မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား (၃၀)ဦးကိုဖမ်းဆီး


(Unicode)⤵⤵⤵
မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသား အယောက်(၃၀)နဲ့ အတူ မြန်မာအမျိုးသမီး တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မရမ်းကုန်း မြို့နယ် အုပ်ချူပ်ရေးမှူး ဦးထွန်းချစ်ကပြောပါတယ်။

ဒီကနေ့ ဇွန်(၂၄)ရက် ညနေပိုင်းက မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ အထက်ဗဟို လမ်းရှိ မုဒိတာအိမ်ရာဝင်း အတွင်း တိုက်(A)၊ (B) နဲ့ (C)တွေမှာ နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်တဲ့ စုစုပေါင်း အခန်း (၄၃)ခန်းကို သက်ဆိုင်ရာ ထွေအုပ်၊ ရဲတပ်ဖွဲ့ နဲ့ လဝက ပါတဲ့ ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခဲ့သူတွေဟာ ဗီဇာသက်တမ်းလွန် နေထိုင်သူတွေ၊ ဥပဒေနဲ့အညီ Form C တိုင်ကြားတာမရှိဘဲ နေထိုင်သူတွေ ဖြစ်တယ်လို့ ဦးထွန်းချစ်က ပြောပါတယ်။ “ အားလုံး လူပေါင်း (၁၀၀) နဲ့ မုဒိတာအိမ်ရာကို ဝင်စစ်တာပေါ့။ အဓိကတော့ Form C တိုင်ခြင်း ရှိမရှိ ဗီဇာသက်တမ်း ရှိမရှိကို ဝင်ရောက်စစ်ဆေးတာပေါ့။ စစ်ဆေးတဲ့အခါမှာ နိုင်ငံခြားသားက (၃၀) ဦး နဲ့ အမျိုးသမီးတစ်ယောက်က မြန်မာနိုင်ငံသားပေါ့။ တရားဝင် မနေထိုင်တဲ့ Form C တိုင်ဖို့ ပျက်ကွက်တဲ့ လူတွေ တွေ့ရတယ်။ ဗီဇာသက်တမ်းလွန် တဲ့သူတွေလည်း တွေ့ရတယ်။ အားလုံးက မခိုင်မာတဲ့အတွက် ဘုရင့်နောင်ရဲစခန်းမှာ ခေါ်ပြီး စစ်ဆေးနေပါတယ် ” လို့ ဦးထွန်းချစ်က ဆိုပါတယ်။

အခုဖမ်းဆီးခဲ့ရသူအများစုဟာ နိုင်ဂျီးရီးယား နဲ့ ဂါနာနိုင်ငံသားတွေဖြစ်ပြီး မြန်မာအမျိုး သမီးကတော့ နိုင်ငံခြားသား အမျိုးသားတွေနဲ့အတူ တွေ့ရှိတာဖြစ်တယ်လို့ ဦးထွန်းချစ် က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ် လောက်ကတည်းက နေထိုင်သူတွေ ဖြစ်ပြီး ပြည်တွင်းဘောလုံးပွဲတွေမှာ အငှားနဲ့ လာရောက်ကစားနေသူတွေ၊ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေလည်း ပါဝင်တယ်လို့ ဦးထွန်းချစ်က ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှာ လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ဦးထွန်းချစ်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်(၄)ရက်ကလည်း မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား (၇)ယောက်ကို အရေးယူမှု ပြုလုပ်ထားခဲ့တာပါ။

သတင်း-ဝေယံထက်ဝင်း၊ ဓာတ်ပုံ- min nyo / One News Myanmar
-----------------------------------------

(Zawgyi)⤵⤵⤵
မုဒိတာအိမ္ရာဝင္းအတြင္း တရားမဝင္ေနထိုင္သည့္ ႏိုင္ငံျခားသား (၃၀)ဦးကိုဖမ္းဆီး

မုဒိတာအိမ္ရာဝင္းအတြင္း တရားမဝင္ေနထိုင္ေနတဲ့ ႏိုင္ငံျခားသား အေယာက္(၃၀)နဲ႔ အတူ ျမန္မာအမ်ိဳးသမီး တစ္ေယာက္ကို ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ မရမ္းကုန္း ၿမိဳ႕နယ္ အုပ္ခ်ဴပ္ေရးမႉး ဦးထြန္းခ်စ္ကေျပာပါတယ္။

