါဝင္မွာပါ။

အေမရိကန္ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရး လုပ္ဖို႔ ကြန္ဂရက္ လႊတ္ေတာ္မွာလည္း ျပင္ဆင္ေနပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ငန္းဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အထက္လႊတ္ေတာ္ တရားေရးေကာ္မတီမွာ ဒီကေန႔ ၾကားနာရာမွာေတာ့ တရားဥပေဒစိုးမိုးေရး တာဝန္ရွိသူေတြနဲ႔ ႏိုင္ငံသားအခြင့္အေရးဆိုင္ရာ တာဝန္ရွိသူေတြ ထြက္ဆိုၾကမွာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protest-trump/5464747.html
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတထရမ့် အမိန့်ထုတ်မည် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတထရမ့် အမိန့်ထုတ်မည် Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.