ဒီကေန႔ ဇြန္(၂၄)ရက္ ညေနပိုင္းက မရမ္းကုန္းၿမိဳ႕နယ္၊ (၂) ရပ္ကြက္၊ အထက္ဗဟို လမ္းရွိ မုဒိတာအိမ္ရာဝင္း အတြင္း တိုက္(A)၊ (B) နဲ႔ (C)ေတြမွာ ႏိုင္ငံျခားသားေတြ ငွားရမ္းေနထိုင္တဲ့ စုစုေပါင္း အခန္း (၄၃)ခန္းကို သက္ဆိုင္ရာ ေထြအုပ္၊ ရဲတပ္ဖြဲ႕ နဲ႔ လဝက ပါတဲ့ ပူးေပါင္းအဖြဲ႕က ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးခဲ့သူေတြဟာ ဗီဇာသက္တမ္းလြန္ ေနထိုင္သူေတြ၊ ဥပေဒနဲ႔အညီ Form C တိုင္ၾကားတာမရွိဘဲ ေနထိုင္သူေတြ ျဖစ္တယ္လို႔ ဦးထြန္းခ်စ္က ေျပာပါတယ္။ “ အားလုံး လူေပါင္း (၁၀၀) နဲ႔ မုဒိတာအိမ္ရာကို ဝင္စစ္တာေပါ့။ အဓိကေတာ့ Form C တိုင္ျခင္း ရွိမရွိ ဗီဇာသက္တမ္း ရွိမရွိကို ဝင္ေရာက္စစ္ေဆးတာေပါ့။ စစ္ေဆးတဲ့အခါမွာ ႏိုင္ငံျခားသားက (၃၀) ဦး နဲ႔ အမ်ိဳးသမီးတစ္ေယာက္က ျမန္မာႏိုင္ငံသားေပါ့။ တရားဝင္ မေနထိုင္တဲ့ Form C တိုင္ဖို႔ ပ်က္ကြက္တဲ့ လူေတြ ေတြ႕ရတယ္။ ဗီဇာသက္တမ္းလြန္ တဲ့သူေတြလည္း ေတြ႕ရတယ္။ အားလုံးက မခိုင္မာတဲ့အတြက္ ဘုရင့္ေနာင္ရဲစခန္းမွာ ေခၚၿပီး စစ္ေဆးေနပါတယ္ ” လို႔ ဦးထြန္းခ်စ္က ဆိုပါတယ္။

အခုဖမ္းဆီးခဲ့ရသူအမ်ားစုဟာ ႏိုင္ဂ်ီးရီးယား နဲ႔ ဂါနာႏိုင္ငံသားေတြျဖစ္ၿပီး ျမန္မာအမ်ိဳး သမီးကေတာ့ ႏိုင္ငံျခားသား အမ်ိဳးသားေတြနဲ႔အတူ ေတြ႕ရွိတာျဖစ္တယ္လို႔ ဦးထြန္းခ်စ္ က ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ ႏိုင္ငံျခားသားေတြဟာ လြန္ခဲ့တဲ့ ငါးႏွစ္၊ ေျခာက္ႏွစ္ ေလာက္ကတည္းက ေနထိုင္သူေတြ ျဖစ္ၿပီး ျပည္တြင္းေဘာလုံးပြဲေတြမွာ အငွားနဲ႔ လာေရာက္ကစားေနသူေတြ၊ ဆက္သြယ္ေရးလုပ္ငန္းလုပ္ကိုင္ေနသူေတြနဲ႔ စီးပြားေရး လုပ္ငန္းလုပ္ကိုင္သူေတြလည္း ပါဝင္တယ္လို႔ ဦးထြန္းခ်စ္က ေျပာပါတယ္။

ဖမ္းဆီးထားသူေတြကို မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမရဲစခန္းမွာ လဝက အက္ဥပေဒနဲ႔ အမႈဖြင့္ အေရးယူသြားမယ္လို႔ ဦးထြန္းခ်စ္ကဆိုပါတယ္။ ၿပီးခဲ့တဲ့ ဇြန္(၄)ရက္ကလည္း မုဒိတာအိမ္ရာဝင္းအတြင္း တရားမဝင္ေနထိုင္တဲ့ ႏိုင္ငံျခားသား (၇)ေယာက္ကို အေရးယူမႈ ျပဳလုပ္ထားခဲ့တာပါ။

သတင္း-ေဝယံထက္ဝင္း၊ ဓာတ္ပုံ- min nyo / One News Myanmar
https://www.facebook.com/onenewsmyan
မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား (၃၀)ဦးကိုဖမ်းဆီး မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား (၃၀)ဦးကိုဖမ်းဆီး Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.